Sterling ကို ခေါ်ယူတော့မယ့် ချဲလ်ဆီး
ချဲလ်ဆီးအနေနဲ့ Sterling [ စတာလင် ] ကို ခေါ်ယူနိုင်ဖို့ ပြောင်းရွှေ့ကြေး ဘယ်လောက်ပေးရမလဲ?
Sterling [ ရာဟင်း စတာလင် ] ကို ဒီနွေရာသီအပြောင်းအရွှေ့ ကာလမှာ အပြီးသတ် ခေါ်ယူနိုင်ဖို့အတွက် ချဲလ်ဆီးအသင်းနဲ့ မန်ချက်စတာ စီးတီးအသင်းတို့ သဘောတူညီချက် ရရှိသွားခဲ့ပြီ ဖြစ်ပါတယ်။
အသက် ၂၇ နှစ်အရွယ် ကစားသမားဟဟာ သူ့ရဲ့ မန်စီးတီးအသင်းနဲ့ စာချုပ်သက်တမ်း နောက်ဆုံးနှစ်မှာ အီတီဟတ်ကနေ ထွက်ခွာတော့မှာ ဖြစ်ကြောင်း ပြောကြားခဲ့ပြီး ဖြစ်ပါတယ်။ ဒီအချိန်မှာ ချဲလ်ဆီးနည်းပြဖြစ်တဲ့ သောမတ်စ် တူချယ်ရဲ့ အသင်းက အင်္ဂလန်လက်ရွေးစင်ကစားသမားကို အပြီးသတ် ခေါ်ယူနိုင်ဖို့ စီစဥ်နေပါတယ်။
1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့
Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။
တောင်ပံတိုက်စစ် စတာလင်ရဲ့ ချဲလ်ဆီးအသင်းနဲ့ အပြောင်းအရွှေ့
ဒီအပြောင်းအရွှေ့ဟာ တောင်ပံတိုက်စစ် ကစားသမား စတာလင်အတွက် ထိပ်တန်းအဆင့်မှာ ရှိနေတယ်လို့ ပြောဆိုထားပါတယ်။ ဒါ့အပြင် ချဲလ်ဆီးအသင်းအနေနဲ့ အခုသီတင်းပတ်နှောင်းပိုင်း အမေရိကန်ကို ရာသီကြိုခရီးစဥ်မှာတောင် စတာလင် ပါဝင်လာနိုင်တယ်လို့ သိရပါတယ်။
ချဲလ်ဆီးအသင်းဟာ တိုက်စစ်မှူး ရိုမီလူ လူကာကူကို မကြာသေးခင်က အင်တန်မီလန်အသင်းဆီ အငှားနဲ့ ခွင့်ပြုလိုက်ရပါတယ်။ အဲ့ဒီနောက်မှာတော့ စတာလင်ဟာ ဂိုးသွင်း စွမ်းဆောင်ရည်တွေနဲ့ ရှေ့တန်း တိုက်စစ်ပိုင်းတလျှောက် ကောင်းမွန်တဲ့ ခြေစွမ်းတွေကြောင့် ထင်ရှားတဲ့ ရွေးချယ်မှုတစ်ခုအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။
[ စတာလင် ] Sterling ကို ခေါ်ယူဖို့ ချယ်လ်ဆီးအတွက် ဘယ်လောက်ကုန်ကျမလဲ?
ချဲလ်ဆီးအသင်းနဲ့ မန်ချက်စတာ စီးတီးအသင်းတို့ဟာ ကစားသမားအတွက် ကနဦးပြောင်းရွှေ့ကြေး ပေါင် ၄၅ သန်းနဲ့ ပေါင် ၁၀ သန်းတန် အပို ပရိုဂရမ်တွေ ထပ်ပေါင်းထားတဲ့ စာချုပ်တစ်ရပ်ကို ချုပ်ဆိုဖို့ သဘောတူညီမှု ရရှိထားတယ်လို့ သိရှိရပါတယ်။
နောက်ဆုံး အသေးစိတ် အချက်အလက်တွေအတွက် အပြီးသတ်ဖို့ လက်ကျန်လုပ်ငန်းစဥ်တွေကို ဆောင်ရွက်နေဆဲ ဖြစ်ပါတယ်။ ဆိုလိုတာကတော့ အပြောင်းအရွှေ့ နဲ့ ပတ်သက်ပြီး ငွေပေးချေမှုတွေရဲ့ ဖွဲ့စည်းပုံတွေနဲ့ စည်းမျဥ်း သဘောသဘာဝတွေကို လုပ်ဆောင်နေတာ မပြီးပြတ်သေးပါဘူး။
[ ရာဟင်း စတာလင် ] Sterling ရဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ ကစားခွင့်
ကိုယ်ရေးကိုယ်တာ ကိစ္စ၊ အသုံးအနှုန်းတွေကို ပြဿနာတစ်ခုလို့ မယူဆဘဲ [ စတာလင် ] Sterling ဟာ လန်ဒန်မြေပေါ်ကို အခြေချဖို့ စိတ်အားထက်သက်နေကြောင်း သိရှိရပါတယ်။ အခုနွေရာသီ အပြောင်းအရွှေ့မှာ မန်ချက်စတာ စီးတီအသင်းဆီ ဒေါ့မွန် တိုက်စစ်မှူး အယ်လိန်း ဟာလန်းနဲ့ ရီဗာ ပလိတ် တိုက်စစ်မှူး ဂျူလီယန် အယ်လ်ဗာရတ်ဇ်တို့ ရောက်ရှိလာခဲ့ပါတယ်။
သူတို့ ရောက်ရှိလာခဲ့ခြင်းနဲ့အတူ စတာလင်ဟာ ဒီဇင်ဘာလမှာ ကျင်းပမယ့် ၂၀၂၂ ကာတာ ကမ္ဘာ့ဖလားမတိုင်ခင် တခြားအသင်း တစ်သင်းသင်းမှာ ပုံမှန်ပွဲထွက် ပထမအသင်းနေရာ ရရှိဖို့ စိတ်အားထက်သန်နေတာ ဖြစ်ပါတယ်။
မန်စီးတီးအသင်းမှာ စတာလင်ရဲ့ စွမ်းဆောင်ရည်များ
အင်္ဂလန်လက်ရွေးစင် ကစားသမားဟာ မန်ချက်စတာစီးတီးအသင်းကို ၂၀၁၅ ခုနှစ်မှာ လီဗာပူးလ်အသင်းကနေ ပြောင်းရွှေ့ကြေး ယူရို ၆၄ သန်းနဲ့ ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ ၂၇ နှစ် အရွယ် ကစားသမားဟာ အသင်းအတွက် ပြိုင်ပွဲစုံ ( ၃၃၉ ) ပွဲမှာ ( ၁၃၁ ) ဂိုးသွင်းပြီး၊ ဂိုးဖန်တီးမှု ( ၉၅ ) ကြိမ် ပြုလုပ်ပေးထားပါတယ်။
သူဟာ ကလပ်အသင်းနဲ့အတူ ပရီးမီးယားလိဂ် ( ၄ ) ကြိမ်၊ FA ဖလား ( ၁) ကြိမ်၊ ကာရာဘောင် ဖလား ( ၅ ) ကြိမ်နဲ့ ကွန်မြူနတီဒိုင်း ( ၂ ) ကြိမ်တို့ကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။
စတန်းဖို့ဒ်ဘရစ်ချ်ကို ဘာကြောင့် ရွေးချယ်ရတာလဲ?
လန်ဒန်အသင်းတွေဖြစ်တဲ့ အာဆင်နယ်အသင်းနဲ့ တော့တင်ဟမ် ဟော့စပါးအသင်းတို့ကလည်း စတာလင်ကို ခေါ်ယူဖို့ မေးမြန်းချိတ်ဆက်ခဲ့ဖူးပါတယ်။ ဒါပေမယ့် စတာလင်ဟာ ချန်ပီယံစ်လိဂ်နဲ့ ပုံမှန်ဆုဖလားတွေကို ယှဥ်ပြိုင် ရယူဖို့ စိတ်အားထက်သန်နေတာကြောင့် အားလုံးထဲက ချဲလ်ဆီးကို ရွေးချယ်လိုက်တာလို့ သိရပါတယ်။
စတန်းဖို့ဒ်ဘရစ်ချ်ကို စတာလင် ရောက်ရှိလာခြင်းဟာ မီလန်အသင်းရဲ့ ခေါ်ယူ ချိတ်ဆက်မှုကို ခံနေရတဲ့ ဟာကင် ဇီယက်ချ် ထွက်ခွာမှုကို အရှိန်မြှင့်တင်ပေးနိုင်မှာပါ။ ပြီးတော့ ခရစ္စတီယန် ပူလီဆစ်နဲ့ လူငယ်တိုက်စစ်မှူး ကာလမ် ဟက်ဒ်ဆန်-အိုဒွိုင် တို့ကိုလည်း ခေါ်ယူချင်နေတဲ့ အသင်းတွေ အများအပြား ရှိနေပါတယ်။
အပြောင်းအရွှေ့ ကိစ္စ နီးစပ်နေတဲ့ စတာလင်နဲ့ ချဲလ်ဆီးအသင်း
ချဲလ်ဆီးကလပ်အသင်းဟာ မန်ချက်စတာစီးတီးတိုက်စစ်မှူး စတာလင်နဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ စည်းကမ်းချက်များကို သဘောတူညီမှုရရှိခဲ့ပြီး မကြာခင်မှာ သဘောတူညီချက်တစ်ရပ်ကို အပြီးသတ်နိုင်တော့မှာ ဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ရာဟင်း စတာလင်နဲ့ သောမတ်စ် တူချယ်တို့ တိုက်ရိုက်ဆွေးနွေး အပြည့်အဝ သဘောတူညီခဲ့တာ ဖြစ်ပါတယ်။
အနာဂတ် ချဲလ်ဆီး ကစားသမားဟာ တစ်ပတ်လုပ်ခ ပေါင် ၃ သိန်း ရရှိမှာ ဖြစ်ပြီး ကလပ်အသင်းရဲ့ လစာ အများဆုံး ကစားသမားတွေထဲက တစ်ယောက်ဖြစ်လာမှာပါ။
စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က
အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။