Amad Diallo ယူနိုက်တက်ဆီ ပြန်မလာတော့ဘူး။

Amad Diallo will stay at Sunderland on loan until the end of the campaign
January 23, 2023

ဆန်းဒါးလန်း တိုက်စစ်မှူး Amad Diallo [ အာမတ် ဒီယာလို ] က ယူနိုက်တက်ဆီ ပြန်မလာသေးပါဘူး။

Amad Diallo [ အာမတ် ဒီယာလို ] ကို မန်ချက်စတာ ယူနိုက်တက်အသင်းကနေ ဆန်းဒါးလန်းအသင်းဆီ ၂၀၂၂/၂၀၂၃ ရာသီအတွက် အငှားချထားတဲ့ ကာလမှာပဲ ဒီယာလိုရဲ့ ကံကြမ္မာက မန်ချက်စတာ ယူနိုက်တက် လက်ထဲကနေ နှုတ်ထွက်သွားခဲ့ပြီ ဖြစ်ပါတယ်။

ချန်ပီယံရှစ်အသင်းဆီ သြဂုတ်လတုန်းက အငှားချခံထားရတဲ့ အသက် ၂၀ အရွယ် တိုက်စစ်မှူးဟာ သူရောက်ရှိလာပြီးကတည်းက ကလပ်အသင်းကို ပရီးမီးယားလိဂ်ဆီ တန်းတက်ဖို့ တွန်းအားပေး ဆောင်ရွက်နေတဲ့ အဓိက ကစားသမား ဖြစ်လာခဲ့ပါတယ်။

👇 1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့ 👇

Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။

ဒီယာလိုဟာ ဆန်းဒါးလန်းမှာ ပုံစံကောင်းတွေ ရရှိနေပါတယ်။

ဆန်းဒါးလန်းသည် လက်ရှိတွင် ချန်ပီယံရှစ်ရဲ့ အဆင့် (၉) နေရာမှာ ရပ်တည်နေပေမယ့် တတိယနေရာမှ ဝက်ဖို့ဒ်နောက်တွင် (၃)မှတ်သာ ကွာဟနေပြီး အာမတ်ကတော့ သူတို့ အောင်မြင်မှုမှာ ပါဝင်ခဲ့ပြီး လိဂ်ပွဲ ၂၁ ပွဲကစား၊ ၇ ဂိုး နဲ့ ဂိုးဖန်တီးမှု ၁ ကြိမ် ပြုလုပ်ထားပါတယ်။

ယူနိုက်တက်အသင်းရဲ့ နွေရာသီမှာ အန်တိုနီကို သန်း ၁၀၀ နဲ့ ခေါ် ယူမှုကြောင့် အငှားနဲ့ ထွက်ခွာသွားရတဲ့ အာမတ် ဒီယာလိုဟာ တိုနီ မိုဘရေးရဲ့ အသင်းမှာ အထင်ကြီးလောက်စရာ ခြေစွမ်းကြောင့် ယူနိုက်တက်ဘက်က သူ့ကို အိုးထရပ်ဖို့ဒ်ဆီ စောစောပြန်လာဖို့ ချိတ်ဆက်မှုတွေ ရှိနေပါတယ်။

အသက် ၂၂ နှစ်အရွယ် အန်တိုနီဟာ ပြီးခဲ့တဲ့ နွေရာသီက အေဂျက်စ်ကနေ မန်ယူအသင်းကို ရောက်ရှိလာခဲ့ပေမယ့် ၁၆ ပွဲ ( ပရီးမီးယားလိဂ် + ယူရိုပါလိဂ် )  ကစားရာမှာ ၃ ဂိုးသာ သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု တစ်ကြိမ်မှ မလုပ်နိုင်ခဲ့ဘဲ အံ့အားသင့်စေခဲ့ပါတယ်။

Amad Diallo is in good form at Sunderland

အာမတ်ဟာ ဆန်းဒါးလန်းမှာ ပုံစံကောင်းတွေ ရရှိနေပါတယ်။

ဒါပေမယ့်လည်း မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ရာသီ ဒုတိယ နှစ်ဝက်မှာ လူငယ် တိုက်စစ်မှူး Amad Diallo [ အာမတ် ဒီယာလို ] ကို အသင်းအတွက်  ထည့်သွင်း စဉ်းစားနိုင်မှာ မဟုတ်ပါဘူး။

အကြောင်းကတော့ ဆန်းဒါးလန်းမှာ အာမတ်ရဲ့ အငှားစာချုပ်ပါ ပြန်လည်ခေါ်ယူသည့် အချက်မှာ သက်တမ်း ကုန်ဆုံးသွားခြင်းကြောင့် ဖြစ်ကြောင်း Sunderland Echo ရဲ့ ဖီးလ် စမစ် က ဆိုပါတယ်။ ဆိုလိုတာကတော့ သူဟာ ရာသီကုန်အထိ ကလပ်မှာ အငှားနဲ့ ဆက်နေမှာ ဖြစ်ပါတယ်။

မန် ချက်စတာ ယူနိုက်တက်အသင်းမှား Amad Diallo [ အာမတ် ဒီယာလို ] ရဲ့ ကစားသမားဘဝ။

အိုးလ်ထရက်ဖို့ဒ်[ ယူနိုက်တက် အသင်း ] ဟာ အိုင်ဗရီကို့စ် တိုက်စစ်မှူးကို ခေါ်ယူဖို့ အတ္တလန်တာအသင်းကို ကနဦး ယူရို ၂၁.၃ သန်း ပေးချေခဲ့ပေမယ့် သူဟာ အတ္တလန်တာ အတွက် စီနီယာပွဲ မကစားခဲ့ဖူးပါ။

မန်ချက်စတာယူ နိုက်တက်အသင်းဆီ ရောက်ရှိလာကတည်းက အာမတ် ဒီယာလိုဟာ အသင်းအတွက် ပြိုင်ပွဲစုံ ၉ ပွဲ ကစားထားပြီး သွင်းဂိုး ၁ ဂိုး နဲ့ ဂိုးဖန်တီးမှု တစ်ကြိမ် ပြုလုပ် ထားပါတယ်။

Amad Diallo at Rangers

ရိန်းဂျားစ်အသင်းမှာတုန်းက အာမတ် ဒီယာလို။

သူဟာ ပြီးခဲ့တဲ့ ရာသီက ရိန်းဂျားစ်အသင်းဆီ အငှား နဲ့ ပြောင်းရွှေ့သွားခဲ့ပြီး စကော့တလန်အသင်းမှာ ၁၃ ပွဲကစားကာ ၃ ဂိုး သွင်းယူခဲ့ပြီး အင်္ဂလန်ကို ပြန်မလာခင် ၂၀၂၂ နွေရာသီ အပြောင်းအရွှေ့မှာပဲ ဆန်းဒါးလန်းအသင်းဆီ အငှားနဲ့ ပြောင်းရွှေ့သွားခဲ့ပါတယ်။

အာမတ်အနေနဲ့ ယူနိုက်တက်ဆီ ပြန်ရောက်လာရင်လည်း ဆန်းဒါးလန်းမှာလိုမျိုး ခြေစွမ်းပြဖို့ လိုအပ်ပါလိမ့်မယ်။

အာမတ်ဒီယာလိုဟာ မကြာသေးခင်က သူ့ရဲ့ ကစားသမားဘ၀  သူနဲ့အတူ တွဲကစားဖူးသမျှ အကောင်းဆုံး ကစားသမားအဖြစ် ခရစ္စတီယာနို ရော်နယ်ဒိုကို ငြင်းပယ်ခဲ့ပြီး မားကပ်စ် ရပ်ရှ်ဖို့ဒ်ကို သတ်မှတ်ခဲ့ပါတယ်။

အင်္ဂလန်သားဟာ ဒီရာသီမှာ ပုံစံကောင်းနဲ့ ခြေစွမ်းပြနေပြီး ၂၀၂၂/ ၂၀၂၃ ရာသီမှာ မနေ့ညက အာဆင်နယ်ကို သွင်းယူခဲ့တဲ့ ဂိုး အပါအဝင် ယူနိုက်တက်အသင်းအတွက် ပြိုင်ပွဲစုံမှာ ( ၁၇ ) ဂိုး အထိ သွင်းယူထားနိုင်ပါတယ်။

Amad Diallo contract at Old Trafford will be until 2025

အာမတ်ရဲ့ ယူနိုက်တက်နဲ့ စာချုပ်ဟာ ၂၀၂၅ မှာ ကုန်ဆုံးမှာ ဖြစ်ပါတယ်။

အိုင်ဗရီကို့စ် တိုက်စစ်မှူး Amad Diallo [ အာမတ် ဒီယာလို ] ဟာ ရာသီကုန်မှာ မန်ချက်စတာ ယူနိုက်တက်ဆီ ပြန်လည် ရောက်ရှိလာမည်ဖြစ်ပြီး ကလပ်ဘက်ကနေ အသိအမှတ် ပြုဖို့ မျှော်လင့်နေပါတယ်။

အိုးလ်ထရက်ဖို့ဒ်မှာ သူ့ရဲ့ စာချုပ်ဟာ ၂၀၂၅ မှာ သက်တမ်း ကုန်ဆုံးမှာ ဖြစ်ပြီး သူက အသင်းအတွက် နေရာနဲ့ ထိုက်တန်ကြောင်း နည်းပြ တန်ဟက်ဂ်ကို သက်သေပြရမှာ ဖြစ်ပါတယ်။

စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က

အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

Leave A Comment