ကွင်းလယ်ကစားသမားတစ်ဦးကို ရောင်းချတော့မယ့် ပဲရစ်အသင်း
PSG အသင်းဟာ အာဆင်နယ်နဲ့ အက်စတွန်ဗီလာတို့ရဲ့ ပစ်မှတ်ကစားသမားကို
နွေရာသီမှာ ရောင်းချဖို့ အဆင်သင့်ဖြစ်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
လီဂူး-၁ ထိပ်သီးအသင်းကြီး PSG အသင်းဟာ စိတ်ပျက်ဖွယ်ကောင်းတဲ့ ရာသီအကုန်မှာ အာဆင်နယ်နဲ့ အက်စတွန်ဗီလာတို့ရဲ့ အပြောင်းအရွှေ့ပစ်မှတ် ဖြစ်တဲ့ ဂျော်
ဂျင်နီယို ဝီနယ်ဒန်နဲ့ လမ်းခွဲဖို့ ပြင်ဆင်နေကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။
1xBet မှာ ကစားချင်သူတွေအနေနဲ့
Promocode (ပရိုမိုကုဒ်) MMSPORT100 ကိုအသုံးပြု၍
100% ငွေသွင်းအပိုဆု (ဘောနပ်စ်) ရယူလိုက်ပါ။
အကောင့်ဖွင့်နည်း
How to register in 1XBET?
ပဲရစ်အသင်းဟာ ၂၀၂၁ ခုနှစ် နွေရာသီမှာ ဝီနယ်ဒန်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ လီဗာပူးလ်အသင်းနဲ့အတူ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်
ဖလားတို့ကို ဆွတ်ခူးခဲ့တဲ့ နယ်သာလန်ကွင်းလယ်ကစားသမားဟာ ပါရီမြို့မှာ အရမ်းကြီး ကံမကောင်းခဲ့ပါဘူး။
ဗုဒ္ဓဟူးနေ့က ရီယဲလ်မက်ဒရစ်အသင်းကို ရှုံးနိမ့်ခဲ့တဲ့ ချန်ပီယံစ်လိဂ် ၁၆ သင်း ရှုံးထွက်အဆင့်ပွဲစဥ်မှာ မပါဝင်ခဲ့ပါဘူး။
ပြင်သစ်သတင်းဌာန L’Equipe (The Mirror) က ကစားသမားကို ခေါ်ယူခြင်းဟာ ရလဒ်ကောင်းမဟုတ်ဘူးဆိုကို ပဲရစ်အခြေစိုက် ကလပ်အသင်းက သဘောပေါက်
ထားကြောင်း ဖော်ပြခဲ့ပါတယ်။ ပြင်သစ်မြို့တော်ကို ပြောင်းရွှေ့တာဟာ မှားယွင်းကြောင်း ဝန်ခံထားတယ်လို့လည်း သိရပါတယ်။ နွေရာသီအပြောင်းအရွှေ့ဟာ နှစ်
ဖက်စလုံးအတွက် ယုတ္တိရှိမယ့်ပုံပါပဲ။
နယ်သာလန်လက်ရွေးစင်ကစားသမားဟာ ပရီးမီးယားလိဂ်ကလပ်အသင်းတွေရဲ့ စိတ်ဝင်စားမှုကို ခံနေရဆဲဖြစ်ပြီး နွေရာသီမှာ နောက်ထပ်အသင်းသစ်ရှာသင့်တယ်
လို့ အစီရင်ခံစာက ဖော်ပြခဲ့ပါတယ်။ စတီဗင်ဂျရတ်ဟာ အင်္ဂလန်မှာ ဗီလာအသင်းကို အင်းအားတောင့်တင်းစေဖို့ ကြိုးပမ်းနေတာကြောင့် မကြာသေးခင် ရက်
သတ္တပတ်တွေအတွင်းကပဲ အက်စတွန်ဗီလာအသင်းက ကွင်းလယ်ကစားသမားနဲ့ အပြင်းအထန် ချိတ်ဆက်မှုတွေ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
တတခြားတစ်ဖက်မှာတော့ အာဆင်နယ်အသင်းဟာ ဆောင်းရာသီအပြောင်းအရွှေ့မှာ လီဗာပူးကြယ်ပွင့်ဟောင်းနဲ့ ချိတ်ဆက်မှုတွေ ရှိခဲ့ပါတယ်။ ဂန်းနားတွေဟာ
ဗဟိုကွင်းလယ်ကစားသမားတစ်ဦးကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး PSG အသင်းရဲ့ နယ်သာလန် ကွင်းလယ်ကစားသမားကို မျက်စိကျနေတယ်လို့ Metro က ဖော်ပြခဲ့ပါတယ်။
PSG အသင်းဟာ ဇန်နဝါရီအပြောင်းအရွှေ့မှာ ကစားသမားကို ထိန်းသိမ်းထားခဲ့ပေမယ့် ချန်ပီယံလိဂ်မှာ ရီးယဲလ်မက်ဒရစ်ကို ရှုံးနိမ့်ပြီးနောက် စိတ်ပြောင်းသွားတယ်
လို့ ထင်ရပါတယ်။ ပဲရစ်အသင်းဟာ နွေရာသီအပြောင်းအရွှေ့မှာ ကစားသမားအချို့ကို ထုတ်ရောင်းဖို့ အစီအစဥ်ရှိနေပြီး အဲ့ထဲကမှ ကွင်းလယ်လူ ဝီနယ်ဒန်ကတော့
ထိပ်ဆုံးက ဖြစ်ဖို့များပါတယ်။
PSG အသင်းရဲ့ ကွင်းလယ်လူ ဝီနယ်ဒန်ဟာ အာဆင်နယ်အသင်းမှာ ဂရန့်နစ် ဇာခါရဲ့ နေရာမှာ အစားထိုးနိုင်ပါတယ်။
နည်းပြ မီကယ် အာတီတာရဲ့ အာဆင်နယ်အသင်းဟာ ဒီရာသီမှာ ၄-၂-၃-၁ ပုံစံကို အဓိကအသုံးပြုထားပြီး ဇာခါနဲ့ သောမတ်စ်ပါတေးတို့ဟာ ကွင်းလယ်မှာ အထိုင်ကျ
ပြီး ကစားသမားတွေပဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဇာခါဟာ သူ့ရဲ့ အသင်းဖော်တွေအတွက် ဂိုးသွင်းခွင့်တွေ ဖန်တီးပေးနိုင်ဖို့ ရံဖန်ရံခါ တိုက်စစ်ကို လိုက်ပါကစား
လေ့ ရှိပါတယ်။
တကယ်လို့ အာဆင်နယ်အသင်းဟာ PSG ရဲ့ ကွင်းလယ်လူ ဝီနယ်ဒန်ကို ခေါ်ယူနိုင်ခဲ့မယ်ဆိုရင် ဇာခါအတွက် ကစားရတာ ပိုပြီး သက်တောင့်သက်သာ ရှိသွားမှာဖြစ်
ပြီး အသင်းအတွက် ပိုပြီး အထောက်အကူ ဖြစ်မယ်လို့ ယူဆရပါတယ်ေ။ ဇာခါလိုမျိုးပဲ ဝီနယ်ဒန်မှာလည်း တိုက်စစ်ပိုင်းထိ လိုက်ပါပြီး ဂိုးသွင်းခွင့်တွေ ဖန်တီးပေးနိုင်
ဖို့ အရည်းအချင်းတွေ ရှိပါတယ်။
ဇာခါဟာ ပြီးခဲ့တဲ့ နွေရာသီက AS Roma အသင်းနဲ့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှုရရှိခဲ့ပြီး ဟိုဆေးမော်ရင်ညိုလက်အောက်မှာ ကစားရဖို့ မျှော်လင့်ခဲ့တယ်လို့ သိရ
ပါတယ်။ နောက်ဆုံးမှာတော့ ကလပ်အသင်းနှစ်သင်းက ပြောင်းရွှေ့ကြေးကို သဘောမတူနိုင်တာကြောင့် အပြောင်းအရွှေ့ ကိစ္စ ပျက်စီးသွားခဲ့ရပါတယ်။ တကယ်လို့
ရိုးမားအသင်းဟာ လာမယ့် နွေရာသီမှာ အသက် ၂၉ နှစ်အရွယ်ကစားသမားအတွက် ထပ်ပြီး ကြိုးစားဦးမယ်ဆိုရင်တော့ ဂန်းနားတို့ အတွက် PSG ကွင်းလယ်လူ
ဝီနယ်ဒန်ဟာ အစားထိုးနိုင်တဲ့ စွမ်းရည်ရှိကစားသမားတစ်ဦး ဖြစ်ပါတယ်။