Trossard ကို ခေါ်ယူဖို့ စိတ်ဝင်စားလာတဲ့ ချဲလ်ဆီး။

Leandro Trossard Brighton are asking for £25 million
January 18, 2023

ဘရိုက်တန် တိုက်စစ်မှူး Leandro Trossard [ လီယန်ဒရို ထရိုဆက်ဒ် ] ကို ခေါ် ယူဖို့ စိတ်ဝင်စားနေပါတယ်။

Trossard [ လီအန်ဒရို ထရိုဆက်ဒ် ] ကို ခေါ် ယူဖို့ အာဆင်နယ် အသင်းက ယုံကြည်မှု အပြည့်နဲ့ အပိုင်စီးထားပေမယ့် အခု ဘရိုက်တန် တိုက်စစ်မှူးကို ခေါ် ယူဖို့ ချဲလ်ဆီး အသင်းကလည်း ဖြတ် ခေါ်ယူဖို့ ကြိုးစားလာပါတယ်။

ချယ်လ်ဆီး အသင်းဟာ ဘရိုက်တန် တိုက်စစ်မှူး လီအန်ဒရို ဆက်ဒ် ကို ခေါ်ယူခြင်းဖြင့် သူတို့ ပြိုင်ဘက်တွေရဲ့ အပြောင်းအရွှေ့ အစီအစဉ်တွေကို ဖျက်ဆီးဖို့ ကြိုးပမ်းခဲ့ပြီးနောက် ချယ်လ်ဆီးနဲ့ အာဆင်နယ်တို့ ထပ်မံ စစ်ဖြစ်တော့မှာ ဖြစ်ပါတယ်။

👇 1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့ 👇

Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။

တိုက်စစ်မှူး ထရိုဆက်ဒ်ဟာ မကြာသေးခင်က သူ့ရဲ့ နည်းပြနဲ့ စကားများခဲ့ကြပါတယ်။

လန်ဒန်ပြိုင်ဘက် နှစ်သင်းဟာ ယူကရိန်းသား မီခါအိလာ မူဒရစ် ကို ခေါ် ယူဖို့ ကြိုးပမ်းရာမှာ ထိပ်တိုက် တွေ့လာခဲ့ပြီး ချဲလ်ဆီးအသင်းက ရှက်တာ တိုက်စစ်မှူးအတွက် အာဆင်နယ်ရဲ့ ချဉ်းကပ်မှုကို အပိုင်စီးကာ ပြောင်းရွှေ့ကြေး ယူရို သန်း ၁၀၀ နဲ့ ခေါ်ယူနိုင်ခဲ့ပါတယ်။

ဘယ်လ်ဂျီယံသား  ထရိုဆက်ဒ် ဟာ နွေရာသီမှာ ကုန်ဆုံးမယ့် သူ့ရဲ့ စာချုပ်ကို သက်တမ်းတိုးဖို့ ငြင်းဆိုခဲ့ပြီး နည်းပြ ရောဘတ်တို ဒီ ဇာဘီ နဲ့ စကားများပြီးနောက် ဘရိုက်တန် ကနေ ထွက်ခွာဖို့ အလားအလာ ရှိနေပါတယ်။

Trossard falled out with manager

ထရိုဆက်ဒ်ဟာ မန်နေဂျာ ဒီဇာဘီနဲ့ စကားများခဲ့ကြပါတယ်။

ဘရိုက်တန်အသင်းဟာ တိုက်စစ်မှူး Trossard ရဲ့ စာချုပ်ကို နောက်ထပ် သက်တမ်းတိုးဖို့ ရွေးချယ်ခွင့်ကို ဆက်လက် ထိန်းသိမ်းထားပေမယ့် Seagulls [ ဘရိုက်တန် ] ရဲ့ နောက်ဆုံး နှစ်ပွဲ ကစားအပြီးမှာ သူ့ကို ရောင်းချဖွယ် ရှိနေပါတယ်။

ဒါပေမယ့် နည်းပြ ဒီ ဇာဘီ က အသက် ၂၈ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ တိုက်စစ်မှူးဟာ ကလပ်အသင်းမှာ သူ့ကိုယ်သူ ပြန်လည် ပြင်ဆင်ဖို့ အခွင့်အရေး ရှိနေသေးကြောင်း အခိုင်အမာ ပြောကြားခဲ့ပါတယ်။

လန်ဒန်အသင်းဆီ ပြောင်းရွှေ့ဖို့ Trossard [ လီအန်ဒရို ထရိုဆက်ဒ် ] ပြင်ဆင်နေသလား။

တော့တင်ဟမ် ဟော့စပါး အသင်းဟာ Trossard [ လီအန်ဒရို ထရိုဆက်ဒ် ] အတွက် ရှေ့ပြေးအဖွဲ့လို့ ထင်ရပေမယ့် အာဆင်နယ်တို့ဟာ မူဒရစ် ကို လွဲချော်ခဲ့ပြီးနောက် သူတို့ရဲ့ ခါးသီးတဲ့ ပြိုင်ဘက်များကို အလဲထိုးဖို့ ရည်မှန်းထားကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

ဒါပေမယ့်လည်း မြောက်လန်ဒန် အသင်း နှစ်သင်းစလုံးဟာ ချယ်လ်ဆီးရဲ့ စိတ်ဝင်စားမှု အပြီးမှာ သောင်တင်နေနိုင်ပြီး မန်နေဂျာ ဂရေဟမ်ပေါ်တာက ၂၀၁၉ ခုနှစ်တုန်းက ဘရိုက်တန်ဆီ သူယူဆောင်လာခဲ့တဲ့ ကစားသမား နဲ့ ပြန်လည် ပေါင်းစည်းဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။

Trossard scored 7 goals for Brighton

ထရိုဆက်ဒ်ဟာ ဒီရာသီ ဘရိုက်တန်အတွက် ပရီးမီးယားလိဂ် ၇ ဂိုးသွင်းယူထားပါတယ်။

အသက် ၂၈ နှစ် အရွယ်ရှိ Trossard [ လီအန်ဒရို ထရိုဆက်ဒ် ] ဟာ အခု အချိန်အထိ ပရီးမီးယားလိဂ် သွင်းဂိုး ၇ ဂိုးနဲ့ ရာသီအစတွင် အထင်ကြီးလောက်စရာ ပုံစံနဲ့ စ,တင်ခဲ့ပြီး ပိုကြီးကျယ်တဲ့ အသင်းဆီ ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေကြောင်း ယုံကြည်ရပါတယ်။

ဘရိုက်တန်အသင်းဘက်က သူတို့ရဲ့ ကြယ်ပွင့် ကစားသမားကို ပေါင် ၂၅ သန်းထက် နည်းရင် ဘယ်လိုနည်းနဲ့မှ ရောင်းချမှာ မဟုတ်ဘူးလို့ အခိုင်အမာ ပြောထားပြီး ဒါဟာ စိတ်ဝင်စားသူ အများစုအတွက် ဆွဲဆောင်မယ့် ကိန်းဂဏန်း တစ်ခု ဖြစ်နေပါတယ်။

ငွေကြေး ဆက်လက်အသုံးပြုပြီး တိုက်စစ်မှူးကို ခေါ်ယူသွားမယ့် ချဲလ်ဆီး။

ချဲလ်ဆီးအသင်းဟာ အခု ရာသီမှာ ပေါင်သန်း ၄၀၀ ကျော် အသုံးပြုထားပြီး ဖြစ်ပေမယ့် ငွေဆက်သုံးဖို့ ပြင်ဆင်နေပြီး အာဆင်နယ်အသင်းဟာ ဒဏ်ရာရနေသော ဂါဘရီရယ်ဂျီးဆပ် နေရာ အစားထိုးဖို့ တိုက်စစ်မှူး တစ်ဦးအတွက် Trossard ကို တတ်နိုင်တဲ့ အသင်းရွေးချယ်မှုအဖြစ် ရှုမြင်နေပါတယ်။

တော့ တင်ဟမ် ဟော့စပါး အသင်းဟာ မကြာသေးခင်က ကျဆင်းနေတဲ့ အခြေအနေကနေ ဖြတ်ကျော်ဖို့  ကြိုးပမ်းနေပေမယ့် သူတို့ နှစ်ဦးစလုံး နဲ့ အာဆင်နယ်တို့ဟာ ချဲလ်ဆီးရဲ့ ဈေးကွက် အသုံးစရိတ်ကို သတိထားနေကြဆဲ ဖြစ်ပါတယ်။

Trossard scored against Chelsea

ချဲလ်ဆီးဘက်ကို ဂိုးသွင်းယူခဲ့တဲ့ ထရိုဆက်ဒ်။

နည်းပြ ဒီဇာဘီက တိုက်စစ်မှူးကို ပထမအသင်းကနေ ထွက်ခွာ လေ့ကျင့်ဖို့ ပြောခဲ့ပြီးနောက် ကစားသမား ‌အနေနဲ့ အရှက်ရစေခဲ့ပြီး တိုက်စစ်မှူးရဲ့ အေးဂျင့်က မကြာသေးခင်က ကြေငြာချက် ထုတ်ပြန်ခဲ့ပါတယ်။

အဲ့ဒါနဲ့ ပတ်သက်ပြီး ဘရိုက်တန် နည်းပြဘက်က ကစားသမားနဲ့ ပြန်လည် သင့်မြတ်ရေးကို မျှော်လင့်နေပေမယ့် အပြောင်းအရွှေ့ကတော့ နိဂုံးချုပ်သွားပုံ ပေါ်ပါတယ်။

စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က

အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

Leave A Comment