Pique အနားယူခြင်းနဲ့အတူ ဘာစီလိုနာရဲ့ အခြေအနေ။

ခံစစ်မှူး Pique [ ဂျက်ရတ် ပီကေး ] အနားယူခြင်းက ဘာစီလိုနာရဲ့ အပြောင်းအရွှေ့ အစီအစဉ်တွေကို ဘယ်လိုကူညီပေးနိုင်မလဲ။ Pique [ ဂျက်ရတ် ပီကေး ] အသင်းကနေ ထွက်ခွာသွားတာဟာ ဘာစီလိုနာအသင်းအတွက် မထင်မှတ်ဘဲ အံ့အားသင့်စရာ ဖြစ်လာခဲ့ပေမယ့် ကလပ်အသင်းမှာ တခြား အစီအစဉ်အချို့ ရှိခဲ့တယ်လို့ သိရပါတယ်။ ခံစစ်မှူး ပီကေးဟာ ဒီရာသီ အစောပိုင်းကတည်းက ပထမပွဲထွက် လူစာရင်းအတွက် ပါဝင် ကစားခွင့် များများစားစား မရခဲ့သလို နွေရာသီ အပြောင်းအရွှေ့တုန်းက ခေါ် လိုက်တဲ့ ဂျူးလ်စ် ကွန်ဒယ်နဲ့ အန်ဒရေ့စ် ခရစ္စတန်ဆန်တို့ရဲ့ ခေါ်ယူမှုကလည်း အဲ့ဒါကို အကျိုး သက်ရောက်မှု မရှိခဲ့ပါတယ်။