ချန်ပီယံလိဂ်ပွဲစဥ်အတွက် နေမာ၏အခြေအနေ
လာမည့်အင်္ဂါနေ့ညတွင် ရီးယဲလ်မက်ဒရစ်နှင့် ပီအက်စ်ဂျီ၏ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့ပွဲစဉ်ကို ဥရောပက မျက်စိကျနေသော်လည်း နည်းပြ မော်ရီ
စီယို ပိုချက်တီနိုသည် နေမာ ဒဏ်ရာကနေ ပြန်လည်ကောင်းမွန်မှု ၁၀၀ % အထိုင် မကျသေးသောကြောင့် ၎င်း၏ပထမဦးစားပေးရွေးချယ်မှုအဖြစ် ရှေ့တန်း ၃ နေရာ
တွင် ပါဝင်နိုင်ခြင်းမရှိကြောင်း အတည်ပြုထားသည်။
✅✅✅ 1xBet မှာ ကစားချင်သူတွေအနေနဲ့
Promocode (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြု၍
100% ငွေသွင်းအပိုဆု (ဘောနပ်စ်) ရယူလိုက်ပါ။ 💸💸💸
👉အကောင့်ဖွင့်နည်း 👈
How to register in 1XBET?
ဘရာဇီးလ်သားသည် ၎င်း၏အသင်းဖော်များကြားတွင် စိတ်ဓာတ်ကောင်းရှိနေပြီး ယခုအပတ်တွင် နေမာ၏ လေ့ကျင့်ရေးကွင်းသို့ ပြန်လည်ရောက်ရှိလာသည့် ပုံရိပ်
များ ထွက်ပေါ်လာခဲ့သည်။
သို့သော်လည်း L’Equipe က နေမာသည် သောကြာညမှာ Rennes အသင်းနှင့် ကစားမည့် PSG ၏ Ligue 1 ပွဲစဉ်မှာ ပါဝင်မည် မဟုတ်ကြောင်း ကြေညာခဲ့သည်။
မကြာသေးခင်က အသက် ၃၀ ပြည့်ခဲ့သည့် နေမာ၏ ရီးယဲလ်မက်ဒရစ်အသင်းနှင့်ပွဲစဥ်မှာ စတင်ပါဝင်လာနိုင်ခြေ အခွင့်အရေးမှာ အလွန်နည်းပါးပုံရပါသည်။ သူသည်
နိုဝင်ဘာလ ခြေကျင်းဝတ်ဒဏ်ရာရပြီးကတည်းက လုံးဝပါဝင်ကစားနိုင်ခြင်း မရှိသေးပါ။ အကောင်းဆုံးမှာ နေမာက အရန်ခုံတွင် နေရာယူထားနိုင်ရန်ဖြစ်သည်။
ဆာဂျီယို ရာမို့စ်သည် ဒဏ်ရာပြဿနာနှင့် ရင်ဆိုင်နေရပြီး ၎င်း၏အသင်းဟောင်း ရီးယဲလ်မက်ဒရစ်အသင်းနှင့် ရင်ဆိုင်ရဖွယ်မရှိသည့် အခြားကစားသမားတစ်ဦး
ဖြစ်သည်။ ယခု ပထမအကျေား အိမ်ကွင်း ပွဲစဥ်ကိုလွဲချော်မည်ဖြစ်ပြီး ဖြစ်နိုင်မည်ဆိုလျှင် အက်စ်တာဒီယို ဆန်တီယာဂို ဘာနေဗျူးတွင် ဒုတိယအကျော့ကစားရန်
အတွက် အချိန်မီပြန်လာရန် မျှော်လင့်နေသည်။
နည်းပြ ပိုချက်တီနိုသည် ပြီးခဲ့သည့် တနင်္ဂနွေနေ့က လိုင်လီနှင့်ပွဲတွင် ကြွက်သားဒဏ်ရာရရှိခဲ့သည့် အိန်ဂျယ်ဒီမာရီယာ၏ အခြေအနေကို သောကြာနေ့တွင် ရန်းနက်စ်
နှင့်ပွဲစဥ်အတွက် စောင့်ကြည့်နေသည်။