Jose Mourinho ကတော့ အခုချိန်ထိ စပါယ်ရှယ်တစ်ယောက်ပါပဲ။

Jose Morinho
May 26, 2022

ကလပ်အသင်း (၄)သင်းနဲ့ ဥရောပဖိုင်နယ် ၅ ခုကို အနိုင်ရတဲ့ ပထမဆုံး မန်နေဂျာ ဖြစ်လာခဲ့တဲ့ Jose Mourinho

Jose Mourinho [ ဟိုဆေး မော်ရင်ညို ] ဟာ ရိုးမားအသင်းနဲ့အတူ ယူရိုပါ ကွန့်ဖရန့်စ်လိဂ်ဖလားကို ရယူပြီးနောက်  ကလပ်အသင်း (၄)သင်းနဲ့ ဥရောပဖိုင်နယ်ကို အနိုင်ရတဲ့ ပထမဆုံး မန်နေဂျာ ဖြစ်လာခဲ့ပါတယ်။

နည်းပြ မော်ရင်ညိုဟာ ဘောလုံးသမိုင်းတစ်လျှောက် အအောင်မြင်ဆုံး မန်နေဂျာများထဲမှ တစ်ဦးဖြစ်ပါတယ်။ ပေါ်တူဂီသား နည်းပြဟာ အနည်းဆုံး ထိပ်တန်း အမှတ်ပေးလိဂ်ဖလား ၄ ခုမှာ ပြည်တွင်းချန်ပီယံဆုတွေ ဆွတ်ခူးနိုင်တဲ့ မန်နေဂျာ ခြောက်ဦးထဲက တစ်ယောက် အပါအဝင် ဖြစ်ပါတယ်။ တခြားနည်းပြတွေကတော့ ကာလို အန်ဆယ်လော့တီ၊ ဂျော်ဗန်နီ  ထရာပတ်တိုနီ၊ တွန်မီဆလပ် အီဗစ်၊ အဲရစ် ဂါရတ်စ်နဲ့ အန်းစ် ဟတ်ပယ်တို့ပဲ ဖြစ်ပါတယ်။

လက်ရှိ ရိုးမားအသင်းနည်းပြ မော်ရင်ညိုဟာ  သူ့ရဲ့  ဥရောပကလပ်ပြိုင်ပွဲတွေမှာ တက်ရောက်ခဲ့တဲ့ ဖိုင်နယ်ငါးပွဲစလုံးကို အနိုင်ရခဲ့ပြီး  မယုံနိုင်လောက်အောင် စံချိန်တင်ခဲ့ပါတယ်။ အဲ့ဒါတွေကတော့ ချန်ပီယံလိဂ်ဖိုင်နယ် နှစ်ကြိမ်၊ ယူရိုပါလိဂ်ဖိုင်နယ် နှစ်ကြိမ်နဲ့ ယူရိုပါ ကွန်ဖရင့်လိဂ်ဖိုင်နယ် တစ်ကြိမ်တို့ပဲ ဖြစ်ပါတယ်။

👇 1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့ 👇

Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။

ဗုဒ္ဓဟူးနေ့က UEFA Conference League ဖိုင်နယ်ပွဲမှာ သူ့ရဲ့  ရိုးမားအသင်းက ဖီယင်နုအသင်းကို ၁-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီးနောက် နည်းပြဟာ ဥရောပ ဖိုင်နယ် ၅ ပွဲမှာ ၅ ပွဲစလုံးအနိုင်နဲ့ ရှုံးပွဲမရှိ စံချိန်တင်ထားနိုင်ခဲ့ပါတယ်။

ဘင်ဖီကာနဲ့ လစ်ရီယာယူနီယန် နည်းပြဘဝ မှတ်တမ်း

၂၀၀၀ ခုနှစ် စက်တင်ဘာလမှာ သူဟာ ဘင်ဖီကာအသင်းနဲ့အတူ သူ့ရဲ့ အကြီးတန်းမန်နေဂျာဘ၀ကို စတင်ခဲ့ပြီး ကလပ်ဥက္ကဋ္ဌက သူ့ကို စာချုပ်သစ်ကမ်းလှမ်းဖို့ ငြင်းဆိုခဲ့တာကြောင့်  သုံးလခန့်အကြာမှာ နုတ်ထွက်ခဲ့ပါတယ်။ ဒါ့ကြောင့် ဘင်ဖီကာအသင်းနဲ့ ဆုဖလားတွေ မရရှိခဲ့ပါဘူး။

 

ထိုနည်းတူ လစ်ရီယာယူနီယန် အသင်းနဲ့လည်း ဆုဖလားတွေ မရရှိခဲ့ပါဘူး။ ဟိုဆေး မော်ရင်ညိုဟာ အသင်းသေးလေးဖြစ်တဲ့ လစ်ရီယာယူနီယန်ကို ၂၀၀၁ ခုနှစ် ဇူလိုင်လမှာ လွှဲပြောင်းရယူခဲ့ပါတယ်။ ကလပ်အသင်းမှာ ထူးထူးခြားခြား ခြောက်လကြာ ရပ်တည်ခဲ့ပြီး အသင်းကို ထိပ်ဆုံးလေးသင်းစာရင်းဝင်စေခဲ့ပါတယ်။ အဲ့ဒီအောင်မြင်မှုကြောင့် သူ့ဟာ နောက်ထပ်အသင်းသစ်ဖြစ်တဲ့ ပေါ်တိုအသင်းကို ကိုင်တွယ်ဖို့ ရာသီလယ်က ထွက်ခွာခဲ့ပါတယ်။

ပေါ်တိုနည်းပြအဖြစ် မော်ရင်ညိုက ဘယ်ဆုဖလားတွေ ရခဲ့လဲ?

အသက် ၅၉ နှစ်အရွယ် မော်ရင်ညိုဟာ ပေါ်တိုအသင်းနဲ့အတူ နှစ်နှစ်ခွဲကြာ ပျော်ရွှင်စွာ ဖြတ်သန်းခဲ့ပြီး မယုံနိုင်လောက်အောင် စုစုပေါင်း ဆုဖလား ခြောက်လုံးအထိ ရရှိခဲ့ပါတယ်။ သူ့ရဲ့ ပထမဆုံးရာသီမှာ  လိဂ်ဖလားနဲ့ ယူအီးအက်ဖ်အေဖလားတို့ကို ရရှိခဲ့ပြီး နောက်ဆုံး ယူရိုပါလိဂ် ဗိုလ်လုပွဲမှာ ဆဲလ်တစ်အသင်းကို ၃-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

သူ့ရဲ့ နောက်ဆုံးရာသီမှာ Primeira Liga ချန်ပီယံကို ဆက်လက်ထိန်းသိမ်းထားရုံသာမက စူပါဖလားကိုပါရယူနိုင်ခဲ့သလို၊ ဥရောပ ချန်ပီယံစ်လိဂ် ဖိုင်နယ်မှာလည်း မိုနာကိုအသင်းကို ၃-၀ ဂိုးနဲ့ အနိုင်ရပြီးနောက် သမိုင်းဝင်ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။

Jose Morinho Porto

ပိုတိုအသင်းနဲ့ ပထမဆုံး ချန်ပီယံဖလား ရယူနိုင်ခဲ့တဲ့ ဟိုဆေး မော်ရင်ညို။

ချဲလ်ဆီးနည်းပြအဖြစ် မော်ရင်ညိုက ဘယ်ဆုဖလားတွေ ရခဲ့လဲ?

ပေါ်တိုအသင်းနဲ့အတူ မော်ရင်ညိုရဲ့ သူရဲကောင်းဆန်ဆန် စွမ်းဆောင်မှုတွေက သူ့ကို ချဲလ်ဆီးအသင်းမှာ နည်းပြဖြစ်လာစေပြီး ဆုဖလား နှစ်ခုကို ထပ်မံ ရရှိခဲ့ပါတယ်။ ၂၀၀၄ ခုနှစ်ကနေ ၂၀၀၇ ခုနှစ်အတွင်း သူဟာ ချဲလ်ဆီးအသင်းနဲ့အတူ ဆုဖလားပေါင်း ခြောက်လုံး ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ၂၀၀၅ နဲ့ ၂၀၀၆ ခုနှစ်တွေမှာ ပရီးမီးယားလိဂ် ချန်ပီယံဆုတွေအပြင် FA ဖလား၊ လိဂ်ဖလား ၂ ကြိမ်နဲ့ ကွန်မြူနတီဒိုင်းတွေကိုပါ ဆွတ်ခူးနိုင်ခဲ့ပါတယ်။

 

မော်ရင်ညိုဟာ ၂၀၁၃ ခုနှစ်မှာ ချဲလ်ဆီးအသင်းဆီ ပြန်လာခဲ့ပြီး သူ့ရဲ့ ဒုတိယအကြိမ်နည်းပြဘဝက ပထမအကြိမ်တုန်းကလောက် အောင်မြင်မှုမရရှိခဲ့ပေမယ့် နောက်ထပ်ဆုဖလားနှစ်လုံးကို ဆက်လက်ရယူထားဆဲ ဖြစ်ပါတယ်။ သူ့ရဲ့ဒုတိယရာသီမှာ ပရီးမီးယားလိဂ်နဲ့ လိဂ်ဖလားတွေကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။

Jose Morinho Chelsea

ချဲလ်ဆီး‌နည်းပြဘဝ ပရီးမီးယားလိဂ် ၃ ကြိမ် ရယူနိုင်ခဲ့တဲ့ မော်ရင်ညို။

အင်တာမီလန်နည်းပြအဖြစ် မော်ရင်ညိုက ဘယ်ဆုဖလားတွေ ရခဲ့လဲ?

ဂန္တဝင် နည်းပြ မော်ရင်ညိုဟာ ၂၀၀၈ ခုနှစ်ကနေ ၂၀၁၀ ပြည့်နှစ်အထိ အင်တာမီလန်အသင်းနဲ့အတူ သမိုင်းဝင် အောင်မြင်မှုတွေ ရယူခဲ့ပြီးနောက် ဘုရားသခင်အဖြစ် သတ်မှတ်ခံရဆဲ ဖြစ်ပါတယ်။ သူ့ရဲ့ပထမဆုံးရာသီမှာ စကူဒက်တိုနဲ့ အီတလီစူပါဖလားတို့ကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း သမိုင်းဝင်မယ့် ဆုဖလားချန်ပီယံဖြစ်ခဲ့တာကတော့ သူ့ရဲ့ ဒုတိယ ရာသီမှာ ဖြစ်ပါတယ်။

 

သူဟာ အင်တာအသင်းကို စီးရီးအေဖလားနဲ့ ကိုပါအီတာလီယာဖလားတွေကို ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပြီး အမှတ်အရဆုံးကတော့ ၄၅ နှစ်ကြာပြီးမှာ ဥရောပ ချန်ပီယံအသင်း ဖြစ်လာအောင် စွမ်းဆောင်နိုင်ခဲ့ခြင်းပဲ ဖြစ်ပါတယ်။

Jose Morinho InterMilan

အင်တာမီလန်အသင်းရဲ့ ၄၅ နှစ်ကြာ ချန်ပီယံဖလားကို ရယူပေးနိုင်ခဲ့တဲ့ မော််ရင်ညို

ရီးရဲလ်နည်းပြအဖြစ် မော်ရင်ညိုက ဘယ်ဆုဖလားတွေ ရခဲ့လဲ?

အဲ့ဒီနောက် မော်ရင်ဟိုဟာ မက်ဒရစ်အသင်းကို ပြောင်းရွှေ့ခဲ့ပြီး ၂၀၁၀ ကနေ ၂၀၁၃ ခုနှစ်အတွင်း ဆုဖလား ၃ လုံး ရရှိခဲ့ပါတယ်။ သူ့ရဲ့ အကြီးမားဆုံး အောင်မြင်မှုကတော့ မက်ဒရစ်အသင်းနဲ့အတူ ၂၀၁၂ လာလီဂါဖလားကို ဆွတ်ခူးနိုင်ခဲ့ပြီး ပက်ဂွာဒီယိုလာရဲ့ တောက်ပနေတဲ့ ဘာစီလိုနာအသင်းရဲ့ လွှမ်းမိုးမှုကို အဆုံးသတ်ခြင်းပဲ ဖြစ်ပါတယ်။ သူဟာ ၂၀၁၁ မှာ Copa del Rey နဲ့ ၂၀၁၂ မှာ စပိန်စူပါဖလားတို့ကိုလည်း ရယူနိုင်ခဲ့ပါတယ်။

Jose Morinho Real Madrid

ရီးရဲမက်ဒရစ်အသင်းနဲ့အတူ လာလီဂါဖလား ရယူပေးခဲ့စဥ်က မော်ရင်ညို။

မန်ယူနည်းပြအဖြစ် မော်ရင်ညိုက ဘယ်ဆုဖလားတွေ ရခဲ့လဲ?

မော်ရင်ညိုဟာ ယူနိုက်တက် မန်နေဂျာအဖြစ် ၂၀၁၆ ခုနှစ်မှာ ခန့်အပ်ခံခဲ့ရပြီး ကလပ်ရဲ့  ဂုဏ်ကျက်သရေ နေ့ရက်တွေကို ပြန်လည်ရရှိဖို့ မျှော်လင့်ခဲ့ပါတယ်။ ယူနိုက်တက် မန်နေဂျာဘဝ နှစ်နှစ်ခွဲအတွင်း အသင်းနဲ့အတူ ပရီးမီးယားလိဂ်ဖလားကို မဆွတ်ခူးနိုင်ခဲ့ပေမယ့် သူ့ရဲ့ ပထမရာသီမှာ ဆုဖလား (၃) လုံးကို ရယူနိုင်ခဲ့ပါတယ်။ လိဂ်ဖလား၊ ကွန်မြူနတီဒိုင်းနဲ့ UEFA ယူရိုပါလိဂ်ဖလားတို့ပဲ ဖြစ်ပါတယ်။ ဒီဆုဖလားတွေဟာ အခု ၂၀၂၂ ခုနှစ်အထိ မန်ချက်စတာယူနိုက်တက်ရဲ့ နောက်ဆုံးဆုဖလားတွေပါပဲ။

Jose Morinho Manchester United

သူ့ရဲ့ ဒုတိယမြောက် ယူရိုပါလိဂ်ဖလားကို ယူနိုက်တက်အသင်းနဲ့အတူ ရယူခဲ့စဥ်။

တော့တင်ဟမ်ဟော့စပါးနည်းပြအဖြစ် မော်ရင်ညိုက ဘယ်ဆုဖလားတွေ ရခဲ့လဲ?

ယူနိုက်တက်အသင်းကနေ ထွက်ခွာလာပြီးနောက် မော်ရင်ညိုဟာ ၂၀၁၉ ခုနှစ် နိုဝင်ဘာလမှာ တော့တင်ဟမ်ဟော့စပါးအသင်းနည်းပြအဖြစ် ခန့်အပ်ခံခဲ့ရပေမယ့် ၁၈ လခန့်အကြာမှာပဲ ထုတ်ပယ်ခံခဲ့ရပါတယ်။ လစ်ရီယာယူနီယန်အသင်းနည်းပြဘဝနောက်ပိုင်း ဆုဖလားမရရှိခဲ့တဲ့ သူ့ရဲ့ပထမဆုံး နည်းပြဘဝ ဖြစ်ပါတယ်။ သို့ပေမယ့်လည်း နည်းပြဟာ ၂၀၂၁ လိဂ်ဖလားဖိုင်နယ် မယှဉ်ပြိုင်မီ ရက်ပိုင်းအလိုတွင် ပြင်းထန်စွာ ထုတ်ပယ်ခံခဲ့ရတာ ဖြစ်ပါတယ်။

ဟိုဆေး မော်ရင်ညိုရဲ့  ရိုးမားနည်းပြဘဝ

စပါယ်ရှယ် နည်းပြကြီး Jose Mourinho [ ဟိုဆေး မော်ရင်ညို ] ဟာ ၂၀၂၁ ခုနှစ် နွေရာသီမှာ ရိုးမားအသင်းနည်းပြအဖြစ် ခန့်အပ်ခံခဲ့ရပြီး UEFA ကွန့်ဖရန့်စ်လိဂ်မှာ ဖီယင်နုအသင်းကို ၁-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး နောက်ထပ် ဥရောပ ဆုဖလားတစ်ခုကို ဆွတ်ခူးနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ အခု ယူရိုပါကွန့်ဖရန့်စ်လိဂ်ချန်ပီယံ ဆုဖလားအပါအဝင် မော်ရင်ညိုဟာ သူ့ရဲ့ ပရော်ဖက်ရှင်နယ်ဘ၀တစ်လျှောက်လုံးမှာ ဆုဖလားပေါင်း ၂၇ ခုအထိ ရရှိထားပါတယ်။

Jose Morinho As Roma

ပထမဆုံးအကြိမ်ကျင်းပတဲ့ ကွန့်ဖရန့်စ်လိဂ်ဖလားကို ပထမဆုံး ရယူနိုင်ခဲ့တဲ့ ဟိုဆေး မော်ရင်ညို။

စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က

အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

Leave A Comment