ကမ္ဘာ့ဖလားကို ကျောခိုင်းလိုက်ရတဲ့ အီတလီနဲ့ ကံကောင်းနေသေးတဲ့ ရော်နယ်ဒိုရဲ့ ပေါ်တူဂီအသင်း
ပြီးခဲ့တဲ့ ယူရို -၂၀၂ဝပြိုင်ပွဲမှာ ချန်ပီယံဆုအထိပါ ရယူပိုင်ဆိုင်နိုင်ခဲ့တဲ့ အီတလီလက်ရွေးစင်အသင်းဟာ ၂၀၂၂ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲ ဥရောပဇုန် ပလေးအော့ဖ်ပွဲစဉ်မှာ မြောက်မက်ဆီဒိုးနီးယားလို ဥရောပ အသင်းလေးကို ရှုံးနိမ့်ခဲ့တာကြောင့် ၂၀၁၈ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲ (ရုရှား ) နဲ့ ၂၀၂၂ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲ (ကာတာ ) အပါအဝင် ကမ္ဘာ့ဖလားပြိုင်ပွဲကြီးကို (၂) ကြိမ်ဆက်တိုက် လွဲချော်သွားခဲ့ရပြီ ဖြစ်ပါတယ်။ ဒါကို အသင်းရဲ့ သမိုင်းနဲ့ ပြန်ယှဥ်ကြည့်လိုက်မယ်ဆိုရင် ဒီလို (၂) ကြိမ် ဆက်တိုက်လွဲချော်ခဲ့တာဟာ ပထမဆုံးအကြိမ်အဖြစ် မှတ်တမ်းဆိုးကြီး တစ်ခုပဲ ဖြစ်ပါတယ်။ ဒီပွဲကို အီတလီအသင်းက အိမ်ကွင်းမှာ ဧည့်ခံကစားခဲ့ပြီး လူဦးရေ ၂သန်းသာရှိတဲ့