Oleksandr Zinchenko

Oleksandr Zinchenko နဲ့ သူ့ရဲ့ ပရီးမီးယားလိဂ်ဆုဖလား

Oleksandr Zinchenko Manchester City
May 23, 2022

မန်စီးတီးအသင်းဟာ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်လာပြီး ဇင်ချန်ကိုဟာ ဒီအောင်မြင်မှုကို မိခင်နိုင်ငံ ယူကရိန်းအတွက် မျက်ရည်တွေနဲ့ ရည်ညွှန်းခဲ့ပါတယ်။ Oleksandr Zinchenko [ ဇင်ချန်ကို ] ဟာ ပရီးမီးယားလိဂ် ချန်ပီယံအောင်ပွဲ အခမ်းအနားမှာ ဆုဖလားကို ယူကရိန်းအလံနဲ့ ရစ်ပတ်ကာ အောင်ပွဲခံခဲ့ပါတယ်။ အသက် ၂၅ နှစ်အရွယ် ‌ယူကရိန်းသားဟာ ပထမပိုင်း ၄၅ မိနစ်အပြီးမှာ ကွင်းလယ်လူ ဖာနန်ဒင်ဟိုအစား လူစားလဲ ဝင်ရောက်ကစားခဲ့တာ ဖြစ်ပါတယ်။ 2021/2022 ရာသီမှာ အင်္ဂလန် ပရီးမီးယားလိဂ် ပွဲစဥ် ၃၈ ပွဲမြောက်မှာတော့ မန်ချက်စတာစီးတီးအသင်းဟာ အက်စတွန်ဗီလာအသင်းကို Etihad [ အိမ်ကွင်း ] မှာ လက်ခံကစားသွားခဲ့ပါတယ်။

အဲဗာတန်းအသင်းနဲ့ ပွဲမစခင်မှာ ဝမ်းနည်းမျက်ရည်ကျနေခဲ့တဲ့ ဇင်ချန်ကို

Zinchenko was tears
February 27, 2022

  ယူကရိန်းအသင်းခေါင်းဆောင် အော်လီစန်းဒါး ဇင်ချန်ကိုသည် အဲဗာတန်အသင်းနှင့် မန်စီးတီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့်ပွဲတွင် ဝမ်းနည်းကာ မျက်ရည် ကျနေခဲ့သည်။     ယူကရိန်းကို ‌ထောက်ခံသည့် ပရိသတ်များ၊ ကစားသမားများနဲ့ ဝန်ထမ်းများ စုပေါင်းပြီး ယူကရိန်းကို အားပေးတဲ့အနေဖြင့် မန်စီးတီးက အဲဗာတန် ၂ သင်းလုံး က  Goodison Park မှာ ယူကရိန်းအလံများဖြင့် ဝမ်းနည်းကြောင်း အထိမ်းအမှတ် ပြုလုပ်ခဲ့ကြသည်။     မန်ချက်စတာစီးတီးနှင့် ယူကရိန်းကြယ်ပွင့် အိုလက်ဆန်ဒါဇင်ချန်ကိုသည် Goodison Park တွင် ပွဲစဥ် မစတင်မီ နှစ်ဖက်စလုံးက သူ့နိုင်ငံအတွက် ထောက်ခံ ကြောင်း ပြသခဲ့သဖြင့် မျက်ရည်များကျကာ သူ့ကိုယ်သူ မထိန်းနိုင်တော့ပေ။