Tomiyasu နဲ့ ဂန်းနား စာချုပ်သစ် သဘောတူညီမှုရရှိ။

ဂန်းနားအသင်းနဲ့ စာချုပ်သစ် သဘောတူညီမှု ရရှိခဲ့တဲ့ Tomiyasu [ တိုမီယာဆု] ။
Tomiyasu [ တာကယ်ဟီရို တိုမီယာဆု] ဟာ လက်ရှိ အာဆင်နယ် အသင်းနဲ့ စာချုပ်သစ် သဘောတူညီမှု ရရှိသွားပြီလို့ အပြောင်းအရွှေ့ ကျွမ်းကျင်သူ Fabrizio Romano က သီးသန့် ဖော်ပြလိုက်ပါတယ်။
နောက်ခံလူ Tomiyasu [ တိုမီယာဆု] ဟာ လက်ရှိ အာရှဖလားမှာ ဂျပန် အသင်းနဲ့အတူ လန်ဒန်ရဲ့ အဝေးမှာ ရှိနေပေမယ့် အီရန်ကို ၂-၁ ဂိုး နဲ့ ကွာတားဖိုင်နယ်မှာ ရှုံးပြီးနောက်မှာတော့ သူ့ရဲ့ အနာဂတ်အတွက် Emirates အသင်းဆီ ကတိပြုခဲ့ပါတယ်။
1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့
Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။
လန်ဒန်အသင်းမှာ ပေးဆပ်ကစားဖို့ အဆင်သင့် ရှိနေတဲ့ တာကီဟီရို တိုမီယာဆု။
အသက် ၂၅ နှစ်အရွယ် ဂျပန် နောက်ခံလူ Tomiyasu [ တိုမီယာဆု] ဟာ အခုနှစ် ရာသီမှာ မီကယ် အာတီတာ အသင်းအတွက် ၂၀ ပွဲ ပါဝင် ကစားထားပြီး ၁ ဂိုးသွင်းယူကာ ၃ ဂိုး ဖန်တီးပေးထားပါတယ်။
လက်ရှိမှာ ကလပ်အသင်းအတွက်ရော နိုင်ငံ အသင်းအတွက်ပါ နောက်တန်းမှာ ကစားပေးနေတဲ့ သူ့ ရဲ့ သဘောထားအပြင် ဘက်စုံ ကျွမ်းကျင်မှုကြောင့် မန်နေဂျာ နဲ့ ပရိသတ်တွေရဲ့ အချစ်တော် ဖြစ်လာခဲ့ပါတယ်။

အိုဒီဂတ်နဲ့အတူ အောင်ပွဲခံနေတဲ့ တိုမီယာဆု။
ဘိုလော့ဂ်နာ ကစားသမားဟောင်း တာကယ်ဟီရို တိုမီယာဆု ဟာ သူ့ ရဲ့ အကောင်းဆုံး စွမ်းဆောင်ရည်တွေကို လက်ရှိ အာဆင်နယ် အသင်းဆီ ပေးအပ်ဖို့ အဆင်သင့် ဖြစ်နေပြီ ဖြစ်ပါတယ်။
ဂျပန်နောက်ခံလူ Tomiyasu [ တာကယ်ဟီရို တိုမီယာဆု] အတွက် ပြောင်းရွှေ့ကြေး။
ရိုမန်နို က “အာဆင်နယ်မှာ Takehiro Tomiyasu ရဲ့ စာချုပ်သစ်ကို သဘောတူ လက်ခံလိုက်ပါပြီ။ ဂျပန်နောက်ခံလူဟာ ကလပ်အသင်း နဲ့ နှစ်ရှည် စာချုပ်သစ် ချုပ်ဆိုဖို့ ရှိနေပါတယ်။ “
“ဇန်နဝါရီလမှာ Tomiyasu ထွက်ခွာဖို့ ဘယ်တုန်းကမှ အခွင့်အရေး မရှိလို့ ဘုတ်အဖွဲ့ရော အာတီတာက လိုချင်တဲ့ ဆုံးဖြတ်ချက်ပါ။ မကြာခင် ကြေညာ ပေးပါ့မယ်။ ” ဆိုပြီး သူ့ ရဲ့ တွစ်တာမှတဆင့် သီးသန့် ဖော်ပြခဲ့ပါတယ်။

ဂျပန်လက်ရွေးစင် နောက်ခံလူ တိုမီယာဆု။
၂၀၂၁ခုနှစ်မှာ အာဆင်နယ် အသင်းဆီ ယူရို ၁၈.၆ သန်း နဲ့ ပြောင်းရွှေ့ခဲ့တဲ့ Tomiyasu ဟာ ခန့်မှန်း ပြောင်းရွှေ့ ကြေး ယူရို ၁၅.၉ သန်း ပေမယ့် သူ့ ရဲ့ စာချုပ် ကို တရားဝင် ထုတ်ပြန်လိုက်တာနဲ့ သိသိသာသာ မြင့်တက်လာမှာ ဖြစ်ပါတယ်။
လက်ရှိမှာ သူ့ ရဲ့ ETV ပြောင်းရွှေ့ကြေး တန်ကြေးကို ၁၈ လအောက်သာ ကျန်ရှိတော့တဲ့ သဘောတူညီချက် နဲ့ တွက်ချက် ဖော်ပြထားလိုက်တာ ဖြစ်ပါတယ်။
အာဆင်နယ်မှာ Tomiyasu [ တိုမီယာဆု] ဟာ ကြီးမားတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။
Cedric Soares နှင့် Mohamed Elneny တို့ဟာ နွေရာသီမှာ အာဆင်နယ် အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမယ့် ကစားသမားများဖြစ်ပြီး အလွတ် အေးဂျင့် ဖြစ်လာဖို့ မျှော်လင့်ထားပါတယ်။
သောမတ်စ် ပါတေးကတော့ ၂၀၂၅ ခုနှစ်မှာ စာချုပ် သက်တမ်း ကုန်ဆုံးမယ့် ပထမအသင်း Line up လူစာရင်းထဲက နောက်ဆုံး ကျန်ရှိနေတဲ့ ကစားသမား ဖြစ်ပါတယ်။

တိုမီယာဆုရဲ့ ပြောင်းရွှေ့ကြေးက မြင့်တက်လာမှာပါ။
နှစ်သစ်ကူး အကြိုမှာ ဖူလ်ဟမ်ကို 2-1 ဂိုး နဲ့ ရှုံးခဲ့တဲ့ပွဲမှာ ခြေသလုံး ကြွက်သားဒဏ်ရာရရှိခဲ့တဲ့ Tomiyasu ဟာ ပြန်လည် စတင်ခဲ့ပေမယ့် ကာတာမှာ အာရှဖလားပြိုင်ပွဲမှာ ကစားခဲ့ပြီး ဒီဇင်ဘာ ၂ ရက်မှာ ဝုဖ်အသင်းကို အနိုင်ရပြီးကတည်းက ၁ ပွဲသာ ပါဝင်ကစားခဲ့ပါတယ်။
အာတီတာရဲ့ အသင်းဟာ တနင်္ဂနွေနေ့က အိမ်ကွင်းမှာ လီဗာပူးကို 3-1 နဲ့ အနိုင်ယူခဲ့တဲ့အတွက် သူတို့ ရဲ့ တည်ဆောက်ထားတဲ့ အရှိန်အဟုန်ကို ထိန်းသိမ်းထားနိုင်ဖို့အတွက် တိုမီယာဆု ဟာ တနင်္ဂနွေနေ့ ဝက်စ်ဟမ်းနဲ့ ပရီးမီးယားလိဂ် ခရီးစဉ် အတွက် ပါဝင်နိုင်ဖွယ်ရှိနေပါတယ်။
အမှန်တကယ်ပါပဲ Tomiyasuဟာ ကလပ်မှာ သူ့ ရဲ့ ရေရှည် အနာဂတ်ကို အာမခံထားပြီးနောက် ဂန်းနားများသည် ပရီးမီးယားလိဂ် နဲ့ ချန်ပီယံလိဂ်မှာ အောင်မြင်မှုရရှိဖို့ ကြိုးစားနေချိန် အရေးပါတဲ့ အခန်းကဏ္ဍ ကနေ ပါဝင်လာမှာ ဖြစ်ပါတယ်။
စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က
အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။