Neymar JR နဲ့ ဆန်းတို့စ် အပြောင်းအရွှေ့။

အသင်းဟောင်း ပြောင်းရွှေ့တော့မယ့် ဘရာဇီးလ် ကြယ်ပွင့် Neymar JR [ နေမာ ]။
Neymar JR [ နေမာ ] ကလပ် အသင်းဟောင်း ဆန်းတို့စ် ဆီ ပြန်မရောက်မချင်း သူ့ ရဲ့ နံပါတ် ၁၁ အင်္ကျီကို အနားပေးထားဖို့ တောင်းဆိုခဲ့ကြောင်း အသင်း ရဲ့ ဥက္ကဌ Marcelo Teixeira က ပြောကြားခဲ့ပါတယ်။
ဆန်းတို့စ် အသင်း ရဲ့ သမိုင်းမှာ အမှောင်မိုက်ဆုံး နေ့ကတော့ သူတို့ရဲ့ အသင်း သမိုင်း ၁၁၁ နှစ်အတွင်း ပထမဆုံး အကြိမ် အဖြစ် ဘရာဇီးလ် ထိပ်သီး စီးရီးအေ လိဂ် ကနေ တန်းဆင်းခဲ့ရတဲ့ ပြီးခဲ့တဲ့ ကြာသပတေးနေ့ ဖြစ်ပါတယ်။
1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့
Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။
မကြာသေးခင်က တန်းဆင်းသွားတဲ့ ဆန်းတို့စ်။
ဖော်တာဇီလာကို ၂-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သောကြောင့် ၎င်းတို့၏ ကံကြမ္မာကို အတည်ပြုခဲ့ပြီး မားကို့စ် လီယိုနာဒို ရဲ့ လိဂ် သွင်းဂိုး ၁၃ ဂိုးက အသင်းကို အမှတ်ပေး ဇယားရဲ့ အဆင့် ၁၇ နေရာမှာ ရပ်တည်နိုင်ခြင်း မရှိစေနိုင်ခဲ့ပါဘူး။
FootballTransfers ရဲ့ ဖော်ပြချက် အရ အသက် ၂၀ အရွယ် တိုက်စစ်မှူးဟာ အာဆင်နယ် နဲ့ ရီးယဲလ် မက်ဒရစ် အသင်းတွေ ရဲ့ စိတ်ဝင်စားမှု ကို ခံနေရပြီ ဖြစ်ပါတယ်။

နှစ်ပေါင်း ၁၁၁ နှစ်အတွင်း ပထမဆုံး အကြိမ် တန်းဆင်းသွားခဲ့တဲ့ ဆန့်တို့စ်။
မကြာသေးခင်က အသင်း တန်းဆင်းသွားပြီးနောက် လူငယ် တိုက်စစ်မှူး လီယိုနာဒို ဟာ ဇန်နဝါရီ အပြောင်းအရွှေ့ ကာလ အတွင်း အသင်းကနေ ထွက်ခွာမယ်လို့ မျှော်လင့်နေပါတယ်။
ပီလီ ရဲ့ နံပါတ်ကို အနားပေးမယ့် Neymar JR [ နေမာ ] ရဲ့ ဆန်းတို့စ်။
ဆန်းတို့စ် အသင်းဟာ ထိပ်တန်း လိဂ်ကနေ တန်းဆင်းသွားရပြီးနောက် ဂန္တဝင် ကစားသမားကြီး ပီလီ ရဲ့ အထင်ကရ နံပါတ် ၁၀ အင်္ကျီ ကို အနားပေး ဖို့ အတည်ပြုခဲ့ပါတယ်။
ဘရာဇီး ဂန္တဝင်ဟာ သူ့ရဲ့ ငယ်ဘဝ ကလပ်အတွက် ၆၅၆ ပွဲကစား ၆၄၃ ဂိုး သွင်းယူပေးခဲ့ပေမယ့် သူ့ရဲ့ ဂန္တဝင် နံပါတ် ၁၀ ကို အခု အချိန်အထိ အနား မပေးသေးပါဘူး။

ဘရာဇီးလ် ကြယ်ပွင့် နေမာ။
စနေနေ့တုန်းက Teixeira ဟာ Santos ရဲ့ ဥက္ကဌ ရွေးကောက်ပွဲ မှာ တတိယ အကြိမ် အနိုင်ရခဲ့ပြီး သူက “ဆန်းတို့စ် ဟာ သူ့ ရဲ့ အဆင့်ဖြစ်တဲ့ စီးရီးအေ ကို ပြန်လည် တန်း မတက် မချင်း ကျွန်တော်တို့ ဟာ နံပါတ် ၁၀ အင်္ကျီ ကို ဝတ်ဆင် ကစားမှာ မဟုတ်ပါဘူး။ ” လို့ ပြောဆိုခဲ့ပါတယ်။
ဘရာဇီး လ် ကြယ်ပွင့် Neymar JR [ နေမာ ] ရဲ့ နံပါတ် ၁၀ အင်္ကျီကိုလည်း အနားပေးဖို့ ရှိနေပါတယ်။
SPORT ရဲ့ ဖော်ပြချက်အရ ဆန်းတို့စ်ဥက္ကဋ္ဌကလည်း – “တနင်္ဂနွေနေ့မှာ Neymar JR က ကျွန်တော့်ကို ဖုန်းဆက်ပြီး ကျွန်တော့်ကို သူ့ အင်္ကျီ နံပါတ် ၁၀ နဲ့ ပတ်သက်လို့ တောင်းဆိုခဲ့ပါတယ်။ “
“ ဥက္ကဌရေ့၊ ကျွန်တော်တို့ ဆန်းတို့စ် အသင်း ပထမတန်းဆီ မရောက်မချင်း နံပါတ် ၁၀ အင်္ကျီ ကို အနားပေးထား သလိုမျိုး ကျွန်တော့်ရဲ့ နံပါတ် ၁၁ အင်္ကျီ ကို လည်း အဲ့အတိုင်း အနားပေးလိုက်ပါဦးလို့ ဆိုပါတယ်။”
“ကျွန်တော်တို့ ရဲ့ ကြယ်ပွင့်ကောင်းဖြစ်တဲ့ Neymar JR ပြန်လာတာကို ကျွန်တော်တို့ စောင့်မျှော်နေပါတယ်။ သူ့စကားတွေက ကျွန်တော်တို့ကို မျှော်လင့် ချက်တွေ အများကြီး ပေးပါတယ်။ ” လို့ ပြောခဲ့ပါတယ်။

ဆန်းတို့စ် ကြယ်ပွင့်ဟောင်း နေမာ။
ဆန်းတို့စ် ကြယ်ပွင့်ဟောင်း Neymar JR [ နေမာ ] ဟာ ပီအက်စ်ဂျီ အသင်း နဲ့ ယူရို သန်း ၉၀ နဲ့ သဘောတူညီမှု ရရှိခဲ့ပြီးနောက် လက်ရှိမှာ ဆော်ဒီ ပရိုလိဂ် ကလပ် Al-Hilal မှာ ကစားနေပါတယ်။
အသက် ၃၁ နှစ် အရွယ်ရှိ ဘရာဇီးလ် တိုက်စစ်မှူးဟာ သူ့ ရဲ့ အသင်းသစ်အတွက် လိဂ်ပွဲ ၃ ပွဲသာ ကစားထားပြီး AFC ချန်ပီယံလိဂ်မှာ လည်း ၂ ပွဲ သာ ကစားထားပါသေးတယ်။
ဘာစီလိုနာ ကြယ်ပွင့်ဟောင်းဟာ အယ်လ်ဟီလာ အတွက် ၅ ပွဲကစား ၁ ဂိုးနဲ့ ဂိုးဖန်တီးမှု ၃ ကြိမ် ပြုလုပ်ထားပေမယ့် အောက်တိုဘာလကတည်းက ဒဏ်ရာကြောင့် ပွဲကစားခွင့် နည်းနေခဲ့တာပါ။
စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က
အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။