Ten Hag ရဲ့ အသင်းကို ပြစ်တင်ဝေဖန်လိုက်တဲ့ ကာရေဂါ။
အသင်းရဲ့ အမှားလုပ်မှု အပေါ် နည်းပြ Ten Hag ရဲ့ အသင်းကို ကာရေဂါ မှ ပြစ်တင် ဝေဖန်။
Ten Hag [ အဲရစ် တန်ဟက် ] ရဲ့ မန်ချက်စတာ ယူနိုက်တက် အသင်း အနေနဲ့ တခြား ထိပ်တန်း အသင်းတွေ မလုပ်တဲ့ အရာ တစ်ခုခု ကို လုပ်လိုက်တဲ့ အမှားအပေါ် ကာရေဂါက ပြစ်တင် ဝေဖန် လိုက်ပါတယ်။
ယူနိုက်တက် အသင်း နည်းပြ Ten Hag [ အဲရစ် တန်ဟက် ] ဟာ တနင်္ဂနွေနေ့ က မန်စီးတီးကို ၃-၀ ဂိုး နဲ့ ရှုံးနိမ့်ခဲ့တဲ့ ဒါဘီပွဲ အပြီးမှာ သရဲနီ အသင်းမှ အခြား ထိပ်တန်းအသင်းမလုပ်သည့် အရာတစ်ခုကို ပြုလုပ်ခဲ့တယ်လို့ ဝေဖန်ခံခဲ့ရပါတယ်။
1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့
Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။
အိမ်ကွင်းမှာ မန် စီးတီးကို ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက်။
မန် ယူနိုက်တက် အသင်းဟာ တနင်္ဂနွေနေ့က ပရီးမီးယားလိဂ် မှာ ပြိုင်ဘက် မန်စီးတီကို ၃-၀ ဂိုး နဲ့ အရေးနိမ့်ခဲ့ပြီး Erling Haaland မှ နှစ်ဂိုး နဲ့ Phil Foden ရဲ့ ၁ ဂိုး တို့ကြောင့် မန်စီးတီးတို့ ဂိုးပြတ် အနိုင် ရရှိခဲ့ပါတယ်။
နည်းပြ Ten Hag [ အဲရစ် တန်ဟက် ] ဟာ ပြီးခဲ့တဲ့ အပတ်က ကြမ်းတမ်းတဲ့ နေ့တစ်နေ့ ဖြစ်ခဲ့ပြီး အိုးထရက်ဖို့ဒ် အသင်းဟာ ဒုတိယပိုင်းမှာ ကစားပွဲ ပြိုကွဲသွားခဲ့ပြီး အလဲအကွဲတွေ ဖြစ်ခဲ့ရပါတယ်။
လက်ရှိမှာ ယူနိုက်တက် အသင်းဟာ ရမှတ် ၁၅ မှတ် နဲ့ ပရီးမီးယားလိဂ် အမှတ်ပေး ဇယား ရဲ့ အဆင့်၈ နေရာမှာ ရပ်တည်နေပြီး ချန်ပီယံလိဂ် မှာလည်း ရမှတ် ၃ မှတ်နဲ့ အုပ်စု တတိယ နေရာမှာ ရပ်တည်နေပါတယ်။
Carragher က Ten Hag ရဲ့ ယူနိုက်တက် အသင်း ကစားပုံ အပေါ် ဘာပြောခဲ့လဲ။?
“သူဒီမှာ ၁၈ လ ရှိပြီ ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက်အသင်း ဘယ်လို ကစားရမလဲ ဆိုတာကို ကျွန်တော်တို့က ရှင်းပြလို့ မရပါဘူး။ ကစားနေကြတာ တော်တော်လေးကို အရည်အသွေး နိမ့်တယ်။ “
“သူတို့က တန်ပြန် တိုက်စစ် နဲ့အတူ ကစားသမား တစ်ယောက်နဲ့ တစ်ယောက် အဝေးကြီး အပြင် ရှည်လျားတဲ့ ပေးပို့မှု ပုံစံတွေ နဲ့ ကစားကြတယ်။ တခြား ထိပ်တန်းအသင်းတွေ ဒီလိုမျိုး မကစားပါဘူး။ ”
“သူတို့နောက်ကနေ ရုန်းထွက်ဖို့ ကြိုးစားတာ ကို မင်းမြင်ရတဲ့အခါ တကယ့်ကို အံ့ဩစရာပါပဲ။” လို့ လီဗာပူးလ် ကစားသမားဟောင်း James Carragher က Sky Sports ကို ပြောကြားခဲ့ပါတယ်။
နောက်ခံလူဟောင်း ဂယ်ရီ နဗီးလ်က Ten Hag [ အဲရစ် တန်ဟက် ] ကို ထောက်ခံပါတယ်။
တစ်ချိန်တည်း မှာပဲ ဂယ်ရီ နဗီးလ် ဟာ ကလပ် အသင်း တစ်ခုလုံး ရဲ့ အမူကျင့်စဥ် အားလုံးကို ပြန်လည် ပြင်ဆင်ရန် လိုအပ်တယ် လို့ ပြောကြားကာ ယူ နိုက်တက် အသင်း မန်နေဂျာအား ဆက်လက် ပံ့ပိုးပေးလျက် ရှိနေပါတယ်။
“ငါ့ဒေါသက Ten Hag မဟုတ်ဘူး။ သူက အခြေခံ ပြဿနာလို့ မထင်ဘူး။ ဒီကလပ်ရဲ့ အဆိပ်အတောက်က မန်နေဂျာတိုင်းနဲ့ ဒီကိုရောက်လာတဲ့ ကစားသမားတိုင်းကို အခက်တွေ့စေတယ်။ ” လို့ ပြောခဲ့ပါတယ်။
မန်ချက် စတာ ယူနိုက်တက် အသင်း ဟာ နိုဝင်ဘာလမှာ နိုင်ငံတကာပွဲစဥ် အားလပ်ရက် မတိုင်မီ နှစ်ပတ်အလိုမှာ အလုပ်များနေပြီး ဗုဒ္ဓဟူးနေ့တွင် EFL ဖလား ပွဲစဥ် အဖြစ် နယူးကာဆယ် အသင်း နဲ့ အိမ်ကွင်း မှာ တွေ့ဆုံရမှာ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ် အဝေးကွင်းတွင် ဖူလ်ဟမ် နှင့် အိမ်ကွင်း မှာ လူတန် နဲ့ တွေ့ဆုံမှုများ နှင့်အတူ ရလဒ်ကောင်းများ ထွက်မလာပါက နည်းပြ Ten Hag အနေ နဲ့ အမှန်တကယ် ဖိအားများ အောက်တွင် ရှိနေမှာ ဖြစ်ပါတယ်။
စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က
အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။