Benzema ကို စာချုပ်သက်တမ်းတိုးမယ့် ရီးယဲလ်မက်ရစ်။

benzema and four players new contracts with Real Madrid
September 14, 2022

တိုက်စစ်မှူး [ ဘန်ဇီမာ ] Benzema အပါအဝင် ကစားသမား ငါးဦးကို စာချုပ်သစ် ချုပ်ဆိုမယ့် ရီးယဲလ်မက်ဒရစ်။

Benzema [ ဘန်ဇီမာ ] အပါအဝင် အဓိက ကစားသမား ငါးဦးကို စာချုပ်သက်တမ်းတိုး ကိစ္စနဲ့ ပတ်သက်ပြီး ရီးယဲလ်မက်ဒရစ် ကြေညာဖို့ စီစဥ်ထားတယ်လို့ သိရှိရပါတယ်။

ရီးယဲလ်မက်ဒရစ်အသင်းဟာ မကြာသေးခင် နှစ်တွေအတွင်း ရရှိခဲ့တဲ့ အဓိက အောင်မြင်မှုတွေကို ဆက်လက် ထိန်းထားနိုင်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ကလပ်အသင်း အနေနဲ့ ပထမအသင်း ကစားသမား ငါးဦးကို စာချုပ်သက်တမ်း တိုးဖို့ စီစဥ်နေတာ ဖြစ်ပါတယ်။

👇 1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့ 👇

Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။

အောင်မြင်မှုတွေ အများကြီး ရရှိထားတဲ့ Benzema [ ဘန်ဇီမာ ] ရဲ့ ရီးယဲလ်မက်ဒရစ်အသင်း။

Los Blancos [ ရီးယဲလ်မက်ဒရစ် ] အသင်းဟာ ပြီးခဲ့တဲ့ သုံးရာသီမှာ ဆုဖလားခြောက်လုံးထိ ရရှိခဲ့ပြီး သူတို့ဟာ မနှစ်က အနိုင်ပိုင်းထားခဲ့တဲ့ ချန်ပီယံဆုကို ဒီနှစ်မှာလည်း ရယူဖို့ လာလီဂါမှာ ၅ ပွဲကစား ၅ ပွဲနိုင် ( ၁၀၀ %  အနိုင်နဲ့ ) ဒီရာသီကို စ, တင်ခဲ့ပါတယ်။

စပိန်သားတွေဟာ နွေရာသီ အပြောင်းအရွှေ့မှာ ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးပြီးနောက် အသစ်ခေါ်ယူထားတဲ့ ကစားသမားသစ် အနေနဲ့ နှစ်ဦးသာ ရရှိခဲ့ပါတယ်။ ကလပ်အသင်းအနေနဲ့ သူတို့ရဲ့ အရေးပါဆုံး ကစားသမားအချို့ကို စာချုပ်သက်တမ်းတိုးဖို့ ရင်းနှီးမြှပ်နှံထားပုံပေါ်ပါတယ်။

benzema with Real Madrid won UEFA Super Cup

၃ နှစ်အတွင်း အောင်မြင်မှုတွေ အများကြီး ရရှိထားတဲ့ ရီးယဲလ်မက်ဒရစ်အသင်း။

အသင်းရဲ့ ကစားသမား ခုနစ်ဦးကို ရာသီကုန်မှာ သူတို့ရဲ့ နှစ်အလိုက် စာချုပ်တွေ ချုပ်ဆိုထားပြီး နောက်ထပ် ငါးဦးကတော့ ၂၀၂၄ ခုနှစ်မှာ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။ လာမယ့် လတွေအတွင်း သူတို့ကို ကလပ်အသင်းအတွက် လုပ်ငန်းဆောင်တာတွေကို ဆက်လက် လုပ်ဆောင်နိုင်စေမှာ ဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်မှာ Benzema [ ဘန်ဇီမာ ] အပါအဝင် ဘယ်ကစားသမားတွေကို စာချုပ်သစ် ချုပ်ဆိုမလဲ။

မက်ဒရစ်အသင်းရဲ့  ဝါရင့် ထိပ်တန်း ကစားသမားသုံးဦးဟာ သူတို့ရဲ့ အသင်းနဲ့ သဘောတူညီမှု စာချုပ်ဟာ နောက်ဆုံးနှစ်ကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။ အသင်းရဲ့ အရေးပါတဲ့ ကစားသမားတွေဖြစ်တဲ့ ကာရင် ဘန်ဇီမာ၊ တိုနီ ခရုစ်နဲ့ လူကာ မိုဒရစ်တို့ဟာ လာမယ့် ဇန်နဝါရီလကနေ စ,ပြီး တခြား ကလပ်အသင်းတွေနဲ့ လွတ်လွတ်လပ်လပ် ကစားပြောဆိုနိုင်ပြီ ဖြစ်ပါတယ်။

အသက် ၃၄ နှစ်အရွယ် ရှိတဲ့ Benzema [ ဘန်ဇီမာ ] ဟာ သူ့ရဲ့ ကစားသမားဘဝ အအောင်မြင်ဆုံးအဖြစ် ဒီရာသီမှာ အသင်းနဲ့ နောက်ထပ် ၁၂ လ စာချုပ်ချုပ်ဆိုဖို့ လမ်းကြောင်းပေါ် ရှိနေပြီ ဖြစ်ပြီး လူကာ မိုဒရစ်နဲ့ တိုနီ ခရုစ်တို့ကတော့ ရာသီကုန်မှာ သူ့တို့ရဲ့ အနာဂတ်အတွက် ကိုယ်ပိုင် ဆုံးဖြတ်ချက်တွေ ချနိုင်ဖွယ် ရှိနေပါတယ်။

ကလပ်အသင်းမှာ နှစ်အတော်ကြာ ကစားလာခဲ့တဲ့ နောက်ခံလူ နာချို ဖာနနန်ဒက်ဇက်ဟာ အသင်းနဲ့ တစ်နှစ် စာချုပ်သစ် ချုပ်ဆိုဖို့ စီစဥ်နေပါတယ်။ ဒါပေမယ့် ဒန်နီ စီဘယ်လော့စ်၊ မာရီယာနိုနဲ့ မာကို အဆန်စီယိုတို့ကတော့ လာမယ့်‌ နွေရာသီမှာ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်ပြီး အသင်းကနေ ထွက်ခွာသွားနိုင်ပါတယ်။

Toni Kroos and Modrid can decide while benzema stay at Madrid

တိုနီ ခရုစ်နဲ့ မိုဒရစ်တို့နှစ်ယောက်ဟာ အနာဂတ်အတွက် ဆုံးဖြတ်လို့ရမှာပါ။

တောင်ပံ တိုက်စစ်မှူး ဗင်နီစီယက်စ် ဂျူနီယာဟာ လီဗာပူးလ်အသင်းကို အနိုင်ရရှိခဲ့တဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲအပြီးမှာ အဓိက ကြယ်ပွင့် ဖြစ်လာခဲ့ပြီးနောက် ၂၀၂၇ ခုနှစ်အထိ စာချုပ်သစ်တစ်ရပ်နဲ့ ချီးကျူး ဂုဏ်ပြုခံရဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။

ဘရာဇီးသား နှစ်ယောက် ဖြစ်တဲ့ အီဒါ မီလီတာအိုနဲ့ ရိုဒရိုက်ဂိုတို့ဟာလည်း ရီးယဲလ်မက်ဒရစ်အသင်းရဲ့ အသက်ငယ်ရွယ်ပြီး အရည်အချင်း အရှိဆုံး ကြယ်ပွင့် ကစားသမားတွေ ဖြစ်ပါတယ်။ ဒီကစားသမား နှစ်ယောက်ကိုလည်း အသ်ငးမှာ ဆက်ရှိနေစေမယ့် ၂၀၂၈ ခုနှစ်အထိ စာချုပ်သစ်တွေ ချုပ်ဆိုဖို့ စီစဥ်ထားပါတယ်။

ကလပ်အသင်းက ရောင်းချဖို့ ပြင်ဆင်နေတဲ့ အီဒင် ဟာဇက်။

အီဒင် ဟာဇက်၊ လူးကပ် ဗက်ဇကွက်ဇ်၊ အယ်လ်ဗာရို အိုဒရီယိုဇိုလာနဲ့ အန်ဒရီ လူနင်တို့လို့ တိုက်စစ်ပိုင်း ကစားသမားတွေရဲ့ အသင်းနဲ့ လက်ရှိ စာချုပ်သက်တမ်းဟာ ၂၀၂၄ ခုနှစ်မှာ ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။

ဒါပေမယ့် အဲ့ကစားသမားတွေထဲက ဘယ်တစ်ဦးတစ်ယောက်ကိုမှ အခု အချိန်အထိ စာချုပ်သစ် ကမ်းလှမ်းထားခြင်း မရှိသေးပါဘူး။

benzema and 3 brazillians new contracts with Real Madrid

ကလပ်အသင်းနဲ့ စာချုပ်သက်တမ်းတိုးမယ့် ဘရာဇီးလ်သားများ။

ဟာဇက်အနေနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အထင်ကြီးလောက်စရာဖြစ်ခဲ့ရင် ဥက္ကဌ ဖလော်ရန်တီနို ပီရက်ဇ်က သူ့ကို ဇန်န၀ါရီအပြောင်းအရွှေ့မှာ ရောင်းချဖို့ မျှော်လင့်နေတယ်လို့ အားကစား မီဒီယာ Superdeporte ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

သူ့ကို ရောင်းချဖြစ်ခဲ့မယ်ဆိုရင် ပြီးခဲ့တဲ့ ရာသီတုန်းက အာဘီ လိုက်ပ်ဇစ်အသင်းအတွက် ပြိုင်ပွဲစုံ ၃၅ ဂိုး သွင်းယူပေးထားတဲ့ တိုက်စစ်မှူး ခရစ္စတိုဖာ အန်ကန်ကူနဲ့ အစားထိုးသွားဖို့ မျှော်လင့်နေပါတယ်။

စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က

အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

Leave A Comment