Caicedo25 ကို စိတ်ဝင်စားနေသေးတဲ့ အာဆင်နယ်။

ဘရိုက်တန် ကွင်းလယ်လူ Moises Caicedo25 [ ကိုက် ဆယ်ဒို ] ကို ခေါ် ယူဖို့ စိတ်ဝင်စားနေသေးတဲ့ အာဆင်နယ် အသင်း။
Caicedo25 [ မွိုက်စ် ကိုက်ဆယ်ဒို ] ကို ခေါ် ယူဖို့ အာဆင်နယ် အသင်းဘက် အရင်ကတည်းက ချိတ်ဆက်ခဲ့ပေမယ့် မအောင်မြင်ခဲ့ဘဲ အခုချိန်ထိလည်း စိတ်ဝင်စားလျက်ရှိကာ သူ့အတွက် ကြီးမားတဲ့ ပြောင်းရွှေ့ကြေး တောင်းဆိုမှုအသစ်ကို ပြောကြားခဲ့ပါတယ်။
အာဆင်နယ် အသင်းဟာ ဘရိုက်တန် ကွင်းလယ် ကစားသမားကို ခေါ်ယူရန် အတွက် သူတို့ရဲ့ ကလပ် စံချိန်ကို ချိုးဖျက်ဖို့ လိုအပ်ကြောင်း ပြောကြားခဲ့ပေမယ့် အခု နွေရာသီမှာ Caicedo25 [ မွိုက်စ် ကိုက်ဆယ်ဒို ] ကို ခေါ်ယူရန် စိတ်ဝင်စားနေဆဲ ဖြစ်ပါတယ်။
1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့
Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။
လုပ်ခ လစာ တိုးမြှင့် လက်ခံ ရရှိဖို့ မျှော်လင့်နေတဲ့ ဘရိုက်တန် ကွင်းလယ်လူ Caicedo25 [ မွိုက်စ် ကိုက်ဆယ်ဒို ]။
ကိုက်ဆယ်ဒိုဟာ ဂန်းနားများအတွက် ကာလရှည် ပစ်မှတ်ဖြစ်ပြီး ဇန်နဝါရီတွင် ခေါ်ယူရန် ချဉ်းကပ်မှု မအောင်မြင်ခဲ့သော်လည်း အသက် ၂၁ နှစ် အရွယ် ကွင်းလယ်လူဟာ ဘရိုက်တန်အသင်း နဲ့ ၂၀၂၇ ခုနှစ်အထိ စာချုပ်သစ် ချုပ်ဆိုခဲ့ပါတယ်။
ကိုက် ဆယ်ဒို ရဲ့ စာချုပ်သစ်တွင် ထုတ်ပြန်သည့် ပုဒ်မများ မပါရှိသော်လည်း ကမ်းလှမ်းမှုသည် Brighton ရဲ့ တောင်းဆိုချက် တန်ဖိုး နဲ့ ကိုက်ညီပါက အီကွေဒေါ ကစားသမား ရဲ့ ထွက်ခွာခြင်းကို ကန့်ကွက်မှာ မဟုတ်ပါဘူး။

ကိုက်ဆယ်ဒိုဟာ ကမ္ဘာ့ဖလားမှာလည်း ခြေစွမ်းကောင်းခဲ့ပါတယ်။
ဘရိုက်တန်အသင်းဟာ ဇန်နဝါရီမှာ Caicedo25 [ ကိုက်ဆယ်ဒို ] ကို ပေါင် သန်း ၉၀ နဲ့ တန်ကြေး သတ်မှတ်ခဲ့ပြီး သူ့ရဲ့ စာချုပ်သစ် ချုပ်ဆိုပြီးနောက် အခုအခါ ပိုမို အားကောင်းလာကာ တစ်ပတ်လုပ်ခ ပေါင် ၆၀,၀၀၀ ဝန်းကျင် ရရှိနေတယ်လို့ သိရပါတယ်။
မွိုက်စ် ကိုက်ဆယ်ဒိုဟာ ၂၀၂၁ ခုနှစ်တွင် အီကွေဒေါလိဂ် ကလပ်အသင်းမှ ပေါင် ၄.၅ သန်းနဲ့ ပြောင်းရွှေ့လာပြီးနောက် ဘရိုက်တန်ရဲ့ ဝင်ငွေ အနည်းဆုံး ကစားသမားများထဲမှ တစ်ဦး ဖြစ်ခဲ့ပါတယ်။
သူ့ အနေနဲ့ ကြီးမားတဲ့ လုပ်ခလစာ တိုးမြှင့် ရရှိရန်အတွက် ဇန်နဝါရီ အပြောင်းအရွှေ့တုန်းက လက်ရှိအသင်းထက် ပိုမိုကြီးမားတဲ့ အသင်းဆီ ပြောင်းရွှေ့လိုကြောင်း လူသိရှင်ကြား ထုတ်ဖော် ပြောကြားခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ Caicedo25 [ မွိုက်စ် ကိုက်ဆယ်ဒို ] အတွက် အကြိတ်အနယ် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Football Insider ရဲ့ ဖော်ပြချက်အရ ကိုက်ဆယ်ဒိုဟာ ဖြစ်နိုင်ခြေ အမြင့်ဆုံးအဆင့်မှာ ကစားလိုတာကြောင့် နွေရာသီမှာ ထိပ်တန်း ကလပ်တစ်ခုဆီ ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေပါသေးတယ်။
သို့ပေမယ့်လည်း သူ့ကို စိတ်ဝင်စားသည့် အသင်းတိုင်းသည် ဇန်နဝါရီတွင် ဘရိုက်တန်တောင်းဆိုသည့် အလားတူ အခကြေးငွေကို ကိုးကားမည်ဖြစ်ကြောင်း Football Insider က ဖော်ပြခဲ့ပါတယ်။

အာတေတာက ကိုက်ဆယ်ဒိုနဲ့ ဒီကလန်ရိုက်စ်တိုကို စိတ်ဝင်စားနေပါတယ်။
အာ ဆင်နယ် အသင်းဘက်က အခု နွေရာသီမှာ ဗဟို ကွင်းလယ်ကစားသမား နှစ်ဦးအတွက် စျေးကွက်တွင်ရှိမည်ဟု ယုံကြည်ရပြီး Moises Caicedo [ မွိုက်စ် ကိုက်ဆယ်ဒို ] ကတော့ အဓိက ပစ်မှတ်ပါပဲ။
ဘရိုက် တန် ကွင်းလယ် ကစားသမား နဲ့အတူ ဝက်စ်ဟမ်း အသင်းခေါင်းဆောင် ဒီကလန် ရိုက်စ်ကလည်း သူတို့ရဲ့ ပစ်မှတ် စာရင်းထဲမှာ ထိပ်ဆုံးကနေ ပါဝင်မယ်လို့ ယုံကြည်ရပါတယ်။
ဘရိုက်တန်အသင်းအတွက် အရေးပါတဲ့ မွိုက်စ် ကိုက်ဆယ်ဒို။
ကွင်းလယ်တိုက်စစ် လန်ဒရို ထရိုဆာ့ဒ် ဟာ ဇန်နဝါရီလတွင် အမ်းမရိတ်စ်သို့ ပြောင်းရွှေ့ကြေး ပေါင် ၂၇ သန်း နဲ့ ပြောင်းရွှေ့ခဲ့ပြီးနောက် ဂန်းနားများသည် ဘရိုက်တန် ရဲ့ ကြယ်ပွင့် ကစားသမားတစ်ဦးကို ခေါ်ယူထားပြီး ဖြစ်ပါတယ်။

ဘရိုက်တန်ရဲ့ အရေးပါတဲ့ ကစားသမား ကိုက်ဆယ်ဒို။
ဂန်းနားတို့ဟာ ကိုက်ဆယ်ဒို အတွက် စျေးသက်သာသော သဘောတူညီချက်ကို ညှိနှိုင်းရန် ကြိုးပမ်းနေချိန်တွင် ၎င်း၏ တောင်းဆိုမှုစျေးနှုန်းသည် Mikel Arteta ၏ အသင်းအား ထင်တာထက် စျေးလျော့သွားနိုင်တာကြောင့် ချဲလ်ဆီးနှင့် လီဗာပူးတို့ကလည်း စိတ်ဝင်စားနေကြပါပြီ။
ကိုက်ဆယ်ဒိုဟာ အခု ရာသီ ဘရိုက်တန် အသင်း ရဲ့ အဓိက အစိတ်အပိုင်း တစ်ခု ဖြစ်ခဲ့ပြီး ၂၆ ပွဲကစားကာ ၁ ဂိုးသွင်း၊ ၁ ဂိုး ဖန်တီးကာ ၂၀၂၂ ကမ္ဘာ့ဖလား ပြိုင်ပွဲအတွင်းတုန်းကလည်း အီကွေဒေါအသင်းအတွက် အထင်ကြီးစရာကောင်းခဲ့ပါတယ်။
စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က
အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။