Sancho ကို ချဲလ်ဆီး ဘာလို့ မခေါ် နိုင်ခဲ့တာလဲ။?

Sancho could not be signed by Chelsea
September 6, 2023

ချဲလ်ဆီးတို့ ယူနိုက်တက် တောင်ပံ ကစားသမား Sancho [ ဆန်ချို ] ကို ဘာလို့ မခေါ် နိုင်ခဲ့တာလဲ။

Sancho [ ဂျေဒန် ဆန်ချို ] ကို ချဲလ်ဆီးတို့ ဒီနွေရာသီမှာ ခေါ် ယူဖို့ စိတ်ဝင်စားနေခဲ့ပေမယ့် သူ့ ရဲ့  စိတ်အခြေအနေအပေါ် စိုးရိမ် ပူပန်မိကာ သူ့ အစား Cole Palmer ကိုသာ အစားထိုး ခေါ် ယူခဲ့တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

အသက် 21 နှစ်အရွယ်ရှိ Cole Palmer ဟာ အပြောင်းအရွှေ့ နောက်ဆုံးနေ့ မှာ မန် စီးတီး အသင်း ကနေ ချယ်လ်ဆီး ကို ယူရို ၄၇ သန်း နဲ့ ပြောင်းရွှေ့ ဖို့ သဘောတူညီမှု ရရှိခဲ့ပါတယ်။

👇 1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့ 👇

Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။

ဂျေဒန် ဆန်ချို အစား ကိုးလ် ပါးလ်မား ကို ခေါ် ယူဖြစ်ခဲ့တဲ့ ချဲလ်ဆီး။

အင်္ဂလန် U-21 ကြယ်ပွင့်အား စနေနေ့က နော်တင်ဟမ် ဖောရက်စ် အသင်းကို ကလပ်  ၁ – ၀ ဂိုး နဲ့ ရှုံးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဥ်မှာ အသင်းသစ် အတွက် သူ့ ရဲ့ ပထမဆုံး ပွဲထွက်ခွင့် ရရှိခဲ့ပါတယ်။

တကယ်တော့ အနောက် လန်ဒန်ကလပ်ကလည်း မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ အင်္ဂလန် ကြယ်ပွင့် ဆန်ချို Sancho [ ဂျေဒန် ဆန်ချို ] ကို ခေါ်ယူရန် စိတ်ဝင်စားခဲ့တာ အမှန်ပါ။

Sancho Cole Palmer vs Nottingham

နော်တင်ဟမ်နဲ့ ပွဲမှာ ပွဲဦးထွက်ကစားခဲ့တဲ့ ပါလ်မာ။

အပြောင်းအရွှေ့ ဆရာကြီး Fabrizio Romano ဟာ မကြာသေးမီက သူ့ ရဲ့  YouTube ချန်နယ်မှာ Sancho [ ဂျေဒန် ဆန်ချို ] ရဲ့ အပြောင်းအရွှေ့ နဲ့ ပတ်သက်လို့ အကြောင်းအရာ တချို့ကို‌ ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

ယူနိုက်တက် ကြယ်ပွင့် Sancho [ ဂျေဒန် ဆန်ချို ] နဲ့ ပတ်သက်လို့ ဖာဘရီဇီယို ရိုမန်နိုက

“ Manchester United နဲ့  ချဲလ်ဆီးတို့ Marc Cucurella အပြောင်းအရွှေ့ အတွက် ဆွေးနွေးကြတဲ့အခါ Jadon Sancho က ဒီဆွေးနွေးပွဲထဲကို ရောက်လာခဲ့ပြီး ဖြစ်နိုင်တာကတော့ ကစားသမားချင်း လှဲလှယ်တဲ့ ပုံစံမျိုးပါပဲ။ ”

“ ဒါပေမယ့်လည်း ဒီဆွေးနွေးမှုဟာ ခိုင်မာပြီး ဖြစ်လာဖို့ နီးစပ်တာမျိုး ဒါမှမဟုတ် အဆင့်မြှင့်တင်မှုမျိုး ဘယ်တုန်းကမှ မရှိခဲ့ပါဘူး။ ” လို့ သူ့ ရဲ့ YouTube ချန်နယ်မှာ ပြောဆိုခဲ့ပါတယ်။

Sancho played 41 EPL games for United

ဆန်ချိုဟာ ယူနိုက်တက်အတွက် ပရီးမီးယားလိဂ်ပွဲစဥ် ၄၁ ပွဲသာ ကစားရပါသေးတယ်။

ဒါ့အပြင်၊ Daily Mail ရဲ့ Chris Wheeler က Chelsea အနေနဲ့  Sancho ရဲ့ စိတ်နေစိတ်ထား နဲ့ ပတ်သက်လို့ စိုးရိမ်မှုများရှိကြောင်း နဲ့ သူ့ အစား ပါလ်မာကို ခေါ် ယူဖို့ ဖြစ်စေခဲ့ကြောင်း ဖော်ပြခဲ့ပါတယ်။

ဒေါ့မွန် ကြယ်ပွင့်ဟောင်းဟာ 2021 ခုနှစ်မှာ အိုးလ်ထရက်ဖို့ဒ်ဆီ ယူရို ၈၅ သန်း နဲ့ ပြောင်းရွှေ့လာကတည်းက ပုံမှန် ခြေစွမ်း ရရှိဖို့ ရုန်းကန်ခဲ့ရပြီး ကလပ်အတွက် ပရီးမီးယားလိဂ်ပွဲ ၄၁ ပွဲသာ ကစားထားနိုင်ခဲ့ပါတယ်။

နည်းပြ အဲရစ် တန်ဟက်ဂ် နဲ့ Sancho [ ဂျေဒန် ဆန်ချို ]။

အသက် 23 နှစ်အရွယ် ဆန်ချိုဟာ အာဆင်နယ် နဲ့ ပွဲမှာ လူစာရင်းကနေ ချန်လှပ်ထားရခြင်း  အကြောင်းရင်းခံပြီး  သူ့ရဲ့ Twitter မှာ မက်ဆေ့ချ် တချို့ တင်ခဲ့ပြီးနောက် မကြာသေးမီရက်များအတွင်း ခေါင်းစီးသတင်းများ ထွက်ပေါ်လာခဲ့ပါတယ်။

Ten Hag ရဲ့ ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲတွင် ကိုးကားချက်များကို အွန်လိုင်းတွင် ပျံ့နှံ့ခဲ့ပြီးနောက် Sancho က Twitter တွင် မှာ – “ မင်းတို့ ဖတ် သမျှကို မယုံပါနဲ့။ လုံးဝ မမှန်မကန် ပြောတာတွေကို ခွင့်မပြုပါဘူး။ ”

Sancho vs Erik Ten Hag

ဆန်ချိုဟာ ပွဲထွက်ခွင့်နဲ့ပတ်သက်လို့ သူ့ရဲ့ Twitter မှာ ရေးသားဖြေရှင်းခဲ့ပါတယ်။

“ ဒီတစ်ပတ်မှာ ကျွန်တော်ကိုယ်တိုင် လေ့ကျင့်မှု အရမ်းကောင်းခဲ့တယ်။ ငါဒီကိစ္စအတွက် ငါမပါဝင်ရတဲ့ တခြားအကြောင်းပြချက်တွေ ရှိမယ်လို့ ငါယုံကြည်တယ်။ မတရားဘူးလို့ ပြောဆို စွပ်စွဲနေကြတာ ကြာပြီ။  ”

“ ကျွန်တော်လုပ်ချင်တာက ကျွန်တော့်မျက်နှာပေါ်မှာ အပြုံးလေးနဲ့ ဘောလုံးကစားပြီး ကျွန်တော့်အသင်းကို အကျိုးပြုဖို့ပါပဲ။ နည်းပြဝန်ထမ်းတွေ ချမှတ်တဲ့ ဆုံးဖြတ်ချက်အားလုံးကို လေးစားပါတယ်။ ”

“ ထူးချွန်တဲ့ ကစားသမားတွေနဲ့ ကစားပြီး အပတ်တိုင်း စိန်ခေါ်မှုတစ်ခုလို့ သိထားတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီတံဆိပ်အတွက် ကျွန်တော် ဆက်လက်တိုက်ပွဲဝင်သွားမှာပါ။ ” လို့ ရေးသား ဖော်ပြခဲ့ပါတယ်။

စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က

အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

Leave A Comment