Morata ကို ခေါ်ယူဖို့ ကြိုးစားနေတဲ့ မန် ယူနိုက်တက်။
ရော်နယ်ဒို နေရာ အစားထိုးဖို့ Morata [ အယ်လ်ဗာရို မိုရာတာ ] ကို ဆန်ကာတင် စာရင်း ထည့်သွင်းလိုက်တဲ့ မန် ယူနိုက်တက်။
Morata [ အယ်လ်ဗာရို မိုရာတာ ] ကို မန်ချက်စတာ ယူနိုက်တက် အသင်း အနေနဲ့ သူတို့ရဲ့ နံပါတ် ၉ နေရာမှ ရပ်တည်ခဲ့တဲ့ ခရစ္စတီယာနို ရော်နယ်ဒိုရဲ့ နေရာအတွက် အစားထိုးဖို့ ကျယ်ကျယ်ပြန့်ပြန့် ကြိုးပမ်းနေကြပါတယ်။
ခရစ္စတီယာနို ရော်နယ်ဒို ဟာ ဒီရာသီမှာ မားကပ်စ် ရက်ရှ်ဖို့ဒ်နဲ့ အစားထိုးခဲ့ပြီး ရော်နယ်ဒိုက အရန်ခုံကနေ ထိုင်ကြည့်ခဲ့ရချိန်မှာ အင်္ဂလန် တိုက်စစ်မှူးကတော့ ပွဲထွက် လူစာရင်းမှာ အမြဲလိုလို ပါဝင်ခွင့် ရရှိခဲ့ပြီး ပြိုင်ပွဲစုံမှာ ၉ ဂိုးအထိ သွင်းယူထားပါတယ်။
1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့
Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။
အက်သလက်တီကို မက်ဒရစ်ဟာ မန် ယူနိုက်တက်အတွက် အဖြေရှာဖို့ နေရာ။
ပေါ်တူဂီသား ဟာ ကမ္ဘာ့ဖလား ပြိုင်ပွဲ မတိုင်ခင်က ပီယာ့စ် မော်ဂန် အား ပေါက်ကွဲတဲ့ ပုံစံနဲ့ အင်တာဗျုး တစ်ခု အဖြစ် ယူနိုက်တက်ရဲ့ ဂလေဇာ မိသားစုန နဲ့ မန်နေဂျာ အဲရစ် တန်ဟက်ဂ် တို့ကို ပုတ်ခတ်ပြောဆိုခဲ့ပြီး နောက်ပိုင်းမှာ အသင်းနဲ့ သူဟာ နှစ်ဦး သဘောတူ လမ်းခွဲ ခဲ့ကြပါတယ်။
မားကပ်စ် ရက်ရှ်ဖို့ဒ်ရဲ့ ခြေစွမ်းက အထင်ကြီးလောက်စရာ ကောင်းပေမယ့် သူ့အနေနဲ့ ဘယ်တောင်ပံ အခြမ်းမှာ ကစားရတာကို ပိုမိုနှစ်သက်ပြီး အိုင်ဗန် တိုနေး၊ လော်တာရို မာတီနက်ဇ်တို့လို ပြင်ပ တိုက်စစ်မှူး တစ်ဦးဦး ကို ခေါ်ယူပြီး အသင်းကို ပြေလည်စေဖို့ မကြာသေးခင်က သတင်းတွေ ပျံ့နှံ့ သွားပါသေးတယ်။
ဒါပေမယ့် အခုအခါ Estadio Metropolitano [ အက်သလက်တီကို မက်ဒရစ် ] ကနေ မန်ချက်စတာ ယူနိုက်တက် အသင်းအတွက် အဖြေတစ်ခု ဒါမှမဟုတ် နှစ်ခု အထိ ထွက်လာနိုင်ပုံ ပေါ်ပါတယ်။
ယွာအို ဖီးလစ်ခ်စ် နဲ့ Morata [ အယ်လ်ဗာရို မိုရာတာ ] တို့ဟာ မန် ယူနိုက်တက်အတွက် ပစ်မှတ်တွေ ဖြစ်နေသလား။?
” ဖီးလစ်ခ်စ်ဟာ အက်သလက်တီကို မက်ဒရစ်ကနေ ထွက်ခွာဖို့ အဆင်သင့်ရှိနေပေမယ့် စပိန်ကလပ်ဟာ ခြောက်လအတွက် စုစုပေါင်း ယူရို ၂၂ သန်း နီးပါး ရရှိနိုင်တဲ့ သူ့ရဲ့ လုပ်ခလစာကို ကာမိဖို့ သဘောတူညီမှုတစ်ခု လိုချင်ပါတယ်။ ” ဆိုတဲ့ အကြောင်း အားကစား မီဒီယာ ESPN က ဖော်ပြခဲ့ပါတယ်။
နွေရာသီမှာ စတုတ်နဲ့ ဝက်စ်ဟမ်း တိုက်စစ်မှူးဟောင်း မာကိုအနာတိုဗစ် ကို စောင့်ကြည့်ခဲ့ပြီးနောက် လက်ရှိ ဘိုလော့ဂ်နာအသင်းက သူ့ကို သက်တမ်းတိုးဖို့ ငြင်းဆိုထားပါတယ်။
ဒါပေမယ့်လည်း အက်သလက်တီကို မက်ဒရစ်က အငှား ကမ်းလှမ်းမှုတွေကို လက်ခံမယ် ဆိုရင်တော့ အက်လ်ဗာရို မိုရာတာက ရွေးချယ်ခွင့် တစ်ခု အဖြစ် ရှိနေဦးမှာပါ။
စပိန်သား Alvaro Morata [ အယ်လ်ဗာရို မိုရာတာ ] ဟာ အခု ရာသီမှာ အက်သလက်တီကိုသို့ ပြန်လည် ရောက်ရှိလာခဲ့ ပြီးနောက် ခြေစွမ်းတွေ အထင်ကြီးစရာ ကောင်းခဲ့ပြီး လာလီဂါ ၁၄ ပွဲမှာ ၁၂ ပွဲကို ပွဲထွက် လူစာရင်း အနေနဲ့ စ, တင်ခဲ့ကာ အသင်းအတွက် ၅ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။
အသက် ၃၀ အရွယ် တိုက်စစ်မှူး Morata [ အယ်လ်ဗာရို မိုရာတာ ] ရဲ့ ခန့်မှန်းခြေ ပြောင်းရွှေ့ကြေး။
ဒါပေမယ့် မိုရာတာဟာ ဂျူဗင်တပ်စ် အသင်းမှာတုန်းက သူ့ရဲ့ အရင် နှစ်နှစ် အငှားစာချုပ်က ယူနိုက်တက် အတွက် သူ့ကို အလားတူ အခြေအနေမျိုးနဲ့ ခေါ်ယူနိုင်မယ်လို့ ယုံကြည်ချက် ဖြစ်စေပါတယ်။
အက် သလက်တီကို ဘက်ကလည်း မိုရာတာကို အမြဲတမ်း အပြောင်းအရွှေ့ အတွက် တွန်းအား ပေးနိုင်ပါတယ်။ သူတို့ဟာ ဘာစီလိုနာမှ ဂရေ့ဇ်မန်း ကို အမြဲတမ်း အပြောင်းအရွှေ့နဲ့ ပြန်လည် ခေါ်ဆောင်ဖို့ ယူရို သန်း ၂၀ သုံးစွဲကာ ငွေကြေး အကျပ်အတည်း နဲ့ ရင်ဆိုင်နေကြရပြီ ဖြစ်ပါတယ်။
စပိန် လက်ရွေးစင် တိုက်စစ်မှူး Alvaro Morata [ အယ်လ်ဗာရို မိုရာတာ ] ရဲ့ ပြောင်းရွှေ့ကြေးကိုတော့ သူ့ရဲ့ အသက်အရွယ်နဲ့ ခြေစွမ်းပိုင်အရ ခန့်မှန်းခြေ ယူရို သန်း ၃၀ ပတ်ဝန်ကျင် သတ်မှတ်ထားပါတယ်။
စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က
အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။