အသင်းမှ ရမ်ဆေးထွက်ခွာမည်ဖြစ်ကြောင်း အယ်လီဂရီ အတည်ပြု

Ramsey
January 22, 2022

 

ရမ်ဆေးသည် ဇန်နဝါရီမကုန်မီ ဂျူဗင်တပ်စ်အသင်းမှ ထွက်ခွာမည်ဟု အယ်လီဂရီက အတည်ပြုခဲ့သည်။

 

ဂျူဗင်တပ်စ်နည်းပြ အယ်လီဂရီက ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်မပိတ်မီ ကွင်းလယ်ကစားသမား အာရွန်ရမ်ဆေးသည် လာမည့်အပတ်တွင် အသင်းမှထွက်ခွာမည်

ဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့သည်။

 

     ✅✅✅ 1xBet မှာ ကစားချင်သူတွေအနေနဲ့

Promocode (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြု၍

100% ငွေသွင်းအပိုဆု (ဘောနပ်စ်) ရယူလိုက်ပါ။ 💸💸💸

 

👉အကောင့်ဖွင့်နည်း 👇👇

How to register in 1XBET?

 

 

အသက် 31 နှစ်အရွယ် ရမ်ဆေးသည် စီးရီးအေဘီလူးအသင်းမှာ နှစ်နှစ်ခွဲကြာ ဒဏ်ရာပြသနာနှင့် ရင်ဆိုင်ခဲ့ရပြီး ၄၉ ပွဲသာ ကစားကာ ၅ ဂိုး သွင်းယူထားသည်။

 

နောက်ရက်သတ္တပတ်တွင် ဆောင်းရာသီ အပြောင်းအရွှေ့ ဈေးကွက်ပိတ်သော်လည်း ဝေးလ်လက်ရွေးစင်ကစားသမားသည် တူရင်ကနေ ထွက်ခွာတော့မည်

ဖြစ်ကြောင်း အယ်လီဂရီက ထုတ်ဖော်ပြောဆိုခဲ့သည်။

 

အေစီမီလန်နှင့် ဂျူဗင်တပ်အသင်း ကစားမည့် သတင်းစာရှင်းလင်းပွဲမှာ နည်းပြက ‘အာရွန်ဟာ အသင်းကနေ ထွက်ခွာတော့မှာဖြစ်လို့ အသင်းနဲ့ မသက်ဆိုင်ပါဘူး’ ဟု

ပြောကြားခဲ့သည်။

 

နယူးကာဆယ်၊ ဝက်စ်ဟမ်းနှင့် အဲဗာတန်တို့သည် ဝဲလ်ရှ်မန်အား လွတ်မြောက်ရေးလမ်းကြောင်းနှင့် ပရီးမီးယားလိဂ်တွင် ၎င်း၏ကစားသမားဘဝကို ပြန်လည်အသက်

သွင်းရန် အခွင့်အရေးကို ကမ်းလှမ်းလိုသောကြောင့် ၎င်း၏ လက်မှတ်ကို စိတ်ဝင်စားနေကြသည်။

 

ခရစ္စတယ်ပဲလေ့စ်သည် ယခင်က သူ့ကို Selhurst Park သို့ ခေါ်ဆောင်ရန် စိတ်ဝင်စားခဲ့သော်လည်း လင်းယုန်အသင်းသည် ၎င်းတို့၏ စိတ်ဝင်စားမှုကို အေးခဲလာကာ

အခြားပြိုင်ဘက်များကို တရှိန်ထိုး ထိုးဖောက်ရန် လမ်းခင်းပေးခဲ့သည်။

 

ရမ်ဆေးသည် ယခုလအစောပိုင်းတွင် လိုအပ်ချက်များအတွက် ပိုလျှံနေပြီဖြစ်ကြောင်း အယ်လီဂရီက သတင်းထောက်များအား ပြောကြားခဲ့ဖူးပြီး ကျန်အသင်းသားများ

ထံမှ တစ်ယောက်တည်း လေ့ကျင့်ရန် အချိန်ပေးထားသည်။

 

‘ရမ်ဆေး၊ ငါတို့က သူ့ကို အလုပ်နားရက်၊ အင်္ဂလန်မှာ သီးခြားလေ့ကျင့်ဖို့ ပေးထားပြီးနောက် ဒီနေ့ပြန်လာတာ။ ဘာပဲဖြစ်ဖြစ် သူက ထွက်သွားတဲ့ ကစားသမားပါ” ဟု

အယ်လီဂရီက သတင်းထောက်များအား ပြောကြားခဲ့သည်။

 

 

အသက် 31 နှစ်အရွယ်ရှိပြီဖြစ်သည့် အဆိုပါကစားသမားသည် ယခုရာသီတွင် ဂျူဗင်တပ်အသင်းအတွက် လိဂ်ပွဲတွင် တစ်ပွဲသာ ပွဲထွက် ပါဝင်ကစားထားပြီး

Covid-19 ကြောင့် အရန်ခုံတွင် နှစ်ပွဲသာ ပွဲထွက်ခွင့်ရရှိထားသည်။

 

 

ရမ်ဆေးသည် အာဆင်နယ်တွင် ၁၁ နှစ်ကြာကစားပြီးနောက် တစ်ပတ်ပေါင် ၃၂၅၀၀၀ တန် လေးနှစ်စာချုပ်ဖြင့် 2019 ခုနှစ် ဇူလိုင်လတွင် Old Lady သို့

ပြောင်းရွှေ့လာခဲ့သည်။

 

 

Leave A Comment