Leandro Trossard နဲ့ အဆင့်မြင့်ဆွေးနွေးနေတဲ့ ဂန်းနား။

တိုက်စစ်မှူး Leandro Trossard [ လီအန်ဒရို ထရိုဆက်ဒ် ] နဲ့ အဆင့်မြင့်ဆွေးနွေးနေတဲ့ အာဆင်နယ်။ Leandro Trossard [ လီအန်ဒရို ထရိုဆက်ဒ် ] ကို ဘရိုက်တန် အသင်းဆီကနေ ခေါ်ယူဖို့ အာဆင်နယ်တို့ အကောင်းဆုံး ပြင်ဆင်နေပြီး ကလပ်အသင်း နှစ်သင်း အကြား ပြောဆို ဆွေးနွေးမှုတွေ အဆင့်မြင့်လာခဲ့ပြီ ဖြစ်ပါတယ်။ အာဆင်နယ် အသင်းဟာ ဘယ်လ်ဂျီယံ လက်ရွေးစင် လီအန်ဒရို ထရိုဆက်ဒ် ရဲ့ အပြောင်းအရွှေ့ နဲ့ ပတ်သက်ပြီး ဘရိုက်တန် အသင်းနဲ့ ‘အဆင့်မြင့်ဆွေးနွေးမှုများ’ ပြုလုပ်နေကြောင်း အပြောင်းအရွှေ့ ဆရာကြီး ဖာဘရီဇီယို ရိုမန်နိုက ရေးသား ဖော်ပြခဲ့ပါတယ်။