Raphael Varane [ရာဖေးလ်ဗာရန်း] ရဲ့ ပထမဆုံး ယူနိုက်တက်သွင်းဂိုး
Raphael Varane ဟာ မန်ချက်စတာ ယူနိုက်တက်အတွက် သူ့ရဲ့ ပထမဆုံးဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။
ရီးယဲလ်မက်ဒရစ် အသင်း ကနေ ပြောင်းလာတဲ့ ယူနိုက်တက် နောက်ခံလူ ရာဖေးလ် ဗာရန်း ဟာ မေလ ၂ ရက်နေ့ က ဘရန့်ဖို့ဒ်အသင်းကို ၃-၀ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဥ်မှာ သရဲနီတို့အတွက် သူ့ရဲ့ ပထမဆုံးဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။
ပြင်သစ် ဗဟိုခံစစ်ကစားသမားဟာ ယူနိုက်တက်၏ Bees [ ဘရန့် ဖို့ဒ် ] အသင်းကို ယူနိုက်တက်အသင်းရဲ့ တတိယမြောက် ဦးဆောင်ဂိုး ( ဒါမှမဟုတ် ) အနိုင်ဂိုးကို သူ့အတွက် ပထမဆုံး ယူနိုက်တက်သွင်းဂိုးအဖြစ် မှတ်တမ်းတင်ထားနိုင်ခဲ့တာ ဖြစ်ပါတယ်။ ပွဲကစားချိန် ၇၂ မိနစ်မှာ ဗာရန်းဟာ ပွဲကို အနိုင်ရကြောင်း အတည်ပြုနိုင်စေမယ့် ဂိုးကို ဘယ်နောက်ခံလူ အဲလက်စ်တဲလက်စ်ရဲ့ ထောင့်ကနဘောကနေတဆင့် ခြေခွင်နဲ့ လှလှပပ ပိတ်သွင်းနိုင်ခဲ့ပါတယ်။
ဗဟို ခံစစ်မှုးဟာ တနင်္လာနေ့ညက ဘရန့်ဖို့ဒ်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဥ် မတိုင်ခင်အထိ ယူနိုက်တက်အသင်းအတွက် ဂိုသွင်းနိုင်ခြင်းမရှိခဲ့ပေမယ့် နောက်တန်းမှာ စိတ်ချရတဲ့ စွမ်းဆောင်ရည်တွေနဲ့ အသင်းကို အထောက်အကူပြုပေးနေခဲ့တာ ဖြစ်ပါတယ်။
👇 1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့ 👇
Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။
ယူနိုက်တက် နောက်ခံလူ ဗာရန်းဟာ သရဲနီတွေအတွက် သူ့ရဲ့ ပထမဆုံးသွင်းဂိုးအတွက် Instagram [ အင်စတာဂရမ် ] မှာ ပို့စ်တင်ပြီး တုံ့ပြန်ခဲ့ပါတယ်။
“ဟုတ်ပါတယ်။ Old Trafford [ မန်ချက်စတာယူနိုက်တက် ] အသင်း မှာ ကျွန်တော့်ရဲ့ ပထမဆုံးဂိုးကို သွင်းယူနိုင်ခဲ့တာက တကယ်ကို ထူးခြားတဲ့ ခံစားချက်တစ်ခု
ပါ!!” လို့ တင်ခဲ့ပါတယ်။
မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ခက်ခဲလှတဲ့ ရာသီကို အဆုံးသတ်ဖို့ ကြိုးစားနေပါတယ်။
လက်ရှိမှာ သရဲနီအသင်းဟာ ဖလားပြိုင်ပွဲအားလုံးကနေ ကံဆိုးစွာနဲ့ ထွက်ခွာသွားခဲ့ရပြီး ပရီးမီးယားလိဂ် ထိပ်ဆုံးလေးသင်းမှာ ပါဝင်ဖို့ အလားအလာမရှိတော့ပါ။ ဘာလို့လဲဆိုတော့ ယူနိုက်တက်အသင်းဟာ လက်ရှိမှာ စတုတ္ထနေရာက အာဆင်နယ်အသင်းထက် နှစ်ပွဲပို ကစားထားပြီး ဖြစ်ပါတယ်။ သရဲနီတို့ဟာ စတုတ္ထနေရာက ဂန်းနားတို့နဲ့ ၅ မှတ်အကွာ၊ အဆင့် ၅ နေရာက စပါးအသင်းကို ၃ မှတ်အကွာနဲ့ အဆင့် ၆ မှာ ဆိုးဆိုးဝါးဝါး ရပ်တည်နေတာ ဖြစ်ပါတယ်။
သရဲနီတွေအတွက် ဝမ်းနည်းစရာကောင်းတဲ့ရာသီက လုပ်ဆောင်ခဲ့တဲ့အရာတစ်ခုကတော့ ပြန်လည်တည်ဆောက်မှု ပြုလုပ်ဖို့ လိုအပ်တာကို ထင်ရှားစေခဲ့ပါတယ်။
ပြန်လည်တည်ဆောက်မှုကို ရာသီကုန်တွင် လက်ရှိ ယာယီမန်နေဂျာ Ralf Rangnick [ ရာ့ဖ် ရန့်ဂနစ် ] ဆီကနေ နည်းပြသစ် Erik ten Hag [ အဲရစ် တန်ဟတ် ] က
လွှဲပြောင်း တာဝန်ယူ ကြီးကြပ်မှာ ဖြစ်ပါတယ်။
Raphael Varane ရဲ့ မန် ယူနိုက်တက်နဲ့ အနာဂတ်
အသင်းရဲ့ ကစားသမား အပြောင်းအရွှေ့ အများအပြားကို အိုးထရက်ဖို့ဒ်မှာ မျှော်လင့်ထားပြီး ရာဖေးဗာရန်းကတော့ သူ့ရဲ့ ခြေစွမ်းအရ နည်းပြ တန်ဟတ်ရဲ့ ပထမဦးစားပေး အသင်းစာရင်းမှာ ပါဝင်လာနိုင်ဖို့ အာမခံချက်တော့ ရှိမှာပါ။
အသက် ၂၉ နှစ်အရွယ် ကစားသမားဟာ ဒီရာသီ ခေါ်ယူမှုမှာ အထင်ကြီးလောက်စရာ ဖြစ်နေပြီး သူ့ရဲ့ ပွဲဦးထွက်ရာသီမှာ ထိခိုက်ခဲ့တဲ့ ဒဏ်ရာပြဿနာတွေကို ဖယ်ရှားနိုင်ခဲ့မယ်ဆိုရင်တော့ နည်းပြသစ် တန်ဟတ်လက်ထက်ရောက်ရင် အခွင့်အရေးတွေ ရရှိနိုင်မှာ ဖြစ်ပါတယ်။ ပြီးတော့ ဟယ်ရီမက်ဂွိုင်းယားနဲ့အတူ ယူနိုက်တက်ရဲ့ ဗဟိုခံစစ်ပိုင်းမှာ ပါတနာအသစ်အဖြစ် လက်တွဲ ကစားနိုင်မှာ ဖြစ်ပါတယ်။
ဒါပေမယ့် ယူနိုက်တက် အသင်းခေါင်းဆောင် ဟယ်ရီမက်ဂွိုင်းယားဟာ လက်ရှိမှာ သူ့ရဲ့ ညံ့ဖျင်းတဲ့ စွမ်းဆောင်ရည်တွေကြောင့် သူ့အပေါ် ဝေဖန်မှုတွေ ဆက်တိုက် ဖြစ်ပေါ် နေခဲ့ပါတယ် ။ ဗာရန်းလိုမျိုး ဗစ်တာ လင်ဒီလော့ဖ်ဟာလည်း ဘရန့်ဖို့ဒ်နဲ့ ပွဲမှာ အထင်ကြီးလောက်စရာ ခြေစွမ်းတွေ ပြသခဲ့ပါတယ်။ ဒါပေမယ့် နည်းပြ ရန့်ဂနစ်ကတော့ ဆွီဒင်သားရဲ့ ဆုံးဖြတ်ချက်ချပုံတွေကို သံသယရှိတယ်လို့ သတင်းတွေ ထွက်ပေါ် နေခဲ့ပါတယ်။
ဂျူရီယန်တင်းဘားနဲ့ ပါအူတောရက်စ်တို့ကို ယူနိုက်တက်အသင်းမှာ မြင်ရမှာလား?
နည်းပြ တန်ဟတ်ဟာ Eredivisie [ ဟော်လန်လိဂ် ] ရှိ Ajax [ အေဂျက် ] အသင်းကို ကိုင်တွယ်နေစဥ်အတွင်း နောက်ခံလူ ဂျူရီယန် တင်းဘား အကြောင်းကို သိရှိထားပြီး ဗီလာရီးရဲယ်နောက်ခံလူ ပါအူတောရက်စ်က ဒီရာသီမှာ အူနိုင်းအန်မရီရဲ့ အသင်းနဲ့ လာလီဂါနဲ့ ဥရောပနှစ်ခုစလုံးမှာ ခြေစွမ်းပြနေသူ ဖြစ်ပါတယ်။
ဒါကြောင့်မို့ နည်းပြ Erik ten Hag ဟာ အခုရာသီအကုန်မှာ ယူနိုက်တက်အသင်းကို ပြောင်းလဲ တာဝန်ယူ ကိုင်တွယ်ပြီဆိုတာနဲ့ အကောင်းဆုံး ခြေစွမ်းပြ ကစားသမားတွေဖြစ်တဲ့ တင်းဘားနဲ့ တောရက်စ်တို့ကို ခေါ်ယူမယ်လို့ ယူဆရပါတယ်။
ရူဒီ ဂယ်လက်တီရဲ့ အဆိုအရ ယူနိုက်တက်အသင်းဟာ သူတို့ရဲ့ ခံစစ်ပိုင်းဆိုင်ရာ အားနည်းချက်တွေကို ဖြေရှင်းဖို့ ကြိုးစားနေတာကြောင့် ဒီကစားသမားနှစ်ဦးဟာ အသင်းရဲ့ ခေါ် ယူဖို့ ဆန္ဒရှိနေတဲ့ စာရင်းထဲမှာ ပါဝင်နေတာ ဖြစ်ပါတယ်။
စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က
အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။