ရော်နယ်ဒိုက ဒီယေဂို ဆီမြွန်နီအတွက် အိပ်မက်ဆိုးတစ်ခုပါပဲ။

အက်သလက်တီကိုမက်ဒရစ်အသင်းနဲ့ တွေဆုံခဲ့သမျှ ခရစ်စတီယာနိုရော်နယ်ဒိုရဲ့မှတ်တမ်းများ။
ဒီနေ့ ဗုဒ္ဓဟူးနေ့ညမှာ သူအကြိုက်ဆုံးပြိုင်ဘက်တွေထဲက အက်သလက်တီကိုမက်ဒရစ်အသင်းနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းဟာ ချန်ပီယံလိဂ် 16 သင်းအဆင့် ပထမအကျော့အဖြစ် အက်သလက်တီကိုအသင်းကို Wanda Metropolitano မှာ
ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။


1xBet မှာ ကစားချင်သူတွေအနေနဲ့
Promocode (ပရိုမိုကုဒ်)
MMSPORT100
ကိုအသုံးပြု၍
100% ငွေသွင်းအပိုဆု (ဘောနပ်စ်) ရယူလိုက်ပါ။ 


အကောင့်ဖွင့်နည်း 
How to register in 1XBET?
ရီးယဲလ်မက်ဒရစ်ကစားသမားဟောင်း ရော်နယ်ဒိုဟာ စပိန်မြေမှာ ယူနိုက်တက် ပရိတ်သတ်များအတွက် ဂိုးများနဲ့ အောင်ပွဲခံဖို့ မျှော်လင့်နေပါတယ်။
အသက် 37 နှစ်အရွယ်ရှိပြီဖြစ်တဲ့ ပေါ်တူဂီ ဂန္တဝင် တိုက်စစ်မှူးဟာ သူ့ရဲ့ ကစားသမားဘဝတစ်လျှောက်လုံးမှာ ဒီယေဂို ဆီမြွန်နီရဲ့ အက်သလက်တီကို မက်ဒရစ်
အသင်းကို ဂိုးသွင်းတာကတော့ အထူးအဆန်းတစ်ခု မဟုတ်တော့ပါဘူး။
ဒီပွဲစဥ်ဟာ ရော်နယ်ဒိုအတွက် အက်သလက်တီကိုမက်ဒရစ်နဲ့ ရင်ဆိုင်ခဲ့တဲ့ ၃၆ ကြိမ်မြောက်ပွဲဖြစ်ပြီး ဒီပွဲတွေမှာ အံ့အားသင့်ဖွယ် ၂၅ ဂိုး သွင်းယူပြီး ဂိုးဖန်တီးမှု
၉ ကြိမ် ပြုလုပ်ပေးထားပါတယ်။
အက်သလက်တီကိုနဲ့ပွဲမှာ သူ့ရဲ့အမှတ်တရအရှိဆုံးအချိန်တွေက ချန်ပီယံလိဂ်ပွဲစဥ်တွေပဲ ဖြစ်ပါတယ်။ သူဟာ 2014 ခုနှစ် 4-1 ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲစဥ်မှာ
နောက်ဆုံးအနိုင်ဂိုးကို သွင်းယူခဲ့ပါတယ်။ ၂၀၁၆ ချန်ပီယံစ်လိဂ် ဖိုင်နယ်မှာ နောက်ဆုံးပင်နယ်အဆုံးအဖြတ်ကို အနိုင်ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့ပါတယ်။
နောက်တစ်နှစ်အကြာ ၂၀၁၇ ခုနှစ် ချန်ပီယံစ်လိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဥ်မှာ ရီးယဲလ်မက်ဒရစ်အသင်းအတွက် ဟတ်ထရစ် သွင်းယူနိုင်ခဲ့ပါတယ်။
နောက်တစ်ခုကတော့ ၂၀၁၉ ခုနှစ် ဂျူဗင်တပ်စ်အသင်းမှာတုန်းက ချန်ပီယံစ်လိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့ပွဲစဥ်ပဲဖြစ်ပါတယ်။ အဲ့အချိန်တုန်းက ပထမ
အကျော့ကို အိမ်ကွင်းမှာ ၂-၀ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပေမယ့် ဒုတိယအကျော့ကို အဝေးကွင်းမှာ ၃-၀ ဂိုးနဲ့အနိုင်ရရှိခဲ့ပါတယ်။ ၃ ဂိုးစလုံးကို ရော်နယ်ဒိုကပဲ သွင်းယူခဲ့တာ
ဖြစ်ပါတယ်။
အသင်းပြောင်းသွားသည့်တိုင် ရော်နယ်ဒိုက ဒီယေဂို ဆီမြွန်နီအတွက် အိပ်မက်ဆိုးတစ်ခု ဖြစ်နေဆဲပါပဲ။
အံ့သြစရာကောင်းတာက ရော်နယ်ဒိုရဲ့ ဆီမြွန်နီအသင်းနဲ့ တွေ့ဆုံခဲ့တဲ့ ရလဒ်တွေက အထင်ကြီးစရာပါပဲ။ တွေ့ဆုံခဲ့သမျှ ၃၅ ပွဲမှာ ၁၇ ပွဲအနိုင်ရရှိခဲ့ပြီး ၉ ပွဲပဲ
ရှုံးနိမ့်ခဲ့ပါတယ်။
အက်သလက်တီကိုမက်ဒရစ်နဲ့ပွဲမှာ ရော်နယ်ဒိုရဲ့ အံ့မခန်းမှတ်တမ်းတွေက မန်ချက်စတာယူနိုက်တက်အသင်းအတွက်လည်း ဆက်လက်ထိန်းထားနိုင်ဦးမှာပါ။
ခရစ်စတီယာနို ရော်နယ်ဒို နဲ့ အက်သလက်တီကို မက်ဒရစ်
ပြိုင်ပွဲစုံ ၃၅ ပွဲ
ဂိုး ၂၅ ဂိုး
ဟတ်ထရစ်ခ် ၄ ကြိမ်
ဂိုးဖန်တီးမှု ၉ ကြိမ်
အနိုင်ရရှိမှု ( % ) ၄၈.၆ %