Ferdinand ပြောတဲ့ ယူနိုက်တက်အတွက် ကစားသမားနှစ်ဦး။

Ferdinand was speaking about strikers for Man U
February 23, 2023

နောက်ခံလူဟောင်း Ferdinand [ ရီယို ဖာဒီနန် ] ဖော်ပြလိုက်တဲ့ ယူနိုက်တက်အတွက် သင့်တော်တဲ့ ကစားသမား နှစ်ဦး

Ferdinand [ ရီယို ဖာဒီနန် ] က သူ့ရဲ့ အသင်းဟောင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းကို ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်အောင် ယှဥ်ပြိုင်နိုင်မယ့် ထိပ်တန်း ကစားသမား နှစ်ဦးကို ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

ဟယ်ရီကိန်း ဒါမှမဟုတ် ဗစ်တာအိုစီမင်ရဲ့ ပုံစံဖြင့် အရည်အသွေးမြင့် နံပါတ် ၉ ကို ခေါ်ယူခြင်းဟာ အဲရစ် တန်ဟက်ဂ်ရဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းကို ချန်ပီယံဆု အတွက် ပြိုင်ဖက်များအဖြစ် ပြောင်းလဲသွားမည် ဖြစ်ကြောင်း Rio Ferdinand က ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

👇 1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့ 👇

Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။

ယူနိုက်တက်အတွက် တိုက်စစ်ပိုင်းအားဖြည့်ဖို့လိုအပ်ကြောင်း Ferdinand [ ဖာဒီနန် ] က ထောက်ပြထားပါတယ်။

သရဲနီတွေဟာ ပရီးမီးယားလိဂ်မှာ အမှတ်ပေး ဇယားထိပ်က အာဆင်နယ်နောက် ငါးမှတ် အကွာမှာ ရပ်တည်နေပြီး ယူရိုပါလိဂ်မှာလည်း ဆက်လက် ကစားထားဆဲ ဖြစ်ပြီး လာမယ့် သောကြာနေ့ မနက်မှာ ဘာစီလိုနာအသင်းနဲ့ ဒုတိယအကျော့ တွေ့ဆုံရမှာ ဖြစ်ပါတယ်။

အဲရစ် တန်ဟက်ရဲ့ ကစားသမားတွေဟာ ပြိုင်ပွဲ နှစ်ရပ်စလုံးမှာ ကောင်းမွန်စွာ နေရာယူထားပေမယ့် ကစားသမားဟောင်း Ferdinand အနေနဲ့ သူတို့ကို Gunners ဒါမှမဟုတ် မန် စီးတီးတို့ထက်  အဆင့်မြှင့်တင်ဖို့ တိုက်စစ်ပိုင်းမှာ အင်အားထပ်ဖြည့်ဖို့ လိုအပ်ကြောင်း ထောက်ပြထားပါတယ်။

Ferdinand was speaking about strikers for Man U

ဖာဒီနန် ရဲ့ BT Sport နဲ့ စကားပြော အစီအစဥ်။

BT Sport နဲ့ စကားပြောဆိုတုန်းက ဟယ်ရီ ကိန်း နဲ့ ဗစ်တာ အိုစီမင် တို့ နှစ်ယောက်ထဲမှ နွေရာသီ အပြောင်းအရွှေ့မှာ သူ့ရဲ့ အသင်းဟောင်း အနေနဲ့ လက်မှတ်ရေးထိုးမှုမှာ သတ်မှတ်ချက်တွေနဲ့ ပတ်သက်ပြီး ဖာဒီနန်က ဘယ်သူ့ကို မြင်တွေ့လိုသလဲလို့ မေးမြန်းခံခဲ့ရပါတယ်။

တိုက်စစ်မှူး နှစ်ယောက် ခေါ် ယူမှုနဲ့ ပတ်သက်ပြီး Ferdinand [ ရီယို ဖာဒီနန် ] က ရွေးချယ်ထားပါတယ်။

ဒီ တိုက်စစ် ကစားသမား နှစ်ဦး စလုံးက အရင်ကတည်းက Old Trafford [ မန်ချက်စတာ ယူနိုက်တက် ] ဆီ ပြောင်းရွှေ့ဖို့ အလားအလာ များစွာနဲ့ ချိတ်ဆက်မှုတွေ ရှိနေခဲ့ပါတယ်။

“ရင်းနှီး မြုပ်နှံမှု အကြောင်း ပြောရရင်၊ သူ့ အသက်အရွယ်ကြောင့် ဗစ်တာ အိုစီမင် ကို ‌ရွေးချယ် ဖြစ်နိုင်ပါတယ်။ သူ့အသက် ၂၄ နှစ်မှာ ပြန်ရောင်း တန်ကြေး တစ်ခု ရှိပါတတယ်။ ” ဒါဟာ ကုန်ကျစရိတ် ကြီးကြီးမားမား ဖြစ်သွားမယ်။ ကျွန်တော်ကတော့ သူ့ကို ရွေးပါတယ်။ ”

Ferdinand Harry kane vs Manchester United

ယူနိုက်တက်နဲ့ တွေ့ဆုံခဲ့တုန်းက ဟယ်ရီကိန်း။

“ခင်ဗျားတို့ ပြောခဲ့တဲ့ ကစားသမား နှစ်ယောက်ထဲက တစ်ယောက်ယောက်ကို မန်ချက်စတာ ယူနိုက်တက်က သူတို့ရဲ့ စာရင်းမှာ ထည့်လိုက်မယ်ဆိုရင်၊ သူတို့က ချန်ပီယံဆု အတွက် ပြိုင်ဖက်တွေ ဖြစ်လာမှာပါ။” လို့ Ferdinand [ ရီယို ဖာဒီနန် ] က ပြောပါတယ်။

အိုစီမင် ဟာ အမ်ဘာပေ လောက် ခြေစွမ်းမကောင်းသေးပါဘူး။

အိုစီမင်ဟာ ဖရန့်ဖက်ကို အဝေးကွင်း မှာ ၂-၀ ဂိုးနဲ့ အနိုင်ရခဲ့သော ချန်ပီယံလိဂ် ၁၆ သင်းအဆင့်တွင် နာပိုလီ ကို ကူညီပေးခဲ့ ပြီး လိုင်လီ တိုက်စစ်မှူးဟောင်းက အဲ့ဒီ ပွဲမှာ ၁ ဂိုး သွင်းယူခဲ့တာနဲ့ ပတ်သက်ပြီး ဖာဒီနန်က ပြောဆိုခဲ့ခြင်း ဖြစ်ပါတယ်။

အဲဒါဟာ စီးရီးအေ နဲ့ ဥရောပမှာရော ပုံစံကောင်း ရနေတဲ့ နာပိုလီ အသင်းအတွက် ဒီရာသီရဲ့ ၂၄ ပွဲကစားပြီး ၂၀ မြောက်ဂိုးကို သွင်းယူခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒါနဲ့ ပတ်သက်ပြီး ရီယို ဖာဒီနန်ကတော့ သူ့ရဲ့ပုံစံက နာပိုလီ ကစားသမား ဘဝ ၁၈ လ အတွင်း ပုံစံကောင်းတွေ ရနေပြီး ထူးထူးခြားခြား ဖြစ်နေပေမယ့် ထိပ်တန်း ကစားသမား မဟုတ်သေးဘူးလို့ ဆိုပါတယ်။

Ferdinand Osimhen scored against Frankfurt

ဖရန့်ဖက်ဘက်ကို ဂိုးသွင်းယူလိုက်တဲ့ အိုစီမင်။

“ပုံစံအရ၊ သူက ခြေစွမ်းကောင်း‌ပါတယ်။ ဒါဆို အခု ယူနိုက်တက်မှာ မားကပ်စ် ရက်ရှ်ဖို့ဒ် တစ်ယောက် ပုံစံကောင်း ရနေသလိုမျိုးပေါ့။ ဒါပေမယ့် ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေ အကြောင်းပြောရင်၊ အမ်ဘာပေကတော့ အဲ့အဆင့်မှာ ရှိတယ်။ ” လို့ ဖာဒီနန်က ပြောပါတယ်။

ဗစ်တာ အိုစီမင် နဲ့ ဟယ်ရီ ကိန်း တို့ကို လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ မန် ယူနိုက်တက် အသင်းဆီ ခေါ် ယူဖို့ဆို ယူရို သန်း ၁၀၀ ကျော် ကုန်ကျမယ်လို့ မျှော်လင့်ရပါတယ်။

စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က

အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

Leave A Comment