Thomas Partey နဲ့ အာဆင်နယ် အနာဂတ်။

Thomas Partey wants to leave Arsenal WS
November 8, 2023

ကွင်းလယ်လူ Thomas Partey [ သောမတ်စ် ပါတေး ] ရဲ့ အာဆင်နယ် အသင်း နဲ့ အနာဂတ်။

Thomas Partey [ သောမတ်စ် ပါတေး ] ဟာ နည်းပြ အာတီတာ ရဲ့ ဆန္ဒ ကို ဆန့်ကျင်ပြီး ဇန်နဝါရီလ အပြောင်းအရွှေ့ မှာ သူလိုချင်တဲ့ အရာကို အာဆင်နယ် အသင်းဆီ ပြောပြခဲ့ပါတယ်။

Def Midfield ကစားသမား Thomas Partey [ သောမတ်စ် ပါတေး ] က ဇန်နဝါရီ အပြောင်းအရွှေ့မှာ အသင်းကနေ ထွက်ခွာချင်တယ်လို့ အာဆင်နယ်အသင်းထံ ပြောကြားခဲ့ပြီး ဂျူဗင်တပ်စ် အသင်းက သူနဲ့ ချိတ်ဆက်နေတဲ့ အသင်းတစ်သင်း ဖြစ်ပါတယ်။

👇 1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့ 👇

Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။

ပါတေးဟာ ဂန်းနားတို့အတွက် အရေးပါတဲ့ ကစားသမားပါ။

အသက် ၃၀ အရွယ် ကစားသမားဟာ နွေရာသီမှာ အသင်းကနေ ထွက်ခွာဖို့ ချိတ်ဆက်မှုတွေ ရှိခဲ့ပေမယ့် ပေါင်ခြံ ဒဏ်ရာ မရရှိခင် ရာသီရဲ့ ပထမဆုံး ပရီးမီးယားလိဂ် ပွဲစဉ် (၃) ပွဲကိုလည်း စတင်ခဲ့ပါတယ်။

ပါတေးကို ညာနောက်ခံလူ အဖြစ် အသုံးပြုခဲ့ပြီး ဩဂုတ်လကုန်ပိုင်းမှ စတင်ကာ မိုက်ကယ် အာတီတာ ရဲ့ အသင်းအတွက် ၁၅ မိနစ်သာ ပါဝင် ကစားနိုင်ခဲ့ပါတယ်။

Thomas Partey vs Man City

မန်စီးတီးကို အနိုင်ရခဲ့တဲ့ပွဲမှာ ခြေစွမ်းပြခဲ့တဲ့ ပါတေး။

ဂါနာလက်ရွေးစင် ကစားသမား Thomas Partey [ သောမတ်စ် ပါတေး ] ဟာ အောက်တိုဘာလ အတွင်းက မန်ချက်စတာ စီးတီးကို ၁-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲတွင် ကြယ်ပွင့် အဖြစ် အဓိက ပါဝင်ခဲ့ပါတယ်။

ဥရောပမှာလည်း ကစားသမား ဘဝ ရှေ့ဆက်ချင်သေးတဲ့ Thomas Partey [ သောမတ်စ် ပါတေး ]။

ဆော်ဒီပရိုလိဂ်မှ ကလပ်အသင်းများသည် နွေရာသီတွင် Partey [ သောမတ်စ် ပါတေး ] ကို စောင့်ကြည့်နေတယ် လို့ ကောလဟာလ သတင်းများ ထွက်ပေါ်ခဲ့ပါတယ်။

Tutto Mercato ရဲ့ အဆိုအရ ဂါနာ လက်ရွေးစင် ကစားသမား ရဲ့ အဓိက ရည်ရွယ်ချက် ကတော့ လက်ရှိ ဥရောပတွင်သာ ဆက်နေပြီး ကစားသမား ဘဝ ဆက်ဖို့ ပါပဲ။

Thomas Partey had injured

ပေါင်ခြံဒဏ်ရာ ရရှိခဲ့တဲ့ သောမတ်စ် ပါတေး။

အီတလီ ထိပ်တန်း ကလပ် ဂျူဗင်တပ်စ် အသင်းက အဆိုပါ ကစားသမား Thomas Partey [ သောမတ်စ် ပါတေး ] ကို အခိုင်အမာ စိတ်ဝင်စားမှု ပြသထားတာ ရှိခဲ့ပါတယ်။

ဒါပေမယ့် လည်း သူ့ အနေနဲ့ ပရီးမီးယားလိဂ် ဒါမှ မဟုတ် လာလီဂါမှ ရွေးချယ်မှုများ ပိုမို လိုချင်နေကြောင်း အီတလီ သတင်းရင်းမြစ်က အခိုင်အမာ ဆိုထားပါတယ်။

အာဆင်နယ် အသင်းက Thomas Partey [ သောမတ်စ် ပါတေး ]ကို ရောင်းမှာလား။

၂၀၂၀ နွေရာသီ မှာ အက်သလက်တီကို မက်ဒရစ် အသင်းမှ ယူရို သန်း ၅၀ နဲ့ ခေါ်ယူခဲ့တဲ့ ကွင်းလယ် ကစားသမား အား အာတီတာ အနေနဲ့ ရောင်းချဖို့ စိတ်ဝင်စားခြင်း မရှိကြောင်း အရိပ်အမြွက် ပြော ကြာားခဲ့ပါတယ်။

သို့သော်လည်း အာဆင်နယ် အသင်းသည် ၎င်းအား နွေရာသီတွင် ပြောင်းရွှေ့ရန် စီစဉ်နေပြီး ဇန်နဝါရီတွင် အပြောင်းအရွှေ့ဖြစ်နိုင်ခြေကို တံခါးဖွင့် ထားတဲ့ ကစားသမား နဲ့  စာချုပ် ဖွင့်လှစ်ရန် အစီအစဉ် မရှိပေ။

စာချုပ် သက်တမ်း 2025 တွင် ကုန်ဆုံးမည့် Partey ကို တကယ်လို့ Emirates Stadium မှာ သူ့ ရဲ့ မတည်မငြိမ် ဖြစ်နေတဲ့ အနာဂတ်အကြောင်း ထုတ်ဖော်ပြောဆိုဖို့ အဆင်သင့် ဖြစ်မယ်ဆိုရင် နောက်တစ်ခု ရှိပါတယ်။

Thomas Partey want to leave Arsenal

အသင်းကနေ ထွက်ခွာချင်နေတဲ့ ပါတေး။

ဂျူဗင်တပ်စ် အသင်း အနေနဲ့ ကွင်းလယ် ခံစစ်နေရာ အတွက် ဈေးကွက်မှာ ရှိနေတာကြောင့် သူ့ကို ခေါ် ယူဖို့ အတွက် သေချာပေါက် အံဝင်ခွင်ကျ ဖြစ်နေပါတယ်။

ဂိမ်းတွင်း ဒေတာအချက်ရာပေါင်းများစွာကို အသုံးပြု၍ တွက်ချက်ထားသည့် Player Valuation Model အရ အာဆင်နယ်သည် Partey အတွက် ယူရို ၁၉ သန်း ကို ဒီအတွင်းမှာ ပြန်လည် ရယူနိုင်ရန် မျှော်လင့်နိုင်ပါတယ်။

ဒါပေမယ့် အာဆင်နယ် နည်းပြ Mikel Arteta က အဲဒီ စျေးနှုန်း နဲ့ ရောင်းချဖို့ ဆန္ဒ ရှိမရှိကိုတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က

အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

Leave A Comment