EURO 2024 Quarter-Finals မှ အကောင်းဆုံး လူငယ်ကစားသမားများ

EURO 2024 Quarter-Finals မှ အကောင်းဆုံး လူငယ်ကစားသမားများ
July 9, 2024

EURO 2024 ကွာတားဖိုင်နယ် ပွဲစဉ်များမှ အကောင်းဆုံး လူငယ်ကစားသမားများ

တကယ်လို့များ ခုချိန်မှာ ယူရို ပြိုင်ပွဲတစ်ခုတည်းသာရှိမယ်ဆိုရင် သက်ဆိုင်ရာနိုင်ငံတွေက လူငယ်ကစားသမားတွေရဲ့ ကမ္ဘာ့အဆင့်မီ Performance တွေကို ကျွန်တော်တို့တွေ ပိုပီး မြင်တွေ့နိုင်မှာပါ။

အသက် 16 နှစ်အရွယ် စပိန်တောင်ပံကစားသမားတွေကနေ အသက် 19 နှစ်အရွယ် အင်္ဂလန် ကွင်းလယ်ကစားသမားတွေအထိ လူငယ်အများအပြားဟာ ဒီပြိုင်ပွဲကြီးမှာ မှတ်တမ်းရေးထိုးနေကြပါတယ်။

ဒီဆောင်းပါးမှာတော့ EURO 2024 ပြိုင်ပွဲတစ်လျှောက် Quarter-final အဆင့်က အကောင်းဆုံး လူငယ်ကစားသမားအချို့ကို တင်ဆက်ပေးလိုက်ပါရစေ။

Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။

EURO 2024 ကွာတားဖိုင်နယ် ပွဲစဉ်များမှ အကောင်းဆုံး လူငယ်ကစားသမားများ​

EURO 2024 ကွာတားဖိုင်နယ် ပွဲစဉ်များမှ အကောင်းဆုံး လူငယ်ကစားသမားများ​

၆။ Florian Wirtz

Jamal Musiala က EURO 2024 မှာ ဂျာမနီအသင်းရဲ့ ကြယ်ပွင့်ကစားသမား ဖြစ်ခဲ့ပေမယ့် စပိန်ကို ရှုံးနိမ့်ခဲ့တဲ့ ကွာတားဖိုင်နယ်ပွဲစဉ်မှာတော့ Florian Wirtz က အထင်ကြီးစရာအကောင်းဆုံး Performance တွေ ပြသနိုင်ခဲ့ပါတယ်။

ဒီ လေဗာကူဆင်က ကစားသမားဟာ အချိန်ပိုမှာ နောက်ကျချေပဂိုးသွင်းနိုင်ခဲ့ပြီး စတုဂတ်ကွင်းမှာ စပိန်အသင်းရဲ့ နောက်တန်းကို တော်တော်လေး ဒုက္ခပေးနိုင်ခဲ့ပါတယ်။

EURO 2024 ကွာတားဖိုင်နယ် ပွဲစဉ်များမှ အကောင်းဆုံး လူငယ်ကစားသမားများ​

EURO 2024 ကွာတားဖိုင်နယ် ပွဲစဉ်များမှ အကောင်းဆုံး လူငယ်ကစားသမားများ​

၅။ Nico Williams

EURO 2024 ကွာတားဖိုင်နယ်မှာ Nico Williams ရဲ့ စွမ်းဆောင်ရည် အားမရစရာဖြစ်ခဲ့သလား ?

ဟုတ်ပါတယ်။ ဖြစ်ခဲ့ပါတယ်။

သူ့ရဲ့ ကစားပုံမကောင်းဘူးလို့ ဆိုလိုတာမဟုတ်ပါဘူး။ ဘယ်ခြမ်းမှာ သူရဲ့ စွမ်းဆောင်ရည်ဟာ ကောင်းမွန်ခဲ့ပြီး ဂျာမန် နောက်တန်းတွေကို ပြာယာခတ်စေနိုင်ခဲ့ပါတယ်။ 

EURO 2024 ကွာတားဖိုင်နယ် ပွဲစဉ်များမှ အကောင်းဆုံး လူငယ်ကစားသမားများ​

EURO 2024 ကွာတားဖိုင်နယ် ပွဲစဉ်များမှ အကောင်းဆုံး လူငယ်ကစားသမားများ​

၄။ Eduardo Camavinga

Camavinga ဟာ EURO 2024 မှာ ပွဲဦးထွက် ကစားနိုင်ဖို့ ကွာတားဖိုင်နယ်အထိ စောင့်ခဲ့ရတာ အံ့သြစရာပါပဲ။

ဒီကွင်းလယ်ကစားသမားဟာ အခွင့်အရေးကို အမိအရ အသုံးချခဲ့ပြီး Duel (၄) ကြိမ်တိတိ အနိုင်ရယူခဲ့ကာ ခံစစ်မှာ (၉) ကြိမ်တိုင်တိုင် ခြေစွမ်းပြ ကာကွယ်နိုင်ခဲ့ပါတယ်။

EURO 2024 ကွာတားဖိုင်နယ် ပွဲစဉ်များမှ အကောင်းဆုံး လူငယ်ကစားသမားများ​

EURO 2024 ကွာတားဖိုင်နယ် ပွဲစဉ်များမှ အကောင်းဆုံး လူငယ်ကစားသမားများ​

၃။ Kobbie Mainoo

Kobbie Mainoo ကတော့ အနာဂတ် အင်္ဂလန် ပွဲဦးထွက် လူစာရင်းမှာ နေရာတစ်နေရာရဖို့ သေချာနေသလောက်ဖြစ်နေပါပြီ။

ဒါကလဲ သူဟာ ပွဲစဉ်တွေမှာ တကယ်ကို ကောင်းကောင်းကစားနိုင်ခဲ့လို့ပါ။

မန်ယူကြယ်ပွင့်ကစားသမားလေးဟာ ဆွစ်ဇာလန်ကို အနိုင်ရခဲ့တဲ့ပွဲမှာ Tackle တွေ ကောင်းမွန်ခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှုလဲ ကောင်းကောင်းထိန်းချုပ်ထားနိုင်ခဲ့ပါတယ်။

EURO 2024 ကွာတားဖိုင်နယ် ပွဲစဉ်များမှ အကောင်းဆုံး လူငယ်ကစားသမားများ​

EURO 2024 ကွာတားဖိုင်နယ် ပွဲစဉ်များမှ အကောင်းဆုံး လူငယ်ကစားသမားများ​

၂။ Arda Guler

ဒီ တူရကီသားလေးကတော့ EURO 2024 ၏ ကြယ်ပွင့်လို့ကို ဆိုနိုင်ပါတယ်။

ရီးယဲလ်မက်ဒရစ် လူငယ်ကစားသမားလေးရဲ့ တန်ကြေးဟာ ဒီနွေရာသီ ဂျာမနီမှာ ဆယ်ဆအထိ မြင့်တက်လာခဲ့ပြီး ဒါဟာ နယ်သာလန်အသင်းနဲ့ ကွာတားဖိုင်နယ်မှာ တွေ့တုန်းက ကစားပုံအပြင် ဂိုးဖန်တီးမှု (၁) ကြိမ် ပြုလုပ်ပေးခဲ့တာကြောင့်ပဲဖြစ်နိုင်ပါတယ်။

EURO 2024 ကွာတားဖိုင်နယ် ပွဲစဉ်များမှ အကောင်းဆုံး လူငယ်ကစားသမားများ​

EURO 2024 ကွာတားဖိုင်နယ် ပွဲစဉ်များမှ အကောင်းဆုံး လူငယ်ကစားသမားများ​

၁။ Lamine Yamal

(၁၆) နှစ်သား ကစားသမားကို ‘ကမ္ဘာ့အဆင့်မီ ကစားသမား’ လို့ ကျွန်တော်တို့ ခေါ်ခဲ့ကြဖူးလား ?

ဂျာမနီကိုအနိုင်ရတဲ့ပွဲမှာ Lamine Yamal ရဲ့စွမ်းဆောင်မှုကို ကြည့်လိုက်ရုံနဲ့ ကျွန်တော်တို့ ခေါ်ဖို့ လုံလောက်သွားပါပြီ။

ဒီချာတိတ်လေးကတော့ တကယ့်ကို ပါရမီကောင်လေးပါပဲ။

စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က

အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။

Leave A Comment