Odegaard ကို ရောင်းလိုက်တာ ရီးယဲလ်တို့ မှာများမှားသွားလား။

Odegaard at Arsenal
January 16, 2023

တစ်ပွဲပြီးတစ်ပွဲ ကမ္ဘာ့အဆင့် ကစားသမားဖြစ်လာတဲ့ Martin Odegaard [ မာတင် အိုဒီဂတ် ] ။

Odegaard [ မာတင် အိုဒီဂတ် ] ဟာ မြောက်လန်ဒန် ဒါဘီမှာ စပါး ဂိုးသမား ဟိုဂို လိုရစ်စ်ရဲ့ ဂိုး ဘယ်ဘက်ဒေါင့်ကို  ခပ်ပြင်းပြင်း ကန်သွင်းလိုက်ပြီး သူ့ရဲ့ သွင်းဂိုးကြောင့် အာဆင်နယ် အသင်းကို ဒုတိယဂိုးနဲ့ ဦးဆောင်စေခဲ့ပြီး ၃ မှတ် အပြည့် နဲ့ အတူ အိမ်ပြန် မျက်နှာပန်း လှခဲ့ပါတယ်။

အာဆင်နယ် အသင်းဟာ တော့တင်ဟမ် ဟော့စပါး ကွင်းမှာ တုန်းက ဂန်းနားတို့ရဲ့ ကွင်းလယ်ကို မာတင် အိုဒီဂတ်၊ သောမတ်စ် ပါတေ နဲ့ ဂရန့်နစ် ဇာခါ တို့က အကောင်းဆုံး ပုံစံနဲ့ ထိန်းချုပ်ထားခဲ့ပါတယ်။

👇 1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့ 👇

Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။

အာဆင်နယ်အသင်းကို ဇယားထိပ်မှာ ဦးဆောင်စေတဲ့ Odegaard [ မာတင် အိုဒီဂတ် ] ရဲ့ စွမ်းဆောင်ရည်။

အခုအခါ ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ဖို့ ရေပန်းအစားဆုံးအဖြစ် သတ်မှတ်ခံထားရတဲ့ အာဆင်နယ် အသင်းအတွက် Martin Odegaard [ မာတင် အိုဒီဂတ် ] ဟာ တစ်ရာသီလုံး ခြေစွမ်းပြနေတာကြောင့် တစ်ဖန်ပြန်လည် ထင်ရှားလာခဲ့ပါတယ်။

မန်ချက်စတာ စီးတီး အသင်းနဲ့ ကျန်တဲ့ တချို့ အသင်းတွေက အမှတ်တွေ ကျဆင်းနေချိန်မှာ Martin Odegaard [ မာတင် အိုဒီဂတ် ] ဦးဆောင်တဲ့ အာဆင်နယ် အသင်းကတော့ ကြံ့ခီုင်မှုတွေ ရှိသထက် ရှိလာခဲ့တာ ဖြစ်ပါတယ်။

Odegaard scored against spurs

စပါးဘက်ကို ဒုတိယဦးဆောင်ဂိုး သွင်းယူနေတဲ့ အိုဒီဂတ်။

အသက် ၂၄ နှစ် အရွယ်ရှိ မာတင် အိုဒီဂတ်ဟာ လူတိုင်းကို အံ့အားသင့်စေ‌မယ့် လူငယ် ကစားသမား၊ တက်ကြွတဲ့  အာဆင်နယ်အသင်းရဲ့ အမှတ် သင်္ကေတ တစ်ခု ဖြစ်လာခဲ့ပြီး ပရီးမီယား လိဂ် ၁၈ ပွဲ ကစားအပြီးမှာ အသင်းဟာ ဇယားထိပ်ကနေ ဒုတိယအသင်းကို ၈ မှတ် ဖြတ်ထားပါတယ်။

သူဟာ ၂၀၂၂-၂၃ ခုနှစ်အတွင်း ပရီးမီးယားလိဂ် ၁၈ ပွဲတွင် ၈ ဂိုး ( ပင်နယ်တီ မပါ ) နဲ့ ၅ ဂိုးဖန်တီးမှု ပြုလုပ်ထားပြီး ပရီးမီးယားလိဂ်မှာ ဂိုးသွင်း အများဆုံး ကွင်းလယ်ကစားသမား ဖြစ်လာခဲ့ကာ အင်္ဂလန်မှာ ကစားသမား ၃ ယောက်သာ ဂိုးဖန်တီးမှု ပိုများပါတယ်။

မာတင်အိုဒီဂတ်ဟာ ရီးယဲလ်မက်ဒရစ်မှာ နေရာ သိပ်မရခဲ့ပါဘူး။

ရိုးရိုးရှင်းရှင်း ပြောရရင် သူဟာ ဂိုးဖန်တီးပေးသူ တစ်ဦး ဖြစ်ပြီး ၂၀၂၁ နွေရာသီမှာ ရီးယဲလ်မက်ဒရစ်ကနေ အာဆင်နယ်ကို ယူရို ၃၅ သန်းနဲ့ ပြောင်းရွှေ့လာပြီးနောက် လုံးဝ အလျှော့အတင်း ရှိတယ်ဆိုတာ သက်သေပြခဲ့ပါတယ်။

အိုဒီဂတ်ဟာ ၂၀၁၅ ခုနှစ်မှာ Stromsgodset [ နော်ဝေးကလပ် ] အသင်းကနေ Real Madrid ဆီ ပြောင်းရွှေ့လာတုန်းက သူ့ရဲ့ အသက်ဟာ ၁၅ နှစ်သာ ရှိသေးပြီး သူ့ရဲ့ မွေးနေ့ မတိုင်ခင်မှာ Los Blancos [ ရီးယဲလ် မက်ဒရစ် ] အသင်းရဲ့ အသက် အငယ်ဆုံး ကစားသမား ဖြစ်လာခဲ့ပါတယ်။

Odegaard played 11 games at Real Madrid

အိုဒီဂတ်ဟာ ရီးယဲလ်မက်ဒရစ်မှာတုန်းက ၁၁ ပွဲသာ ကစားခဲ့ရပါတယ်။

အဲဒီ အခိုက်အတန့်မှာ ကွင်းလယ် တိုက်စစ် ကစားသမားကို အများကြီး မျှော်လင့်ထားခဲ့ပေမယ့် စပိန်မှာ သူမျှော်လင့်ထားတဲ့ အကောင်းဆုံး ခြေစွမ်းပြဖို့က ဘယ်တော့မှ အကောင်အထည် ပေါ်မလာခဲ့ပါဘူး။

တကယ်တော့ နော်ဝေး ကွင်းလယ်လူ Martin Odegaard [ မာတင် အိုဒီဂတ် ] ဟာ သူ့ရဲ့ နေထိုင်မှုတစ်လျှောက် ရီးယဲလ်မက်ဒရစ် အသင်းအတွက် ၁၁ ပွဲသာ ကစားပေးခဲ့ပါတယ်။

ရီးယဲလ်မက်ဒရစ်ဘက်က Odegaard [ အိုဒီဂတ် ] ကို ရောင်းလိုက်တာဟာ အာဆင်နယ်အတွက် အမြတ်ပါပဲ။

အချို့သော ကတိကို ပြသပြီး အငှားပြောင်းရွှေ့ပြီးနောက် နောက်ဆုံးမှာ သူဟာ ၂၀၂၁ နွေရာသီမှာ အာဆင်နယ်ကို အမြဲတမ်း အခြေချနေထိုင်ခဲ့ပြီး အစောပိုင်း ကာလတုန်းက အမ်းမရိတ်စ်မှာ ခြောက်လ အငှားနဲ့ ရောက်လာခဲ့ပါတယ်။

၂၀၂၁ -၂၂ ကာလအတွင်းမှာ အိုဒီဂတ် ဟာ သွင်းဂိုး ၇ ဂိုး နဲ့ ၅ ဂိုးဖန်တီးမှု နဲ့ လုံလောက်တဲ့ အထင်ကြီးစရာ ဖြစ်ခဲ့ပါတယ်။ ကြံ့ခိုင်မှုကနေ ခွန်အားတွေ တိုးလာတဲ့အတွက် သူ့ရဲ့ ဒုတိယရာသီ ဇန်နဝါရီလယ်လောက်မှာတင် အဲဒီ ပမာဏကို  တူညီသွားပြီ ဖြစ်ပါတယ်။

ကာစီမီရို၊ လူကာ မိုဒရစ် နဲ့ တိုနီ ခရူးစ်တို့ဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း မျိုးဆက်တစ်ဆက်ရဲ့ အကောင်းဆုံး ကွင်းလယ်လူသုံးဦးနဲ့ အောင်မြင်မှုတွေ ရရှိခဲ့ပေမယ့် အခုအခါ အဆိုပါ သုံးဦးဟာ တကွဲတပြား ဖြစ်ခဲ့ပြီ ဖြစ်ပါတယ်။

Odegaard controlled Arsenal Midfields

အာဆင်နယ်ကွင်းလယ်ကို ထိန်းချုပ်ထားတဲ့ အိုဒီဂတ်၊ ဇာခါနဲ့ ပါတေး။

ကာစီမီရိုကတော့ မန်ချက်စတာ ယူနိုက်တက်ဆီ ရောက်ရှိလာပြီး အသက် ၃၀ ကျော်နေကြပြီ ဖြစ်တဲ့ လူကာ မိုဒရစ် နဲ့ ခရူးစ်တို့ရဲ့ စာချုပ်တွေကတော့ လက်ရှိ ရာသီကုန်တွင် ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။

ရီးယဲလ်မက်ဒရစ် အသင်း အနေနဲ့ အိုဒီဂတ်ကို စောစီးစွာ လက်လွှတ်လိုက်ခြင်းမှာ အမှားလုပ်မိသလားလို့ သေချာပေါက် စောင့်ကြည့်နေမှာဖြစ်ပြီး အိုဒီဂတ်ဟာ ဒီစူပါစတားတွေရဲ့ စံပြနောက်ဆက်တွဲ ဖြစ်နိုင်ပေမယ့် ရီးယဲလ်မက်ဒရစ်ရဲ့ ဆုံးရှုံးမှုကတော့ အာဆင်နယ်ရဲ့ အမြတ်ပါပဲ။

စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က

အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

Leave A Comment