Pedro Neto အတွက် ပြောင်းရွှေ့ ကြေး။

Pedro Neto is wanted by Arsenal and Liverpool WS
February 14, 2024

ဝုဗ်စ်ရဲ့ ပေါ် တူဂီ တောင်ပံ ကစားသမား Pedro Neto [ ပယ်ဒရို နက်တို ] အတွက် ပြောင်းရွှေ့ ကြေး။

Pedro Neto [ ပယ်ဒရို နက်တို ] ကို ခေါ် ယူဖို့ ဝူဗာဟမ်တန် အသင်းက သတ်မှတ်ထားတဲ့ ပြောင်း‌ရွှေ့ ကြေး ကို အာဆင်နယ် နဲ့ လီဗာပူးလ်တို့ က အခြေအနေ စောင့်ကြည့်နေပါတယ်။

ဝူဗာဟမ်တန် အသင်းဟာ သူ့ တို့ ရဲ့ ကြယ်ပွင့် တောင်ပံကစားသမား Pedro Neto [ ပယ်ဒရို နက်တို ]  နဲ့  ပတ်သက်လို့ ပြင်းထန် လေးနက်တဲ့ ကမ်းလှမ်းမှု တစ်ခု အတွက် ပြင်ဆင်နေကြောင်း သိရှိရပါတယ်။

👇 1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့ 👇

Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။

ပက်ဒရို နက်တို ကို ‌ပြောင်းရွှေ့ကြေး မြင့်မားစွာ နဲ့ ရောင်းချချင်နေတာပါ။

အာဆင်နယ်၊ လီဗာပူးနဲ့ မန်စီးတီး တို့ စိတ်ဝင်စားနေတဲ့ကြားက နွေရာသီမှာ သူ့ ရဲ့ ထွက်ခွာမှုကို မလွဲမသွေ လက်ခံခဲ့တယ်လို့ ကလပ် နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေက ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

အာဆင်နယ် အသင်းဟာ သူတို့ ရဲ့ အသင်း ဖွဲ့စည်းပုံ အားကောင်းစေဖို့ ဝက်စ်ဟမ်း ကွင်းလယ်လူ ဒီကလန် ရိုက်စ် ကို ပြောင်းရွှေ့ ကြေး အမြောက်အမြား နဲ့ ခေါ် ယူခဲ့ပါတယ်။

Pedro Neto and Garry O'nel

ဂယ်ရီ အိုနေးက နက်တို ဆီက ပြောင်းရွှေ့ကြေး ကြီးကြီးမားမား လိုချင်တာပါ။

ထိုနည်းအတူ ဝူဗာဟမ်တန် နည်းပြ ဂယ်ရီ အိုနေးလ် ဟာ ပြီးခဲ့တဲ့ နွေရာသီမှာ ဝက်စ်ဟမ်း ရဲ့ အောင်မြင်တဲ့ ပုံစံကို အတုယူဖို့ စိတ်အား ထက်သန်နေ ကြောင်း သိရှိရပါတယ်။

ဝုဗ် စ် အသင်း ရဲ့ Pedro Neto [ ပယ်ဒရို နက်တို ] အတွက် ခန့်မှန်း ပြောင်းရွှေ့ ကြေး။

Wolves အသင်းဟာ Pedro Neto [ ပယ်ဒရို နက်တို ] ရဲ့ ပြောင်းရွှေ့ ကြေး အတွက် အမြင့်ဆုံး တန်ဖိုးကို ရယူဖို့ ဆုံးဖြတ်ထားပြီး သိသာ ထင်ရှားတဲ့ ကမ်း လှမ်းမှု တစ်ခုခု ကို စောင့်ကြည့်နေပါတယ်။

တောင်ပံ ကစားသမား ကို ပရီမီယားလိဂ် ရဲ့ ထိပ်တန်း ကလပ် အချို့ မှ  စိတ်ဝင်စားမှု ပမာဏ အရ ဝုဗ်စ် အသင်း ဘက်က  ခန့်မှန်းခြေ ယူရို ၉၃ သန်း တောင်းခံမယ် လို့ ပြောကြားထားပါတယ်။

Pedro Neto against Man City

နက်တိုကို အာဆင်နယ် နဲ့ မန်စီးတီးတို့က ခေါ် ချင်နေပါတယ်။

တစ်ချိန်တည်းမှာပဲ မန်စီးတီးက နက်တို ကို ဘာနာဒို ဆေးလ်ဗား နေရာ ဖြစ်နိုင်ခြေ အစားထိုး ဒါမှမဟုတ် ဖီးလ် ဖိုဒန်ကို လာမယ့် ရာသီအတွက် ဗဟို ကွင်းလယ်နေရာ ပြောင်းကစားဖို့ တွန်းအားပေးသူ အဖြစ် သတ်မှတ်ထားပါတယ်။

လက်ရှိ ပရီးမီးယားလိဂ် ချန်ပီယံ အသင်းဟာ Pedro Neto [ ပယ်ဒရို နက်တို ] အတွက် နွေရာသီမှာ သတ်မှတ်ထား စိတ်ဝင်စားဖွယ် လေလံ စစ်ပွဲမှာ အဓိက အသင်း ဖြစ်လာဖွယ် ရှိနေပါတယ်။

ပေါ်တူဂီ ကြယ်ပွင့် Pedro Neto [ ပယ်ဒရို နက်တို ] ကို ဘယ်ကလပ်တွေက သဘောကျလဲ?။

အရင် သိခဲ့တဲ့ အတိုင်း အာဆင်နယ် အသင်းဟာ ပယ်ဒရို နက်တို ကို ကာလရှည် စိတ်ဝင်တစား စောင့်ကြည့်ကာ နွေရာသီ အပြောင်းအရွှေ့ အတွက် အဓိက ပစ်မှတ် အဖြစ် သတ်မှတ်ခဲ့ပါတယ်။

ဂန်းနားတွေဟာ သူတို့ ရဲ့ တိုက်စစ် ရွေးချယ်မှုတွေ ကို အားကောင်းလာစေဖို့ မျှော်လင့်နေပြီး အရည်အချင်း ရှိတဲ့ တောင်ပံ ကစားသမားကို အမ်းမရိတ်စ် ကွင်းဆီ ခေါ်ဆောင်သွားဖို့ အားလုံးက ပြင်ဆင်နေကြပါတယ်။

Pedro Neto against Liverpool

ဆာလာ အစားထိုးအဖြစ် နက်တို ကို လီဗာပူးလ်တို့ ခေါ် ချင်နေပါတယ်။

တစ်ဖက်မှာလည်း လီဗာပူးလ် အသင်းက နက်တို ကို စိတ်ဝင်စားနေပြီး မိုဟာမက် ဆာလက် ရဲ့ ရေရှည် အနာဂတ် နဲ့ ပတ်သက်လို့ မရေရာမှုတွေ ရှိ နေပြီး အထူးသဖြင့် ရာသီကုန် မှာ အသင်း ကနေ ထွက်ခွာမယ် လို့ ယာဂင်ကလော့ပ်ကလည်း ကြေညာထားပါတယ်။

လီဗာပူး လ် တို့ အနေနဲ့ အသင်း နဲ့ အနာဂတ် မသေချာ ဖြစ်နေတဲ့ အီဂျစ်သား မို ဆာလာ နေရာ ဆက်ခံမယ့် ကစားသမားတစ်ဦး လိုအပ်နေပါတယ်။

စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က

အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

Leave A Comment