Garnacho တစ်ယောက် ရော်နယ်ဒိုလို ဖြစ်လာမလား။

ယူနိုက်တက်တို့က Garnacho [ ဂါနာချို ] ကို နောက်ထပ် ရော်နယ်ဒိုလို့ ယုံကြည်နေ။ Garnacho [ အယ်လီဟန်ဒရို ဂါနာချို ] ကို ပိုင်ဆိုင်ထားတာကြောင့် ယူနိုက်တက် အသင်းဟာ ကစားသမား ဘဝတလျှောက် ခရစ္စတီယာနို ရော်နယ်ဒို ရဲ့ အောင်မြင်မှုတွေအတိုင်း ကိုက်ညီနိုင်မယ့် ကစားသမား တစ်ယောက်ရှိတယ်လို့ ယုံကြည်နေပါတယ်။ သရဲနီတွေဟာ Sporting CP ကနေ ရော်နယ်ဒိုကို ခေါ်ယူခဲ့ပြီး ဆာအဲလက်စ် ဖာဂူဆန်က ပေါ်တူဂီသားကို Ballon d’Or ၅ ကြိမ်တိုင်တိုင် ဆွတ်ခူးနိုင်ဖို့ သူ့ရဲ့လမ်းစကို ချမှတ်ပေးခဲ့တာကြောင့် Old Trafford မှာ စူပါစတား တစ်ဦး ဖြစ်လာခဲ့ပါတယ်။