Gareth Bale လာလီဂါမှာ ဆက်နေမှာလား?
ရီးယဲလ်မက်ဒရစ် တောင်ပံကစားသမား Gareth Bale [ဂါရတ်ဘေးလ်] လာလီဂါမှာ ဆက်ရှိနေဦးမှာလား?
Gareth Bale [ဂါရတ်ဘေးလ်]ဟာ လာမယ့် ရာသီမှာ ရီးယဲလ်မက်ဒရစ်အသင်းနဲ့အတူ လက်တွဲမှာ မဟုတ်တော့ပေမယ့် လာလီဂါမှာ ဆက်လက်ရှိနေနိုင်ဦးမှာ ဖြစ်ပါတယ်။
တောင်ပံတိုက်စစ်ကစားသမားဟာ မက်ဒရစ်မြို့မှာ အခြေချနေထိုင်နေတဲ့ သူ့ရဲ့ မိသားစုကို နှုတ်မဆက်ဖို့ ဆုံးဖြတ်မယ်ဆိုရင်တော့ ဂီတာဖေးအသင်းကို ပြောင်းရွှေ့မယ်လို့ ထင်ကြေးတွေပေးနိုင်ပါတယ်။ Getafe [ ဂီတာဖေး ]အသင်းဟာ ရီးယဲလ်နဲ့ အက်သလက်တီကိုအသင်းတို့ ပြီးရင် မက်ဒရစ်မြို့မှာ တတိယ အကြီးဆုံးအသင်းဖြစ်ပြီး ဝေးလ်သားရဲ့ မိသားစုဟာ ဆက်လက် နေထိုင်နိုင်ဦးမှာ ဖြစ်ပါတယ်။
1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့
Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။
ဂီတာဖေးအသင်းနဲ့ Gareth Bale ရဲ့ အပြောင်းအရွှေ့
တကယ်တော့၊ Getafe [ ဂီတာဖေး ] အသင်းရဲ့ ဥက္ကဌက ဗုဒ္ဓဟူးနေ့မနက်က Gareth Bale [ဂါရတ်ဘေးလ်] ရဲ့ အေးဂျင့်နဲ့ စကားပြောခဲ့တာကို ဝန်ခံခဲ့ပါတယ်။ ‘‘သူက ငါတို့ကို ကမ်းလှမ်းထားတယ်။ အဲဒါကို စဉ်းစားပါမယ်။ နည်းပညာဝန်ထမ်းတွေနဲ့ စကားပြောရတော့မယ်” လို့ ပြောဆိုခဲ့ပါတယ်။
လာလီဂါရဲ့ စတုတ္ထမြောက် မက်ဒရစ်အခြေစိုက် အသင်းဖြစ်တဲ့ Rayo Vallecano [ရာယို ဗယ်လယ်ကာနို ] အသင်းကလည်း အသက် ၃၂ နှစ်အရွယ် ကစားသမားကို ခေါ်ယူဖို့ ချိတ်ဆက်မှုတွေ ပြုလုပ်နေပါတယ်။ ဗယ်လယ်ကာနိုအသင်းဟာ အရင်က ဟူဂိုဆန်းချက်ဇ်နဲ့ အင်္ဂလန်လက်ရွေးစင်ဟောင်း လော်ရီကန်နင်ဟမ်တို့ကို ရီးရဲလ်အသင်းကနေ ခေါ်ယူခဲ့ဖူးပါတယ်။
ရီးယဲလ်မက်ဒရစ်အသင်းကို နှုတ်ဆက်လိုက်တဲ့ Gareth Bale
တွစ်တာမှာ ဘေးလ်က “ဒါဟာ ဂုဏ်ယူစရာပါပဲ။ ကျေးဇူးတင်ပါတယ်။ #HALAMADRID ” လို့ ရေးသားခဲ့ပါတယ်။ တိုက်စစ်ကစားသမားဟာ သူ့ရဲ့ မှတ်ချက်အောက်မှာ စာတိုတစ်စောင်ကိုလည်း တင်ခဲ့ပါသေးတယ်။
ဂါရတ် ဘေးလ်က
“ ကျွန်တော့်ရဲ့ အသင်းဖော်တွေ၊ အခုလက်ရှိနဲ့ အရင်က ကျွန်တော့် မန်နေဂျာတွေ၊ နောက်တန်းဝန်ထမ်းတွေနဲ့ ကျွန်တော့်ကို အားပေးခဲ့ကြတဲ့ ပရိသတ်တွေအားလုံးကို ကျေးဇူးတင်ကြောင်း ဒီစာလေးရေးလိုက်ပါတယ်။
“ ရီးယဲလ်မက်ဒရစ်အသင်းမှာ ကစားဖို့ ကျွန်တော့်ရဲ့အိပ်မက်ကို အကောင်အထည်ဖော်ချင်တဲ့ လူငယ်တစ်ယောက်အနေနဲ့ လွန်ခဲ့တဲ့ ၉ နှစ်လောက်က ဒီကို ရောက်လာခဲ့တာပါ။ သန့်ရှင်းလတ်ဆတ်တဲ့ အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ဖို့၊ အောင်မြင်မှုတွေ ရင်ဘတ်မှာ ဖန်တီးဖို့၊ ဆန်တီယာဂို ဘာနေဗျူးမှာ ကစားဖို့၊ ဆုဖလားတွေ ရယူနိုင်ဖို့၊ ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးဖို့အတွက် အစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်ခွင့်ရခဲ့တာ တကယ်ကို ကျေးဇူးတင်ပါတယ်။
“ အခုတော့ ဒီအိပ်မက်က တကယ်ဖြစ်လာပြီး အများကြီး ပိုလို့ ရိုးသားစွာ ပြန်ကြည့်နိုင်တယ်၊ တွေးတောပြီး ပြောနိုင်တယ်။
“ ကျွန်တော်ဟာ ရီးယဲလ်မက်ဒရစ်ကစားသမားဖြစ်စဥ်အချိန်က ဒီကလပ်ရဲ့သမိုင်းကြောင်းရဲ့တစ်စိတ်တစ်ပိုင်းဖြစ်ဖို့အတွက်နဲ့ အောင်မြင်မှုရရှိဖို့ဆိုတာ မယုံနိုင်စရာအတွေ့အကြုံတစ်ခုဖြစ်ပြီး ကျွန်တော်ဘယ်တော့မှမေ့လို့ရမှာ မဟုတ်ပါဘူး။
“ ကျွန်တော့်ကို ဒီကလပ်အတွက် ကစားခွင့်ပေးခဲ့တဲ့ ဥက္ကဋ္ဌ ဖလော်ရန်တီနို ပီရက်ဇ်၊ ဟိုဆေး အိန်ဂျယ်ဆန်းချက်ဇ်နဲ့ ဘုတ်အဖွဲ့တို့ကိုလည်း ကျေးဇူးတင်ချင်ပါတယ်။ ဒီကလပ်နဲ့ ဘောလုံးသမိုင်းမှာ ထာဝရရှင်သန်မယ့် အခိုက်အတန့်တချို့ကို ဖန်တီးနိုင်ခဲ့ကြတယ်။
“ ဒါဟာ ဂုဏ်ယူစရာဖြစ်ခဲ့ပါတယ်။” လို့ ဖော်ပြခဲ့ပါတယ်။
ဂါရတ်ဘေးလ်ရဲ့ ရီးယဲလ်မက်ဒရစ်အသင်းနဲ့ အပြောင်းအရွှေ့ မှတ်တမ်းများ
မက်ဒရစ်တောင်ပံတိုက်စစ် ကစားသမားဟာ ၂၀၁၃ ခုနှစ်၊ စက်တင်ဘာလမှာ အင်္ဂလန် ပရီးမီးယားလိဂ် တော့တင်ဟမ် ဟော့စပါးအသင်းကနေ ရီးယဲလ်မက်ဒရစ်အသင်းကို ပြောင်းရွှေ့ကြေး ယူရို ၁၀၁ သန်းနဲ့ ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။
အသက် ၃၂ နှစ်အရွယ် ကစားသမားဟာ အသင်းနဲ့အတူ ၇ နှစ်ကြာ ကစားပြီးနောက် ၂၀၂၀ ခုနှစ်၊ စက်တင်ဘာမှာ အသင်းဟောင်း စပါးဆီ အငှားနဲ့ သွားရောက်ကစားခဲ့ပါတယ်။ ၂၀၂၁ ခုနှစ်၊ ဇွန်လမှာတော့ အငှားသက်တမ်း ကုန်ဆုံးသွားပြီးနောက် မက်ဒရစ်အသင်းဆီ ပြန်လည် ရောက်ရှိလာခဲ့ပါတယ်။ အခုလက်ရှိမှာတော့ ကာလရှည်ကစားခဲ့တဲ့ ဆန်တီယာဂို ဘာနေဗျူးအသင်းနဲ့ လမ်းခွဲလိုက်ပြီဖြစ်ပြီး အသင်းလက်မဲ့ ကစာသမားတစ်ဦးအနေနဲ့ ရှိနေပါတယ်။
ရီးယဲလ်မက်ဒရစ်အသင်းနဲ့အတူ ဂါရတ်ဘေးလ်ရဲ့ အောင်မြင်မှုများ
မက်ဒရစ်မြို့ ဘာနေဗျူးအသင်းနဲ့အတူ ဘေးလ်ဟာ ပြိုင်ပွဲစုံ ၂၅၈ ပွဲကစားခဲ့ပြီး သွင်းဂိုး စုစုပေါင်း ၁၀၆ ဂိုးနဲ့ ဂိုးဖန်တီးမှု ၆၇ ကြိမ်အထိ ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။ ဂါရတ်ဘေးလ်ဟာ ကလပ်အသင်းနဲ့အတူ ဥရောပ ချန်ပီယံစ်လိဂ်ဖလား (၅) ကြိမ်၊ စပိန် လာလီဂါဖလား (၃) ကြိမ်၊ ကမ္ဘာ့ ကလပ် ဖလား (၄) ကြိမ်၊ ဥရောပ စူပါကပ်ဖလား (၃) ကြိမ်၊ စပိန်ပြည်တွင်းဖလား (၁) ကြိမ်နဲ့၊ စပိန်စူပါကပ်ဖလား (၃) ကြိမ်နဲ့တို့ကို ဆွတ်ခူးပေးနိုင်ခဲ့ပါတယ်။
စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က
အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။