Arsen Zakharyan [ အာဆန် ဇာခါရ်ယန် ] ရဲ့ ချဲလ်ဆီးနဲ့ အပြောင်းအရွှေ့။
လူငယ်ကွင်းလယ်လူ Arsen Zakharyan [ ဇာခါရ်ယန် ] ရဲ့ ချဲလ်ဆီးအသင်းနဲ့ အပြောင်းအရွှေ့
Arsen Zakharyan [ ဇာခါရ်ယန် ] ဟာ လက်ရှိ ရုရှားကလပ် ဒိုင်နမို မော်စကိုအသင်းမှာ ခြေစွမ်းကောင်းတွေ ပြသနေတဲ့ ကွင်းလယ် လူငယ် ကစားသမားတစ်ဦး ဖြစ်ပါတယ်။
ချဲလ်ဆီးအသင်းရဲ့ ပစ်မှတ် အာဆန် ဇာခါရ်ယန်ဟာ စတန်းဖို့ဒ် ဘရစ်ချ်ဆီ အနာဂတ် အပြောင်းအရွှေ့ကို အတည်ပြုခဲ့ပြီး ဖြစ်ကြောင်း ရုရှား သတင်း မီဒီယာများနဲ့ ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။
အသက် ၁၉ နှစ်အရွယ် ကစားသမားဟာ လက်ရှိ ဒိုင်နမို မော်စကိုအသင်းအတွက် အထင်ကြီးစရာကောင်းပြီး သူ့ကို ခေါ် ယူဖို့ ဥရောပ အသင်းတချို့က စိတ်ဝင်စားနေခဲ့ကြပါတယ်။ ချဲလ်ဆီးအသင်းဟာ ရုရှားကစားသမားကို စတန်းဖို့ဒ် ဘရစ်ချ်ဆီ ခေါ် ဆောင်ဖို့ ယှဥ်ပြိုင်မှုမှာ အနိုင်ရရှိခဲ့ပေမယ့် အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး ရှုပ်ထွေးမှုတွေ များစွာ ရှိနေခဲ့ပါတယ်။
1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့
Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။
[ ဇာခါရ်ယန် ] Arsen Zakharyan အတွက် လန်ဒန်အသင်းရဲ့ ကမ်းလှမ်းမှု ရရှိခဲ့ပါတယ်။
ဒိုင်နမို မော်စကိုအသင်းဟာ သူတို့ရဲ့ လူငယ် ကွင်းလယ်ကစားသမားကို ဇာခါရ်ယန်အတွက် ချဲလ်ဆီးအသင်းဆီကနေ ကမ်းလှမ်းမှုကို လက်ခံရရှိထားကြောင်း အတည်ပြုခဲ့ပါတယ်။ အဲ့ဒီ ကမ်းလှမ်းမှုကို ဩဂုတ်လ ၂၅ ရက်က ပေးပို့ခဲ့တာ ဖြစ်ပြီး ချဲလ်ဆီးအသင်းကလည်း အဆိုပါ လူငယ် ကစားသမားကို ဝယ်ယူဖို့ စိတ်ဝင်စားမှုကို ပြသလိုကြောင်း သိရှိရပါတယ်။
ဒါပေမယ့်လည်း နည်းပညာပိုင်းဆိုင်ရာ အကြောင်းပြချက် အများအပြားကြောင့် ရုရှားကလပ်အသင်းက အပြောင်းအရွှေ့ သဘောတူညီမှု မရရှိနိုင်ကြောင်း အတည်ပြုခဲ့ပါတယ်။ သူတို့ဟာ အနာဂတ်မှာ ရွှေ့ဆိုင်းဖို့ ငြင်းဆိုခဲ့ပြီး ကစားသမားရဲ့ ရုရှား နိုင်ငံသားဖြစ်မှုနဲ့ ပတ်သက်ပြီး ပြဿတွေဟာ အပြောင်းအရွှေ့ ပျက်သွားရတဲ့ အကြောင်းအရင်းဖြစ်တယ်လို့ ယုံကြည်ရပါတယ်။
ဒိုင်နမိုမော်စကိုအသင်းဟာ အပြောင်းအရွှေ့ကို ဖျက်သိမ်းဖို့ ကိစ္စနဲ့ ပတ်သက်ပြီး ငြင်းဆန်ထားတာကြောင့် ကစားသမားနဲ့ လန်ဒန်အသင်းရဲ့ အပြောင်းအရွှေ့ သဘောတူညီမှုတစ်ခုကတော့ ဖြစ်ပေါ်လာနိုင်ပါသေးတယ်။
ကွင်းလယ်လူ Arsen Zakharyan [ ဇာခါရ်ယန် ] က အခုအချိန်မှာတော့ ချဲလ်ဆီးအသင်းဆီ အနာဂတ် အပြောင်းအရွှေ့အတွက် အရိပ်အမြွက်အနေနဲ့ ရုရှား အားကစားမီဒီယာ Sports.ru ကို ပြောဆိုခဲ့ပါတယ်။
လန်ဒန်အသင်းကို ပြောင်းရွှေ့ဖို့ သူ့ရဲ့ နိုင်ငံသားဖြစ်ခွင့်ကိုပါ ပြောင်းဖို့ စဥ်းစားထားသလားလို့ မေးတဲ့အခါ
သူက “ဒါက စကားပြောရုံပါပဲ။ အဲဒီအပေါ်မှာ ကျွန်တော် မှတ်ချက်မပေးနိုင်ပါဘူး။ ကျွန်တော် ဘာမှလုပ်ဖို့ မရည်ရွယ်ပါဘူး။ ကျွန်တော် ဟိုမှာ သွားကစားမယ်။ ဒီလောက်ပါပဲ။ ပြောင်းရွှေ့ဖို့ အလားအလာကတော့ ဒါက အလပ်အတွက် မေးခွန်းထုတ်စရာပါ။ ” လို့ ပြောသွားခဲ့ပါတယ်။
“ကျွန်တော်တို့ ကလပ်အသင်းနဲ့ အရာအားလုံးကို ညှိနှိုင်းဆောင်ရွက်သွားမှာပါ။ ဒီအပေါ်မှာ ကျွန်တော် မှတ်ချက်မပေးနိုင်ပါဘူး။ ချဲလ်ဆီးအနေနဲ့ ကျွန်တော့်ကို အပြောင်းအရွှေ့ လုပ်သင့်ပါတယ်။ အားလုံး အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်။ ဆောင်းရာသီမှာ ဖြစ်နိုင်တယ်။ ” လို့ ဇန်န၀ါရီအပြောင်းအရွှေ့မှာ ပြောင်းချင်တဲ့ ဆန္ဒကို ဝန်ခံခဲ့ပါတယ်။
ဒါ့အပြင် ခါချာထရန့်နဲ့ စကားပြောရာမှာ ၁၉ နှစ်အရွယ် ကစားသမားက သူ့အနေနဲ့ ချဲလ်ဆီးအသင်းဆီကနေ ကမ်းလှမ်းတစ်ခု ရရှိခဲ့ပြီး အဲ့ဒီမှာ သူ လက်ခံခဲ့ကြောင်းကိုလည်း ဝန်ခံခဲ့တယ်လို့ ဆိုပါတယ်။
လူငယ်ကွင်းလယ်ကစားသမား Arsen Zakharyan [ ဇာခါရ်ယန် ] က
“ကမ်းလှမ်းမှုတစ်ခု ရှိခဲ့ပေမယ့် အပြောင်းအရွှေ့ကို အပြီးသတ်ဖို့ မဖြစ်နိုင်ခဲ့ပါဘူး။ ကျွန်တော့်အနေနဲ့ ဒီကမ်းလှမ်းမှုကို ဘယ်လို ငြင်းနိုင်မလဲ။ ဟုတ်ပါတယ်။ ကျွန်တော် လက်ခံခဲ့ပါတယ်။ ”
“ ဖာဘရီဇီယို ရိုမန်နိုက ကျွန်တော့်ဆီ ချဲလ်ဆီးအသင်းကို ဘယ်တော့ပြောင်းမလဲဆိုပြီး မက်ဆေ့ချ် ပို့ခဲ့ပါတယ်။ ကျွန်တော်ကတော့ မသိဘူး။ စောင့်နေတုန်းပဲ။ ” လို့ ဖြေကြားခဲ့ကြောင်း ထပ်မံပြောကြားခဲ့ပါတယ်။
“ ဟုတ်ပါတယ်။ အင်္ဂလန် ပရီးမီးယားလိဂ်က ရုရှား ပရီးမီးယားလိဂ်ထက် အများကြီး ပိုမြင့်ပါတယ်။ ဒါပေမယ့် အရာအားလုံးက ဖြစ်နိုင်တယ်။ အဲဒီမှာ အလုပ်ဖြစ်ရင်တော့ ကျွန်တော် အမြဲတမ်း ကစားဖို့ အဆင်သင့်ပါပဲ။ ” လို့ ဆက်လက် ပြောကြားခဲ့ပါတယ်။
အာဆန်ဇာခါရ်ယန် အင်တာဗျူးတစ်ခု အမေးအဖြေပြုလုပ်နေတုန်း သူ့ရဲ့ ဒိုင်နမို မော်စကို အသင်းဖော် ဖျောဒါးရ် စမောလာ့ဖ်က ” ချဲလ်ဆီး၊ ချဲလ်ဆီး၊ ချဲလ်ဆီး … ” ဆိုပြီး ရီရီမောမော ရေရွတ်ကာ အနားကနေ ဖြတ်လျှောက်ပြီး အပြောင်းအရွှေ့နဲ့ ပတ်သက်တဲ့ နောက်ဆုံး အရိပ်အမြွက် ထွက်ပေါ်လာစေခဲ့ပါတယ်။
ဇာခါရ်ယန်ဟာ ပြီးခဲ့တဲ့ ရာသီတုန်းက ဒိုင်နမိုမော်စကိုအသင်းအတွက် ပြိုင်ပွဲစုံ ၃၄ ပွဲမှာ ၁၈ ဂိုး သွင်းယူထားပြီး အခုရာသီ ရုရှား ပရီးမီးယားလိဂ်မှာ ခုနစ်ပွဲကစားပြီး ၃ ဂိုး ပါဝင်ပတ်သက်မှု ရှိနေပါတယ်။
စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က
အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။