Tuchel [ တူချယ် ] ထုတ်ပယ်လိုက်တဲ့ ချဲလ်ဆီး။
နည်းပြ [ သောမတ် တူချယ် ] Tuchel ကို ရာထူးကနေ ထုတ်ပယ်လိုက်ပြီ ဖြစ်ပါတယ်။
Tuchel [ သောမတ် တူချယ် ] ရဲ့ ချဲလ်ဆီးအသင်းဟာ ရာသီအစမှာ ညံ့ဖျင်းတဲ့ စ,တင်မှုတွေကြောင့် အသင်းက သူ့ကို နည်းပြ ရာထူးကနေ ထုတ်ပယ်လိုက်ပြီဖြစ်ကြောင်း အတည်ပြု ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ချဲလ်ဆီးအသင်းဟာ မနေ့ညက ကန်ခဲ့တဲ့ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ဒိုင်နမို ဇာဂရပ်အသင်းကို အရှက်ရဖွယ် ၁-၀ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် ၁၂ နာရီကျော် အကြာမှာပဲ အဆိုပါ သတင်းကို ထုတ်ပြန်ကြေညာခဲ့တာ ဖြစ်ပါတယ်။
1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့
Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။
ချဲလ်ဆီးနည်းပြ Tuchel [ သောမတ် တူချယ် ] အတွက် အသင်းရဲ့ ထုတ်ပြန်ကြေညာချက်
ဒီဆုံးရှုံးမှုဟာ ပိုင်ရှင်အသစ် တော့ဒ်ဘိုလီနဲ့ ချဲလ်ဆီးရဲ့ ပိုင်ဆိုင်မှုအသစ်အတွက် နောက်ဆုံး ကောက်ရိုးတစ်မျှင် ဖြစ်ခဲ့ပြီး အခုနွေရာသီမှာ ပြောင်းရွှေ့ကြေး အလွန်အကျွံ သုံးစွဲခဲ့တဲ့ ကလပ်အသင်းဟာ ရာသီပထမလမှာ ဆိုးဆိုးရွားရွား ရုန်းကန်နေရတာကို တွေ့မြင်ခဲ့ရပါတယ်။
ချဲလ်ဆီးအသင်းရဲ့ ဝက်ဘ်ဆိုဒ်မှာ ဖော်ပြထားတဲ့ ကြေညာချက်မှာ “ ချဲလ်ဆီးအသင်းရှိ လူတိုင်းကိုယ်စား၊ ကလပ်အသင်းအနေနဲ့ ကလပ်အသင်းနဲ့ အတူရှိစဥ် ကာလအတွင်း သူတို့ရဲ့ ကြိုးစားအားထုတ်မှု အားလုံးအတွက် သောမတ်စ်နဲ့ သူ့ရဲ့ ဝန်ထမ်းတွေကို ကျေးဇူးတင်ကြောင်း မှတ်တမ်းတင်အပ်ပါတယ်။ “
“ သောမတ်စ်ဟာ သူ့ရဲ့ အချိန်အတွင်း ချန်ပီယံလိဂ်၊ စူပါဖလားနဲ့ ကလပ် ကမ္ဘ့ာဖလားတို့ကို ဆွတ်ခူးပြီးနောက် ချဲလ်ဆီးအသင်းရဲ့ သမိုင်းမှာ နေရာမှန် ရရှိမှာ ဖြစ်ပါတယ်။ “
“ ပိုင်ရှင်အသစ်အဖွဲ့က ကလပ်အသင်းကို လွှဲပြောင်းယူပြီးကတည်းက ရက်ပေါင်း ၁၀၀ ပြည့်မြောက်ပြီး အသင်းကို ရှေ့ဆက်သွားဖို့ ခက်ခက်ခဲခဲ ကြိုးစားလုပ်ဆောင်နေတာကြောင့် သူတို့က ဒီအသွင် ကူးပြောင်းဖို့ အချိန်တန်ပြီလို့ ယုံကြည်နေကြပါတယ်။”
“ချဲလ်ဆီးအသင်းအနေနဲ့ နည်းပြသစ် ခန့်အပ်ဖို့ မြန်မြန်ဆန်ဆန် လှုပ်ရှားနေတာကြောင့် အသင်းရဲ့ လေ့ကျင့်ရေးနဲ့ လာမယ့်ပွဲတွေကို ပြင်ဆင်မှုတွေအတွက် ကလပ်ရဲ့ နည်းပြအဖွဲ့ဝင်တွေက တာဝန်ယူမှာ ဖြစ်ပါတယ်။ နည်းပြသစ် ခန့်အပ်မှုမပြီးမချင်း နောက်ထပ် မှတ်ချက်ပေးမှာ မဟုတ်ပါဘူး။ ” လို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။
စံချိန်တင် ပြောင်းရွှေ့ကြေး သုံးစွဲခဲ့တဲ့ ချဲလ်ဆီးအသင်း
လန်ဒန်ကလပ်အသင်းဟာ အခု နွေရာသီ အပြောင်းအရွှေ့မှာ ကစားသမားသစ် ခေါ်ယူမှုအတွက် ကမ္ဘာ့စံချိန်တင် ယူရို ၂၉၆ သန်း သုံးစွဲခဲ့ပြီး ဘောလုံးသမိုင်းတစ်လျှောက် အပြောင်းအရွှေ့ ဈေးကွက်မှာ အများဆုံး သုံးစွဲခဲ့တဲ့ အသင်းတွေထဲက တစ်သင်းဖြစ်ပါတယ်။
ကစားသမားသစ်တွေဖြစ်တဲ့ ကာလီဒို ကူလီဘာလီ၊ ရာဟင် စတာလင်နဲ့ ပီရယ် အမ်းမရစ်ခ် အော်ဘာမီယန်းတို့လို ကြယ်ပွင့် ကစားသမားတွေကို ခေါ်ယူ လက်မှတ်ထိုးခဲ့ပါတယ်။
ဒီလိုကြီးမားတဲ့ ရင်းနှီးမြုပ်နှံမှုတွေ ရှိနေခဲ့ပေမယ့် ချဲလ်ဆီးအသင်းဟာ ၂၀၂၂-၂၀၂၃ ရာသီအဖွင့် အပတ်မှာပဲ ဆိုးဆိုးရွားရွား ရုန်းကန်ခဲ့ရပါတယ်။ သူတို့ဟာ ပြိုင်ပွဲစုံ ခုနစ်ပွဲမှာ သုံးပွဲ ရှုံးထားပြီး အိမ်ကွင်း၊ အဝေးကွင်း သုံးပွဲဆက်တိုက် ရှုံးနိမ့်ထားတာ ဖြစ်ပါတယ်။
အဲ့အထဲမှာ လိဒ် ယူနိုက်တက်။ ဆောက်သမ်တန်နဲ့ ဒိုင်နမို ဇာဂရက်ဘ်တို့ကို စိတ်ပျက်ဖွယ် ရှုံးနိမ့်မှုတွေ ပါဝင်နေခဲ့ပါတယ်။ မနေ့ညက Tuchel [ တူချယ် ] ရဲ့ ချဲလ်ဆီးအသင်းဟာ ဒိုင်နမို ဇာဂရက်ကို ရှုံးနိမ့်ခဲ့ပြီးနောက် ပရီးမီးယားလိဂ် အမှတ်ပေး ဇယားထိပ်က အာဆင်နယ်အသင်းနောက် ၅ မှတ်အကွာနဲ့ အဆင့် ၆ မှာ ရပ်တည်နေတာ ဖြစ်ပါတယ်။ ဒါ့အပြင် ချန်ပီယံလိဂ်ဝင်ခွင့် ရရှိဖို့ အမှီလိုက် ကစားနေတာ ဖြစ်ပါတယ်။
ဂျာမန် နည်းပြ Tuchel [ သောမတ် တူချယ် ] နေရာ အစားထိုးဖို့ နည်းပြသစ်
ဂျာမန်သား နည်းပြ တူချယ်ဟာ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလမှာ နည်းပြဟောင်း ဖရန့်ခ် လမ်းပတ်နေရာကို အစားထိုးဖို့ ချဲလ်ဆီးအသင်းဆီ ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ သူရောက်ရှိလာပြီး လေးလအကြာမှာပဲ အသင်းကို ချန်ပီယံလိဂ်ဖလားအောင်ပွဲဆီ ပို့ဆောင်နိုင်ခဲ့ပါတယ်။
သူဟာ ချဲလ်ဆီးအသင်းကို ယူအီးအက်ဖ်အေ စူပါကပ်၊ ဖီဖာ ကလပ် ကမ္ဘ့ာဖလားတို့ကို ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပြီး ပြိုင်ပွဲစုံ ပွဲပေါင်း ၁၀၀ ကိုင်တွယ်ခဲ့ပြီး ပွဲပေါင်း ၆၀ အနိုင်ရရှိခဲ့ပါတယ်။
အသင်းနည်းပြ နေရာအတွက် အစားထို ခန့်အပ်မှု မတွေ့ရှိမချင်း ချဲလ်ဆီးအသင်းကို အန်တိုနီ ဘာရီက ယာယီတာဝန်ယူမှာ ဖြစ်ပါတယ်။ လက်ရှိ ဘရိုက်တန်နည်းပြ ဂရေဟမ်ပေါ်တာကတော့ တူချယ် နေရာကို အစားထိုးဖို့ လူကြိုက်အများဆုံး နည်းပြတစ်ဦး ဖြစ်နေပါတယ်။
စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က
အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။