အသင်းကနေ ထွက်ခွာတော့မယ့် Robert Lewandowski
Robert Lewandowski [ ရောဘတ်လီဝန်ဒေါစကီး ] ဟာ အသင်းကနေထွက်ခွာဖို့ သေချာသွားပါပြီ။
Robert Lewandowski [ ရောဘတ်လီဝန်ဒေါစကီး ] ဟာ အပြောင်းအရွှေ့သတင်းတွေ ထွက်ပေါ်နေတဲ့ ဘိုင်ယန်မြူးနစ်အသင်းရဲ့ ရာသီနောက်ဆုံးဘွန်ဒက်စ်လီဂါပွဲစဉ်အပြီးမှာ ဘိုင်ယန်မြူးနစ်ပရိသတ်တွေကို နှုတ်ဆက်စကားပြောကြားခဲ့ကြောင်း သိရှိရပါတယ်။ အသက် ၃၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကွင်းလယ်ကစားသမားဟာ ၂၀၂၃ ခုနှစ်မှာ ဘိုင်ယန်မြူးနစ်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်ပြီး သက်တမ်းတိုးစာချုပ်ချုပ်ဆိုမှာမဟုတ်ဘူးလို့ ဘိုင်ယန်မြူးနစ်က ပြောကြားခဲ့ပါတယ်။
တိုက်စစ်မှူးဟာ နွေရာသီမှာ စပိန်ကလပ် ဘာစီလိုနာကို ပြောင်းရွှေ့ချင်နေပြီး စနေနေ့က ဝုဖ်ဘတ်နဲ့ ၂ – ၂ ဂိုးစီ သရေကျခဲ့တဲ့ ပွဲအပြီးမှာ သူ့ရဲ့ လုပ်ရပ်တွေက မီးလောင်ရာလေပင့်ဖြစ်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။
1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့
Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။
ပိုလန် တိုက်စစ်မှူးဟာ အဝေးကို လှည့်မကြည့်ခင် မျက်ရည်တွေနဲ့ လက်ခုပ်တီးနေခဲ့ပါတယ်။ အသင်းဖော် သောမတ်စ်မူလာ က သူ့ရဲ့ သက်တမ်းကြာ သူငယ်ချင်းဆီ ချဥ်းကပ်လာခဲ့ပြီး စကားအနည်းငယ်ပြောကာ နှစ်သိမ့်ပေးခဲ့ပါတယ်။ အဲ့ဒီနောက် လီဝန်ဒေါစကီးဟာ သူ့ရဲ့ အသင်းဖော်တွေဆီ ပြန်မသွားခင် ပရိသတ်တွေကို လက်ခုပ်တီး နှုတ်ဆက်နေခဲ့ပါတယ်။ Allianz Arena [ ဘိုင်ယန်အသင်း ] မှာ ရှစ်နှစ်ကြာ ကစားခဲ့ပြီးနောက် သူထွက်သွားတော့မယ်လို့ ထောက်ခံသူတွေက ယုံကြည်နေကြပါတယ်။
ပထမ တစ်ယောက်က “ ဟင့်အင်း။ နှုတ်ဆက်ဖို့ အဆင်သင့်မဖြစ်သေးဘူး။ ”
ဒုတိယ တစ်ယောက်ကတော့ “ သေချာသွားပြီ။ ”
တတိယတစ်ယောက်ကတော့ “ အိုး သူသွားပြီ။ ငါတို့ သူ့ကို ထိန်းမထားနိုင်တော့ဘူး။ မယုံနိုင်သေးဘူး။ ”
တခြားတစ်ယောက်ကတော့ တွစ်တာမှာ “ လီဝန်ဒေါစကီးက နှုတ်ဆက်လိုက်တာ သေချာပေါက် ဟုတ်ရဲ့လား? ” ဆိုပြီး ထင်မြင်ယူဆချက်တွေကို တင်ကြပါတယ်။
ဒီရာသီ လီဝန်ဒေါစကီးရဲ့ ၅၀ မြောက်သွင်းဂိုး
ဂျိုစစ် စတန်နီစစ်ရဲ့ အဖွင့်ဂိုးပြီးတဲ့နောက် ပထမပိုင်းမှာ ဘိုင်ယန်မြူးနစ်ကို ၂ – ၀ ဂိုးနဲ့ အနိုင်ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့တဲ့ လီဝန်ဒေါစကီးက သူ့ရဲ့ဒီရာသီ ၅၀ မြောက် သွင်းဂိုးကို သွင်းယူပေးခဲ့ပါတယ်။ နည်းပြ ဂျူလီယန် နာဂယ်စ်မန်းရဲ့ ကစားသမားတွေဟာ ဘွန်ဒက်လီဂါအမှတ်ပေးဖလားမှာ ဆယ်ရာသီဆက်တိုက် ထိပ်ဆုံးမှာ ရပ်တည်ခဲ့ပြီး ပြီးခဲ့တဲ့အပတ် စတုဂတ်အသင်းနဲ့ သရေကျပြီးနောက် ချန်ပီယံဆုကို ပေးအပ်ခြင်း ခံခဲ့ရပါတယ်။
ပိုလန်လက်ရွေးစင် လီဝန်ဒေါစကီးရဲ့ အနာဂတ်ဟာ Bavaria [ ဘိုင်ယန်အသင်း ] မှာ ပူပူနွေးနွေး ရှိနေဆဲဖြစ်ပြီး သူ့ရဲ့ ပြောင်းရွှေ့ကြေး လက်မှတ်ကို ပေါင် ၂၅ သန်းနဲ့
ခေါ်ယူနိုင်ကြောင်း ဘာစီလိုနာအသင်းက ယုံကြည်နေပါတယ်။
ရောဘတ်ရဲ့ ရပ်တည်ချက်ရှိပေမယ့် ဘိုင်ယန်အားကစားဒါရိုက်တာ ဟာဆန် ဆာလီဟာမစ်ဇစ် က သူ့ရဲ့ လက်ရှိစာချုပ်ကို ဖြည့်ဆည်းပေးမယ်လို့ အခိုင်အမာ ပြောကြားခဲ့ပါတယ်။ “ကျွန်တော်တို့ရဲ့ စာချုပ်သက်တမ်းတိုးဖို့ ကမ်းလှမ်းမှုကို လက်မခံချင်ကြောင်းနဲ့ အသင်းကနေ ထွက်ခွာလိုကြောင်း ကျွန်တော်တို့ကို အကြောင်းကြားခဲ့တယ်။
ပြီးတော့ သူက တခြားတစ်ခုခုလုပ်ချင်တယ်လို့ပြောတယ်။ ” လို့ ဆာလီ ဟာမစ်ဇစ်က ဂျာမန် အားကစားသတင်းဌာန Sky Germany ကို ရှင်းပြခဲ့ပါတယ်။ ထပ်ပြီးတော့ ဆာလီက “ ကျွန်တော်တို့ ရပ်တည်ချက်က မပြောင်းလဲသေးပါဘူး။ အမှန်က သူ့မှာ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့အထိ စာချုပ်ချုပ်ရှိနေပါသေးတယ်။ ” လို့ ထပ်ပြီး ပြောကြားခဲ့ပါတယ်။
ဘိုင်ယန်တိုက်စစ်မှူး လီဝန်ဒေါစကီးဟာ ဒေါ့မွန်အသင်းကနေ ပြောင်းရွှေ့လာကတည်းက အခုထိ ဘွန်ဒက်စ်လီဂါ ချန်ပီယံဆုဖလား ရှစ်ကြိမ် ဆွတ်ခူးနိုင်ခဲ့ပြီး ၂၀၂၀ ခုနှစ်မှာ ကလပ်အသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလားကိုလည်း ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် Ballon d’Or ဆုအတွက် ရေပန်းအစားဆုံးနှစ်တစ်နှစ် ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း Covid-19 ကပ်ရောဂါကြောင့် Ballon d’Or ဆုပေးပွဲကို သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ကျင်းပခြင်းမရှိခဲ့ပါဘူး။
ဒါ့ကြောင့် တိုက်စစ်မှူး လီဝန်ဒေါစကီးနဲ့ ထိုက်တန်နေခဲ့တာတောင် ဆုပေးပွဲမရှိလို့ မရခဲ့တဲ့ ကံဆိုးမှုတွေကို သူအနေနဲ့ တွေ့ကြုံခံစားခဲ့ရပါတယ်။ ၂၀၂၁ Ballon d’Or ဆုပေးပွဲမှာတော့ လီယွန်နယ်မက်ဆီက သူ့ရဲ့ ၇ ကြိမ်မြောက်ဆုကို ဆွတ်ခူးသွားခဲ့ပြီး ၂၀၂၀ အတွက် ဆုပေးပွဲ ပြန်လည်ကျင်းပပြီး လီဝန်ဒေါစကီးကို ပြန်လည် ချီးမြှင့်သင့်တယ်လို့ မက်ဆီက UEFA ကို အကြံပြု တင်ပြခဲ့ပါတယ်။
ဘိုင်ယန်မြူးနစ်ကစားသမားဘဝတလျှောက် ရောဘတ်လီဝန်ဒေါစကီး ရယူခဲ့တဲ့ဆုများ
ပင်တိုင်တိုက်စစ်မှူးဟာ ဘိုင်ယန်အသင်းမှာ ၂၀၁၄ ခုနှစ်ကနေ အခုထိ ၈ နှစ်ကြာကာလတစ်ခုမှာ ပြိုင်ပွဲစုံ ၃၇၄ ပွဲကို ၃၄၃ ဂိုးသွင်းယူပေးခဲ့ပြီး ၇၄ ကြိမ် ဂိုးဖန်တီးမှု ပြုလုပ်ထားပါတယ်။ သူ့ရဲ့ သွင်းဂိုး အရေအတွက်အရ ရောဘတ်ဟာ ဂရတ်မူလာနောက် ကလပ်ရဲ့ ဒုတိယမြောက် ဂိုးသွင်းအများဆုံး ကစားသမားလည်း ဖြစ်ပါတယ်။
အသင်းလိုက်ဆုတွေအနေနဲ့
ဘွန်ဒက်စ်လီဂါဖလား – ၈ ကြိမ်
ဥရောပ ချန်ပီယံစ်လိဂ် – ၁ ကြိမ်
ကမ္ဘာ့ကလပ်ချန်ပီယံဖလား – ၁ ကြိမ်
ဥရောပ စူပါဖလား – ၁ ကြိမ်
ဂျာမန် ပိုကယ် – ၃ ကြိမ်
ဂျာမန်စူပါဖလား – ၅
အော်ဒီဖလား – ၁ ကြိမ်
တစ်ဦးချင်းဆုတွေ အနေနဲ့
ဥရောပ အကောင်းဆုံးကစားသမား – ၁ ကြိမ်
FIFA တစ်နှစ်တာ အကောင်းဆုံးကစားသမား – ၂ ကြိမ်
ဥရောပ ရွှေဖိနပ်ဆု – ၁ ကြိမ်တို့ကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။
စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က
အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။