Oleksandr Zinchenko နဲ့ သူ့ရဲ့ ပရီးမီးယားလိဂ်ဆုဖလား

မန်စီးတီးအသင်းဟာ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်လာပြီး ဇင်ချန်ကိုဟာ ဒီအောင်မြင်မှုကို မိခင်နိုင်ငံ ယူကရိန်းအတွက် မျက်ရည်တွေနဲ့ ရည်ညွှန်းခဲ့ပါတယ်။ Oleksandr Zinchenko [ ဇင်ချန်ကို ] ဟာ ပရီးမီးယားလိဂ် ချန်ပီယံအောင်ပွဲ အခမ်းအနားမှာ ဆုဖလားကို ယူကရိန်းအလံနဲ့ ရစ်ပတ်ကာ အောင်ပွဲခံခဲ့ပါတယ်။ အသက် ၂၅ နှစ်အရွယ် ယူကရိန်းသားဟာ ပထမပိုင်း ၄၅ မိနစ်အပြီးမှာ ကွင်းလယ်လူ ဖာနန်ဒင်ဟိုအစား လူစားလဲ ဝင်ရောက်ကစားခဲ့တာ ဖြစ်ပါတယ်။ 2021/2022 ရာသီမှာ အင်္ဂလန် ပရီးမီးယားလိဂ် ပွဲစဥ် ၃၈ ပွဲမြောက်မှာတော့ မန်ချက်စတာစီးတီးအသင်းဟာ အက်စတွန်ဗီလာအသင်းကို Etihad [ အိမ်ကွင်း ] မှာ လက်ခံကစားသွားခဲ့ပါတယ်။