De Bruyne ကို ရောင်းချမှုအပေါ် မော်ရင်ညိုရဲ့ မှတ်ချက်။

De Bruyne Mourinho reveals why Chelsea made him mistake WS
December 18, 2023

မော်ရင်ညို ပြောပြလာတဲ့ De Bruyne [ ဒီ ဘရိုင်းနား ] ကို ရောင်းချခဲ့မှု အမှား။

De Bruyne [ ဒီ ဘရိုင်းနား ] ကို ချဲလ်ဆီး အသင်းက မှားယွင်းစွာ ရောင်းချခဲ့တာ ဘာကြောင့်လဲ ဆိုတာ ချဲလ်ဆီး နည်းပြဟောင်း မော်ရင်ညို ( လက်ရှိ ရိုးမား ) နည်းပြက ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

ချဲလ်ဆီးအသင်း က De Bruyne [ ကယ်ဗင် ဒီ ဘရိုင်းနား ] ကို ၂၀၁၃ တုန်းက ဝုဖ်ဘတ် ကို ယူရို ၂၂ သန်း နဲ့ ပြန်လည် ရောင်းချခဲ့တဲ့ အကြောင်း မော်ရင်ညိုက ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

👇 1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့ 👇

Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။

မော်ရင်ညိုက ‌ဒီ ဘရိုင်းနားကို ရောင်းချဖို့ တွန်းအားမပေးခဲ့ဘူးလို့ ဆိုပါတယ်။

ဘွန်ဒက်စ်လီဂါမှာ ထွန်းတောက်စေခဲ့တဲ့ De Bruyne [ ဒီ ဘရိုင်းနား ] အပြောင်းအရွှေ့ ဟာ မန်စီးတီး အသင်းဆီ ယူရို သန်း ၅၀ ကျော်နဲ့ မရောင်းထုတ်ခင် ချဲလ်ဆီးအသင်း ကနေ ဘွန်ဒက်စ်လီဂါ အသင်းဆီ ရောင်းချ ခံခဲ့ရပါတယ်။

ချဲလ်ဆီး အသင်းရဲ့ ကွင်းလယ်လူ De Bruyne [ ကယ်ဗင် ဒီ ဘရိုင်းနား ] ကို ရောင်းချခဲ့မှုဟာ လန်ဒန် အသင်းရဲ့ အကြီးမားဆုံး အမှားတွေထဲက တစ်ခု ဖြစ်စေခဲ့တဲ့ သဘောတူညီမှု တစ်ခုလည်း ဖြစ်ပါတယ်။

De Bruyne vs Mourinho

မော်ရင်ညိုက ဒီဘရိုင်းနားကို ရောင်းချဖို့ အသင်းကို တွန်းအားမပေးခဲ့ဟုဆို။

လက်ရှိ ရိုးမား အသင်းမှာ နည်းပြအဖြစ် တာဝန်ယူနေတဲ့ မော်ရင်ညိုက ဘယ်လ်ဂျီယံ လက်ရွေးစင် ကြယ်ပွင့်ကို ကလပ်အသင်းကနေ ရောင်းချဖို့ တွန်းအား ပေးခဲ့တယ်ဆိုတဲ့ အချက်ကို ပယ်ချခဲ့ပါတယ်။

ချဲလ်ဆီးက De Bruyne [ ကယ်ဗင် ဒီ ဘရိုင်းနား ] ကို ဘာကြောင့် ရောင်းခဲ့တာလဲ။?

ပေါ်တူဂီသား မော်ရင်ဟိုက သူ့ ရဲ့ ပထမအသင်း အစီအစဉ် မှာ ကစားသမားကို ပေါင်းစည်းလိုတယ်လို့ ပြောခဲ့ပေမယ့် De Bruyne [ ဒီ ဘရိုင်းနား ] က သူလိုချင်တဲ့ ပွဲကစားချိန်တွေ မရရှိခဲ့ဘူး လို့ ဆိုပါတယ်။

Obi One Podcast နဲ့ စကားပြောရာမှာ မော်ရင်ဟိုက “ကျွန်တော်တို့ အာရှမှာ ရာသီကြိုကို သွားခဲ့တယ်။ အင်ဒိုနီးရှား၊ ထိုင်းကို သွားပြီး ကယ်ဗင်က တော့ ဂျာမန်ကလပ်ကို အငှားသွားရမှာ။ “

De Bruyne at Wolfsburg

ဝုစ်ဘတ်ကို ရောင်းချခံခဲ့ရတဲ့ ဒီဘရိုင်းနား။

” ကျွန်တော် သူ့ကို အငှားမချချင်ဘူး။ ကျွန်တော်တို့နဲ့ အတူ ရှိစေချင်ပါတယ်လို့ အသင်းကို ပြောခဲ့တယ်။ သူ ကျွန်တော်နဲ့ အတူနေခဲ့ပြီး ပရီးမီးယား လိဂ် ရာသီ ပွဲထွက် ၁၁ ယောက်အသင်းမှာ စ,တင် ကစားခဲ့ပါတယ်။ “

ဆက်လက်ပြီး De Bruyne [ ကယ်ဗင် ဒီ ဘရိုင်းနား ] အကြောင်း မော်ရိုညိုက။

“ အဲဒီ နောက်မှာတော့ ကျွန်တော်တို့ဟာ ပရာ့ဂ်မှာ ဘိုင်ယန်မြူးနစ် နဲ့ ဥရောပ စူပါဖလားကို ကစားခဲ့ပြီး သူက အဲဒီပွဲကို မကစားခဲ့ပါဘူး။ နောက်တစ်နေ့ မှာပဲ သူ အသင်းကနေ ထွက်ခွာချင်ခဲ့ပါတယ်။ “

” ကျွန်တော်တို့ဟာ ရာသီရဲ့ ဒုတိယမြောက် ပရီးမီးယားလိဂ် ပွဲစဉ်ဖြစ်တဲ့ Old Trafford မှာ မန်ချက်စတာ ယူနိုက်တက် နဲ့ ကစားခဲ့ပြီး ၀-၀ နဲ့ သရေကျခဲ့ပါတယ်။ “

” သူက အရန်ခုံမှာ ရှိနေခဲ့ပြီး မိနစ်အနည်းငယ်လောက် ကစားခဲ့ပေမယ့် သူ့အတွက် မလုံလောက်တာကြောင့် လက်ရှိ အသင်း ကနေ ထွက်သွားချင်ခဲ့ တာပါ။ ဒါပေမယ့် တစ်ယောက်သွားရင် နောက်တစ်ယောက် ထပ်လာဦးမှာပါ။ “

De Bruyne to Saudi Pro League

ဆော်ဒီပရိုလိဂ်ကို ပြောင်းရွှေ့ဖွယ်ရှိနေတဲ့ ဒီဘရိုင်းနား။

” သူတို့ က ခဏလေးတောင် စိတ်ရှည်ရှည် မစောင့်နိုင်ကြတဲ့ ကလေးတွေလိုပါပဲ။ သူတို့ ရဲ့ ကစားသမား ဘဝ အနေနဲ့ ကြည့်ရင် မှန်ကန်တယ် ဆိုပေမယ့် ကျွန်တော့်အတွက်ကျတော့ အဆင်မပြေလှဘူး။ “

” ဒါကို တခြား သူတွေက သူတို့ကို ငါတွန်းထုတ်လိုက်တာလို့ ပြောကြလိမ့်မယ်၊ ဒါပေမယ့် သူတို့ ပြောတာတွေ တစ်ခုမှ ကို မဟုတ်ဘူး? ” လို့ ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

ကယ်ဗင် ဒီ ဘရိုင်းနား ဟာ မန်စီးတီးအသင်းနဲ့ စာချုပ်သက်တမ်း ၂၀၂၅ မှာ ကုန်ဆုံးမှာ ဖြစ်ပြီး နွေရာသီမှာ ဆော်ဒီ ပရိုလိဂ် ကို ပြောင်းရွှေ့နိုင်တယ်လို့ ကောလဟာလ တွေ နဲ့အတူ မကြာခင် မှာ ပြောင်းရွှေ့ဖွယ် ရှိနေပါတယ် လို့ သိရပါတယ်။

စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က

အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

Leave A Comment