Thiago Silva နေရာ အစားထိုး ၃ ခု။

Thiago Silva Three possible replacements WS
April 22, 2024

နောက်ခံလူ Thiago Silva ‌[ သီယာဂို ဆေးလ်ဗား ] နေရာ အစားထိုး ၃ ခု။

Thiago Silva ‌[ သီယာဂို ဆေးလ်ဗား ] ဟာ ချဲလ်ဆီး အသင်းကနေ ထွက်ခွာဖို့ နီးစပ်လာခဲ့ပြီးနောက် သူ့နေရာကို အစားထိုးဖို့ ဖြစ်နိုင်ခြေ ကစားသမား ၃ ဦး ရှိနေပါတယ်။

သီယာဂို ဆေးလ်ဗားက အက်ဖ်အေဖလား ဆီမီးဖိုင်နယ်မှာ မန်စီးတီးကို ရှုံးနိမ့်ခဲ့ပြီးနောက် အခု နွေရာသီမှာ ချဲလ်ဆီးအသင်းကနေ ထွက်ခွာတော့မယ် လို့ အရိပ်အမြွက် ပြောကြားခဲ့ပါတယ်။

👇 1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့ 👇

Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

ဇွန်လကုန်မှာ ချဲလ်ဆီးနဲ့ စာချုပ် သက်တမ်း ကုန်ဆုံးတော့မယ့် သီယာဂို ဆေးလ်ဗား။

ဘရာဇီးသား နောက်ခံလူ Thiago Silva ‌[ သီယာဂို ဆေးလ်ဗား ] ဟာ အခုဆို အသက် ၃၉ နှစ်ရှိပြီဖြစ်ပြီး သူ့ရဲ့ လက်ရှိစာချုပ်ဟာ ဇွန်လကုန်မှာ သက်တမ်းကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။

Fluminense ကို ပြန်သွားဖို့ ဖြစ်နိုင်ခြေ ရှိပြီး Wembley မှာ ချဲလ်ဆီးအသင်း ရှုံးနိမ့်ပြီးနောက် ဆေးလ်ဗား ရဲ့  မှတ်ချက်များက အသင်းကနေ ထွက်ခွာဖို့ ရှောင်လွှဲလို့ မရလုနီးပါးဖြစ်နေကြောင်း သိရပါတယ်။

Thiago Silva at Fluminense

Fluminense ကစားသမားဟောင်း သီယာဂို ဆေးလ်‌ဗား။

သူ့ရဲ့ ချဲလ်ဆီး အနာဂတ် နဲ့ ပတ်သက်ပြီး မေးမြန်းရာမှာ  “လာမယ့် ရက်တွေမှာ မင်းသိလိမ့်မယ်။ ရှုံးပွဲ အပြီးမှာ ကျွန်တော် ဘာမှ မပြောလိုပါဘူး။ ရလဒ်အတွက်တော့ ဝမ်းနည်းမိပါတယ်၊ သတင်းတွေ ထွက်လာလိမ့်မယ်။ ”  လို့ ဆေးလ်ဗားက ပွဲအပြီးမှာ ပြောဆိုခဲ့ပါတယ်။

ချဲလ်ဆီးမှာ သူ့ ရဲ့ အနာဂတ်နဲ့ ပတ်သက်လို့ Thiago Silva ‌[ သီယာဂို ဆေးလ်ဗား ] က

“ကျွန်တော့်စိတ်ထဲမှာ ဆုံးဖြတ်ချက်တစ်ခုရှိပေမယ့် အဲဒါကို မျှဝေဖို့ အချိန် မဟုတ်သေးပါဘူး။ ဒါဟာ တစ်ဦးချင်း အားကစား မဟုတ်ပေမယ့် ဒီမှာ ကျွန်တော့်ရဲ့ ၄ နှစ်တာ အရမ်းကောင်းပါတယ်။

“ ကိုယ့်ကိုကိုယ် မယုံကြည်တာမဟုတ်ပေမယ့် ကျွန်တော့်အသက်အရွယ်နဲ့ ဒီလိဂ်ရဲ့ ပြင်းထန်မှုအရ ၃၉ နှစ်နဲ့ မြင့်မားတဲ့အဆင့် ကစားသမားတွေကို တွေ့ရခဲပါတယ်။ ကျွန်တော့် အကြောင်း ပြောရတာ မကြိုက်ဘူး ဒါပေမယ့် ဒါကို မင်းမြင်နိုင်တယ်။ ”

Thiago Silva vs Man City

မန်စီးတီးကို ရှုံးနိမ့်ခဲ့ပြီးနောက် ချဲလ်ဆီး နောက်ခံလူ သီယာဂို ဆေးလ်ဗား။

“ ဆီမီးဖိုင်နယ်မှာ ကျွန်တော် အချိန်ပို ကစားဖို့ အဆင်သင့် ဖြစ်နေပါပြီ။ ဘောလုံး ဆက်ကစားဖို့ နှစ်အနည်းငယ် ကျန်နေသေးတယ်လို့ မြင်ပါတယ်။” လို့ မှတ်ချက်ပြု ပြောဆိုခဲ့ပါတယ်။

ချဲလ်ဆီး နောက်ခံလူ Thiago Silva ‌[ သီယာဂို ဆေးလ်ဗား ] နေရာ အစားထိုး ၃ ဦး။

အော်စမန် ဒီယော်မန်ဒီ ( စပို့တင်း လစ္စဘွန်း )။

ဒီယော်မန်ဒီဟာ ဥရောပ ရဲ့ ထိပ်တန်း ကလပ်များမှ စောင့်ကြည့းခြင်း ခံနေရပြီး လာမည့် အပြောင်းအရွှေ့ ဈေးကွက် အတွင်း Sporting CP မှ ထွက်ခွာမယ်လို့ မျှော်လင့်ရပါတယ်။

အဲ့အထဲမှာ ချဲလ်ဆီးအသင်း ကလည်း ၁ သင်း အပါအဝင် ဖြစ်ပြီး အိုင်ဗရီယန်ကို ခေါ် ယူခြင်းဟာ သူ့ ရဲ့ ထင်ရှားသော အရည်အချင်းများကို ရယူနိုင်မယ့် အကြံဉာဏ်ကောင်းတစ်ခု ဖြစ်နိုင်ပါတယ်။

မာကွင်းညို့စ် ( ပဲရစ် ဆိန့် – ဂျာမိန်း )

ဆေးလ်ဗားက ထွက်ခွာဖို့ စီစဉ်ထားသောကြောင့် သူ့ရဲ့ ဘရာဇီးလ်အသင်းဖော်လည်းဖြစ်၊ ပီအက်စ်ဂျီအသင်းဖော်ဟောင်းလည်း ဖြစ်တဲ့ Marquinhos ကို ခေါ်ယူခြင်းဟာ သင့်လျော်တဲ့ အကြံဥာဏ်တစ်ခုဖြစ်မှာပါ။

Thiago Silva vs Marquinhos at Brazil

ဘရာဇီးလ်နဲ့ ပီအက်စ်ဂျီ အသင်းဖော်ဟောင်း မာကွင်းညို့စ်နဲ့ သီယာဂို ဆေးလ်ဗား။

သူ့ ရဲ့ အသက်အရွယ် နဲ့ ခေါင်းဆောင်မှုပိုင်းဟာ လက်ရှိ ဆေးလ်ဗားလိုပဲ အရည်အသွေးမြင့်မားပြီး ပိုချက်တီနိုကလည်း သူ့အနေနဲ့ ဒီနွေရာသီမှာ အတွေ့အကြုံရှိသူတွေကို ထပ်ပေါင်းချင်နေပြီး မာကွင်းညို့စ်က ဒီလိုအပ်ချက်အတွက် ပြီးပြည့်စုံသူ ဖြစ်ပါလိမ့်မယ်။

ထရယ်ဗေါ့ ချာလိုဘာ ( ချဲလ်ဆီး )

ပြောရတာ တမျိုးကြီး ဖြစ်နေတယ်လို့ ထင်ရပေမယ့် ထရယ်ဗေါ့ ချာလိုဘာ အနေ နဲ့ ဝါရင့်နောက်ခံလူ သီယာဂို ဆေးလ်ဗား ထွက်သွားချိန်မှာ သူ့နေရာကို အလွယ်တကူ တက်လှမ်းလာနိုင်ပါတယ်။

အဆိုပါ အင်္ဂလန်သားဟာ အခု နွေရာသီမှာ ချဲလ်ဆီးအသင်းကနေ ထွက်ခွာဖို့ မျှော်လင့်ထားပေမယ့် ဒဏ်ရာမှ ပြန်လည် သက်သာလာပြီးနောက် ပုံမှန် ကစားသမားတစ်ဦး ဖြစ်လာကာ ပိုချက်တီနိုက သူ့ကို တန်ဖိုးထားနေကြောင်း ထင်ရှားလာပါတယ်။

သူ့မှာ ဆေးလ်ဗားလိုမျိုး အတွေ့အကြုံ မရှိပေမယ့် အကယ်ဒမီထွက် တစ်ဦး ဖြစ်ပြီး  ဒီ ရွေးချယ်မှု က ချဲလ်ဆီး တို့ အနေနဲ့ နာပိုလီ တိုက်စစ်မှူး ဗစ်တာ အိုစီမှင်ကို ခေါ် ယူနိုင်ဖို့ ငွေစုနိုင်စေမှာ ဖြစ်ပါတယ်။

စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က

အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

Leave A Comment