အဲဗာတန်းအသင်းနဲ့ ပွဲမစခင်မှာ ဝမ်းနည်းမျက်ရည်ကျနေခဲ့တဲ့ ဇင်ချန်ကို
ယူကရိန်းအသင်းခေါင်းဆောင် အော်လီစန်းဒါး ဇင်ချန်ကိုသည် အဲဗာတန်အသင်းနှင့် မန်စီးတီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့်ပွဲတွင် ဝမ်းနည်းကာ မျက်ရည်
ကျနေခဲ့သည်။
ယူကရိန်းကို ထောက်ခံသည့် ပရိသတ်များ၊ ကစားသမားများနဲ့ ဝန်ထမ်းများ စုပေါင်းပြီး ယူကရိန်းကို အားပေးတဲ့အနေဖြင့် မန်စီးတီးက အဲဗာတန် ၂ သင်းလုံး
က Goodison Park မှာ ယူကရိန်းအလံများဖြင့် ဝမ်းနည်းကြောင်း အထိမ်းအမှတ် ပြုလုပ်ခဲ့ကြသည်။
မန်ချက်စတာစီးတီးနှင့် ယူကရိန်းကြယ်ပွင့် အိုလက်ဆန်ဒါဇင်ချန်ကိုသည် Goodison Park တွင် ပွဲစဥ် မစတင်မီ နှစ်ဖက်စလုံးက သူ့နိုင်ငံအတွက် ထောက်ခံ
ကြောင်း ပြသခဲ့သဖြင့် မျက်ရည်များကျကာ သူ့ကိုယ်သူ မထိန်းနိုင်တော့ပေ။
1xBet မှာ ကစားချင်သူတွေအနေနဲ့
Promocode (ပရိုမိုကုဒ်) MMSPORT100 ကိုအသုံးပြု၍
100% ငွေသွင်းအပိုဆု (ဘောနပ်စ်) ရယူလိုက်ပါ။
အကောင့်ဖွင့်နည်း
How to register in 1XBET?
ယူကရိန်းနိုင်ငံအား ရုရှားမှ ကျူးကျော်ခြင်းခံရသည့်သတင်း ဟိုးလေးတကျော်ကျော် ဖြစ်နေပြီး ပရီးမီးယားလိဂ်အသင်းများသည် ယခုသီတင်းပတ်ကုန်တွင်
၎င်းတို့၏ထောက်ခံမှုကို ပြသရန် ခွင့်ပြုထားကြောင်း ပြောကြားခဲ့ကြသည်။
မန်စီးတီးကစားသမားများသည် အဲဗာတန်ကို ရင်ဆိုင်ရန် တန်းစီပြီး ရုရှားအစိုးရ၏ လုပ်ရပ်ကို ရှုတ်ချကာ ယူကရိန်းကို ထောက်ခံသည့် ရှပ်အင်္ကျီများ ဝတ်ဆင်
ကာ ‘စစ်ပွဲအလိုမရှိ’ ဟု ကြွေးကြော်ခဲ့ကြသည်။
ဇင်ချန်ကိုအတွက် အမှန်တကယ် ခက်ခဲသည့် အချိန်ကာလတစ်ခု ဖြစ်ပြီး ပွဲမစခင် သူဝမ်းနည်းနေခဲ့သည့် မြင်ကွင်းမှာ စိတ်မကောင်းဖွယ်ရာ အမှတ်တရ မြင်
ကွင်းတစ်ခုဖြစ်ခဲ့ပါသည်။
၎င်းပွဲက မန်စီးတီးကို ၁-၀ ဂိုးဖြင့် ပြီးသွားသွားသော်လည်း ပွဲမစခင် မြင်ကွင်းများက တကယ်ကို အရေးကြီးသည့် အရာများအကြောင်း ပြတ်ပြတ်သားသား
သတိပေးနေခဲ့ပါသည်။
မန်စီးတီးနှင့် အဲဗာတန် နှစ်သင်းစလုံးတွင် ယူကရိန်းနိုင်ငံသားတစ်ဦးစီရှိကြပြီး ဇင်ချန်ကိုနှင့် ဗီတာလီ မီကိုလန်ကိုတို့သည် ကွင်းလယ်တွင် ပြန်လည်တွေ့ဆုံခဲ့
ကြသည်။ ၎င်းမြင်ကွင်းမှာ ကြည်နူးဖွယ်ကောင်းသော်လည်း အမိနိုင်ငံအတွက် သူတို့နှစ်ဦးကြုံတွေနေရသည့် ခံစားချက်မှာ အလွန်ပင် ကြေကွဲဖွယ် ကောင်းလှ
ပါသည်။
ယူကရိန်းလက်ရွေးစင်အသင်းဖော် အန်ဒရေ ယာမိုလန်ကိုသည် အခြေအနေကြောင့် ဝက်စ်ဟမ်းအသင်းအား အချိန်ပေးခဲ့ရသော်လည်း ဇင်ချန်ကိုနှင့် မီကိုလန်
ကိုတို့သည် စနေနေ့ညနေတွင် ထိပ်တိုက်တွေ့ဆုံမှုမတိုင်မီ ၎င်းတို့နှစ်ဖက်မှ အရန်ခုံတွင် ပါဝင်ခဲ့ကြသည်။