Tchouameni ကို ခေါ်ယူလိုက်တဲ့ ရီးယဲလ်မက်ဒရစ်အသင်း
ရီးယဲလ်မက်ဒရစ်အသင်းဟာ ကွင်းလယ်လူ Tchouameni နဲ့အတူ အနာဂတ်အိပ်မက်အသင်းကို တည်ဆောက်ခဲ့ပါတယ်။
Tchouameni [ ချူအာမန်နီ ] ဟာ မိုနာကိုအသင်းရဲ့ လူငယ်ကွင်းလယ်ကစားသမားတစ်ဦးဖြစ်ပြီး သူ့ကို ရီးယဲလ်မက်ဒရစ်အသင်းက ပြောင်းရွှေ့ကြေး ယူရိုသန်း (၁၀၀)နဲ့ ခေါ်ယူလိုက်ပြီ ဖြစ်ပါတယ်။
၂၀၂၀ ခုနှစ်အစောပိုင်းမှာ ကွင်းလယ်လူဟာ ဘော်ဒိုးအသင်းကနေ မိုနာကိုကို ပြောင်းရွှေ့ကြေး ယူရို ၁၈ သန်းနဲ့ ရောက်ရှိလာခဲ့ပြီး ခြေစွမ်းတွေ လျင်မြန်မြန် တိုးတက်လာခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ကွင်းလယ်လူဟာ ရှေ့လျှောက်ဆက်သွားရမယ့် ရာသီအတွက် အဆင့်သင့် ဖြစ်နေပြီ ဖြစ်ပါတယ်။
ဘော်ဒိုးအသင်းမှာ ကန်ခဲ့စဥ် နေ့ရက်တွေမှာ ခြေစွမ်းကောင်းမွန်ခဲ့တဲ့ Tchouameni [ ချူအာမန်နီ ] ဟာ မိုနာကိုအသင်းကို ရောက်ရှိလာချိန်မှာလည်း ကမ္ဘာ့အဆင့် ကစားသမားတစ်ဦးပုံစံ ဖြစ်နေပါပြီ။ ဒါကြောင့်မို့ ပြင်သစ်သားဟာ Los Blancos [ ရီးယဲလ် မက်ဒရစ် ] ကို ပြောင်းရွှေ့ပြီးနောက် ကိုလံဘီယာ ကွင်းလယ်တိုက်စစ်ကစားသမား ဟားမတ်စ် ရိုဒရီဂွက်ဇ်ရဲ့ ခြေရာကို နင်းနိုင်တယ်လို့လည်း ချီးကျူးထားကြပါတယ်။
1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့
Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။
ဆန်တီယာဂို ဘာနေဗျူး ပရိတ်သတ်အုပ်ကြီးရှေ့မှာ ကစားဖို့ လိုအပ်တဲ့ ပြောင်မြောက်တဲ့ အရည်အသွေးတွေနဲ့ ကွင်းလယ်ကစားသမား ချူအာမန်နီဟာ တီထွင်ဖန်တီးမှုမှာ ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦးဖြစ်ပါတယ်။ သူဟာ အခုချိန်မှာလည်း အသင်းအတွက် အကျိုးသက်ရောက်မှုတွေ ပြုလုပ်ဖို့ အဆင်သင့်ဖြစ်နေပါပြီ။
ပြင်သစ်သား ချူအာမန်နီဟာ ရီးယဲလ်မက်ဒရစ်အသင်းမှာဆိုရင် ကွင်းလယ် နေရာစုံမှာ အံဝင်ဂွင်ကျဖြစ်ပါတယ်။ မက်ဒရစ် ဝါရင့် ကွင်းလယ်လူတွေဖြစ်တဲ့ ကတ်စ်မီရို၊ လူကာ မိုဒရစ်ဒါမှမဟုတ် တိုနီ ခရုစ်တို့နေရာအတွက် အလွယ်တကူ အစားထိုးနိုင်ပါတယ်။ ဒါကတော့ ရီးယဲလ်မက်ဒရစ်အတွက် တကယ်ကို အဖိုးမဖြတ်နိုင်တဲ့ အရာတစ်ခုပါပဲ။ ပြီးခဲ့တဲ့ နွေရာသီက ချဲလ်ဆီးအသင်းရဲ့ စိတ်ဝင်စားမှုများစွာနဲ့ အသင်းဆီ ပြောင်းရွှေ့ဖို့ ချိန်ဆက်မှုတွေ ရှုပ်ပွနေခဲ့ပေမယ့် ချူအာမန်နီဟာ မိုနာကိုမှာပဲ ဆက်ရှိနေခဲ့ပါတယ်။
သူ့ရဲ့ ကမ္ဘ့ာအဆင့်ပုံစံနဲ့ ကျောကြားလာမှုတွေဟာ သူ့ရဲ့ ပင်ကိုယ် စွမ်းဆောင်ရည်တွေကြောင့်ပဲ ဖြစ်ပါတယ်။ လီဗာပူးလ်နဲ့ ပီအက်စ်ဂျီအသင်းတို့ဟာ ကစားသမားကို ခေါ်ယူနိုင်ဖို့ ရီးယဲလ်မက်ဒရစ်အသင်းနဲ့ အပြိုင် ကြိုးစားခဲ့ဖူးပါတယ်။ ဒါပေမယ့် ကစားသမားဟာ သူ့ရဲ့ အလားအလာ ရှိတဲ့ အသင်းစာရင်းရဲ့ ထိပ်ဆုံးမှာ စပိန် ဘီလူးကြီး တွေဟာ အမြဲတမ်း ရှိနေေခဲ့ပါတယ် ။
အမ်ဘတ်ပေကို မေ့လိုက်ပြီး၊ Tchouameni ဟာ ပြီးပြည့်စုံတဲ့ ခေါ်ယူမှုပါ။
ကီလီယန် အမ်ဘတ်ပေကို လက်လွှတ်ရခြင်းရဲ့ ထိုးနှက်ချက်ဟာ ရီးယဲလ်မက်ဒရစ်မှာ လိုအပ်နေတဲ့ ဥရောပရဲ့ အရည်အချင်းအရှိဆုံး ကစားသမားတွေထဲက တစ်ဦးကို ခေါ်ယူခြင်းနဲ့ သက်သာရာရပါလိမ့်မယ်။ ဝါရင့် ကွင်းလယ်လူတွေဖြစ်တဲ့ ကတ်စ်မီရို၊ လူကာ မိုဒရစ်ဒါမှမဟုတ် တိုနီ ခရုစ် တို့ဟာ ချန်ပီယံလိဂ် ၅ ကြိမ် အောင်ပွဲ အတွက် အုတ်မြစ် ဖြစ်ခဲ့ ကြ ပေမယ့် သူတို့ရဲ့ စွမ်းဆောင်ရည်တွေ တဖြည်းဖြည်း လျော့နည်းလာတော့မှာ ဖြစ်ပါတယ်။
မိုဒရစ်ဟာ လီဗာပူးလ်ကိုအနိုင်ရပြီးနောက် ဥရောပချန်ပီယံ လမ်းကြောင်းပေါ်လို့ လျှောက်လှမ်းရာမှာ အကောင်းဆုံးပုံစံ ဖြစ်ခဲ့ပေမယ့် ခရိုအေးရှားသားဟာ အသက် ၃၆ နှစ်အရွယ်ရှိနေပြီ ဖြစ်ပါတယ်။ ဒီအခြေအနေမှာ ကစားသမားရဲ့ ကြံ့ခိုင်မှုနဲ့ အားထုတ်မှုများစွာလိုအပ်တဲ့ အနေအထားမှာ ရှိနေပြီး သူ့ရဲ့ ကြံ့ခိုင်မှုကျဆင်းမယ့် အသက်အရွယ်ကို နီးကပ်လာနေပြီ ဖြစ်ပါတယ်။
ဟုတ်ပါတယ်။ သူက ဥရောပရဲ့ အကောင်းဆုံးအသင်းမှာ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်နေသေးပေမယ့် သူ့ရဲ့ကြံ့ခိုင်မှုကို စီမံခန့်ခွဲပြီး ကမ္ဘ့ာအဆင့်ပုံစံမှာ ဆက်ရှိနေဖို့ သော့ချက်ပါပဲ။ တိုနီ ခရုစ်နဲ့ ပတ်သတ်ပြီး သူဟာ ထိပ်တန်း ကစားသမား ဘဝ ရဲ့ ရှည်လျားတဲ့ အကျိုးသက်ရောက်မှု ကို စတင် ခံစား နေပြီ ဖြစ်ပါတယ်။
ပွဲထွက် ၁၁ ဦးစာရင်းမှာ အမြဲပါဝင်နေတဲ့ ဂျာမန်သားဟာ အက်ဒွာဒို ကမ်ဝင်းဂါနဲ့ အစားထိုးခဲ့ပြီး အရန်ခုံဘေးက ပံ့ပိုးမှုတွေက လော့စ်ဘလက်ကိုစ်အသင်းကို ချန်ပီယံလိဂ်ဖိုင်နယ်ဆီ ရောက်ရှိရတဲ့ အဓိကအကြောင်းရင်းတစ်ခု ဖြစ်ပါတယ်။
ခရုစ်နဲ့ မိုဒရစ်တို့ရဲ့ နေရာကို ဖြည့်ဆည်းဖို့ ချူအာမန်နီကို လိုအပ်ပါတယ်။
ဘော်ဒိုးအသင်းသားဟောင်းဟာ ရာသီစတင်ပြီဆိုတာနဲ့ အရည်အသွေး အစစ်အမှန်ကို ပေးစွမ်းနိုင်မှာ ဖြစ်ပြီး အန်ဆယ်လော့တီရဲ့ အသင်းအတွင်း အဖိုးတန်ကစားသမားတစ်ဦး ဖြစ်လာမှာ ဖြစ်ပါတယ်။ မိုနာကိုမှာ သူ့ရဲ့အချိန်တွေကနေ သိသိသာသာ ကျဆင်းသွားပေမယ့် ချူအာမန်နီဟာ သူတို့ရဲ့ များပြားလှတဲ့ ပွဲစဥ် အရေအတွက်နဲ့ သူတို့ရဲ့ လက်ရှိကွင်းလယ်အဆင့်မှာ လှည့်ပတ်မှုအပိုင်းတွေကြောင့် နောက်ရာသီ ပွဲပေါင်း ၄၀ ကျော်ကို ဘာကြောင့် မကစားရလဲဆိုတာ အကြံပြုစရာအကြောင်းမရှိပါဘူး။
ကမ်ဝင်းဂါဟာ ရီးယဲလ်မက်ဒရစ်အသင်းမှာ ဖြည်းဖြည်းချင်းသာ ခြေစွမ်းတက်လာခဲ့တာ တွေ့ရပါတယ်။ ဒါပေမယ့် ချုအာမန်နီကတော့ လွန်ခဲ့တဲ့ တစ်နှစ်က ဆန်တီယာဂို ဘာနေဗျူးကို အရင် ရောက်နှင့်နေတဲ့ Rennes ကစားသမားဟောင်းထက် အဆပေါင်းများစွာ ပိုမို ပြောင်မြောက်ပြီး အတွေ့အကြုံရှိတဲ့ ကစားသမားတစ်ဦး ဖြစ်ပါတယ်။
ဒါပေမယ့် သူကလည်းပဲ ရီးယဲလ်မက်ဒရစ်ကို ကမ္ဘာ့ဘောလုံးလောကရဲ့ အကောင်းဆုံး ကွင်းလယ်ကစားသမားနှစ်ယောက်အဖြစ် အထောက်အပံ့ ပေးစွမ်းပါလိမ့်မယ်။ လူငယ် ကွင်းလယ်လူတွေ ဖြစ်တဲ့ ကမ်ဝင်းဂါနဲ့ ချူအာမန်နီတို့ဟာ အသက်ကြီးလာတာနဲ့အမျှ သူတို့ရဲ့ နေရာမှာ လာမယ့် ဆယ်စုနှစ်ကို အဆုံးအဖြတ်ပေးနိုင်တဲ့ အလားအလာတွေ ရှိနေပါတယ်။ ဒီပြင်သစ်လူငယ်အတွဲက ဆယ်စုနှစ်တစ်ခုအတွင်း ရီးရဲလ်မက်ဒရစ်အပြင် ဥရောပရဲ့အကောင်းဆုံးကွင်းလယ်ကို ပေးစွမ်းဖို့ အဆင်သင့်ဖြစ်နေပါပြီ။
စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က
အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။