Mbappe ကို PSG ပရိတ်သတ်များ လှောင်ပြောင်။

Mbappe loudly booed by PSG fans WS
May 13, 2024

ပြင်သစ် ကြယ်ပွင့် Mbappe [ အမ်ဘတ်ပေ ] ကို PSG ပရိတ်သတ်များ လှောင်ပြောင်။

Mbappe [ ကီလီယန် အမ်ဘတ်ပေ ] ဟာ PSG အသင်း နဲ့ နောက်ဆုံး ပွဲစဥ် ရဲ့ လူစားလဲခံရချိန်မှာ ပရိတ်သတ်တွေက သူ့ နာမည်ကို အော်ဟစ် လှောင်ပြောင်ခဲ့ကြပါတယ်။

PSG ကြယ်ပွင့် Mbappe [ ကီလီယန် အမ်ဘတ်ပေ ] ဟာ Parc des Princes အသင်း နဲ့ လမ်းမခွဲခင် သူမျှော်လင့်ထားတဲ့ အသင်း နဲ့ နှုတ်ဆက်ခြင်း ဧည့်ခံပွဲ မရရှိခဲ့ပါဘူး။

👇 1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့ 👇

Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

အသင်း နဲ့ လမ်းခွဲဖို့ ကြေညာလိုက်တဲ့ ပြင်သစ် ကြယ်ပွင့် ကီလီယန် အမ်ဘတ်ပေ။

Paris Saint-Germain တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ အပတ်က ဆိုရှယ်မီဒီယာမှာ ဗီဒီယိုဖိုင် တစ်ခု ထုတ်ပြန်ခဲ့ပြီး ရာသီကုန်မှာ အသင်းကနေ ထွက်ခွာ တော့မယ်လို့ အတည်ပြုခဲ့ပါတယ်။

ပြင်သစ်သားက PSG ပရိသတ်တွေကို ပြတ်ပြတ်သားသား နှုတ်ဆက်စကား ပြောကြားရာမှာ “ကျွန်တော့်မှာ အခွင့်အရေးတွေ အများကြီး ရခဲ့ပြီး ကမ္ဘာ့ အကောင်းဆုံးတွေထဲက တစ်ခု ဖြစ်တဲ့ ပြင်သစ် ကလပ်အသင်းမှာ နှစ်ပေါင်းများစွာ  ပါဝင်ခွင့်ရခဲ့တာ ဂုဏ်ယူမိပါတယ်။ “

Mbappe loudly booed by PSG fans

အသင်းကနေထွက်ခွာဖို့ တရားဝင် ကြေညာလိုက်တဲ့ အမ်ဘတ်ပေ။

“ဒါက ကျွန်တော့်ကို ဒီကို ရောက်လာဖို့၊ ဖိအားများစွာနဲ့ ကလပ်အသင်းတစ်ခုမှာ ပထမဆုံး အတွေ့အကြုံရဖို့၊ ကစားသမား တစ်ယောက် အနေနဲ့ ကြီးပြင်းလာဖို့၊ သမိုင်းတစ်လျှောက် အကောင်းဆုံးအချို့၊ အကြီးကျယ်ဆုံး ချန်ပီယံ အချို့နဲ့ အတူကစားရဖို့ အခွင့်အရေး ဖြစ်စေခဲပါတယ်။ “

“ဒါဟာ ခက်ခဲပြီး အဲဒါကို ကြေညာဖို့က ဒီလောက် ခက်ခဲမယ်လို့ မထင်ခဲ့ဘူး။ ဒါပေမယ့် ၇ နှစ် အကြာမှာတော့ ဒီ စိန်ခေါ် မှု အသစ် တစ်ခု လိုအပ်မယ် ထင်တယ်။” လို့ ပြောဆို ခဲ့ပါတယ်။

ပရိတ်သတ်တွေ လှောင်ပြောင်တာ ခံလိုက်ရတဲ့ Mbappe [ ကီလီယန် အမ်ဘတ်ပေ ]။

ဒါပေမယ့် တနင်္ဂနွေနေ့က Parc des Princes မှာ သူ့ရဲ့ နောက်ဆုံးပွဲအတွက် Mbappe တက်လာချိန်မှာတော့ PSG ပရိသတ်တွေက ခံစားချက်တွေ သိပ်မရှိခဲ့ကြပါဘူး။

PA စနစ်က တောင်ပံကစားသမားဟာ စတင်ပွဲစဥ် XI မှာ ပါဝင်မယ်လို့ PA စနစ်က ထုတ်ဖော်လိုက်တဲ့အခါ ပရိတ်သတ်တွေ ရဲ့ ကျယ်လောင်တဲ့ အော်ဟစ်သံတွေက ကွင်းထဲမှာ ပြည့်နှက်နေပါတယ်။

Mbappe will move to Real Madrid

ရီးယဲလ်မက်ဒရစ် ကို ပြောင်းရွေ့ဖို့ သေချာနေတဲ့ အမ်ဘတ်ပေ။

ကီလီယန် အမ်ဘတ်ပေဟာ PSG အသင်းမှာ ကစားစဥ် နှစ်တွေအတွင်း အသင်း ရဲ့ အမာခံ ပရိတ်သတ်တွေ နဲ့ ခက်ခဲတဲ့ ဆက်ဆံရေး ရှိခဲ့ပြီး ဒါဟာ သူ့ အတွက် လှောင်ပြောင်ခံရတာ ပထမဆုံး အကြိမ် မဟုတ်တော့ပါဘူး။

အခု သူထွက်ခွာတော့မှာ ဖြစ်ကြောင်း အတည်ပြုလိုက်ပြီ ဖြစ်ရာ PSG ပရိသတ်များက သူ့ကို သူရဲကောင်း တစ်ဦးအဖြစ် မြင်ကြမည် မဟုတ်ကြောင်း ပြသခဲ့တာ ဖြစ်ပါတယ်။

PSG အသင်းမှာ Mbappe [ ကီလီယန် အမ်ဘတ်ပေ ] ရဲ့ စွမ်းဆောင်ရည်များ။

အမ်ဘတ်ပေဟာ ၂၀၁၇ ခုနှစ်မှာ မိုနာကို ကနေ PSG ကို ပြောင်းရွှေ့ကြေး ယူရို သန်း ၁၈၀ နဲ့ ပြောင်းရွှေ့ လာခဲ့ပြီး သူဟာ လီဂူး ၁ ချန်ပီယံများ အတွက် ပွဲပေါင်း ၃၀၅ ပွဲ ကစားခဲ့ပြီး ၂၅၅ ဂိုး သွင်းယူပေးခဲ့ပါတယ်။

ဒါပေမယ့် ကွင်းထဲမှာ သူ့ရဲ့ ခြေစွမ်းပြ နေပေမယ့်လည်း ရီးယဲလ် မက်ဒရစ် ကို ထွက်ခွာတော့မယ် ဆိုတဲ့ ကောလာဟလတွေဟာ လွန်ခဲ့တဲ့ နှစ် အနည်းငယ်က သူ့ကို ဖုံးကွယ်ထားခဲ့ပါတယ်။

Mbappe scored 255 goals for PSG

အမ်ဘတ်ပေဟာ PSG အတွက် ပြိုင်ပွဲစုံ ၃၀၅ ပွဲမှာ ၂၅၅ ဂိုးအထိ သွင်းယူထားပါတယ်။

PSG နဲ့ နွေရာသီ အပြောင်းအရွှေ့ ကာလတွေမှာ စာချုပ်သစ် ချုပ်ဆိုမှာ မဟုတ်ဘူး လို့ ကြေငြာခဲ့ပြီး အခု ရာသီကုန်မှာ ရီးယဲလ်မက်ဒရစ် ကို ပြောင်းရွှေ့ဖို့ စဉ်းစားထားတယ်လို့ သိရပါတယ်။

ပြင်သစ် လက်ရွေးစင် အသင်းနဲ့အတူ ၂၀၁၈ ခုနှစ်မှာ ကမ္ဘာ့ဖလား ချန်ပီယံ ဖြစ်ခဲ့တဲ့ အမ်ဘတ်ပေ ဟာ ပဲရစ် အသင်း နဲ့အတူ လီဂူး ၁ ဆုဖလား ၆ ကြိမ် ရရှိထားပေမယ့် ချန်ပီယံလိဂ် ဖိုင်နယ် ၁ ကြိမ်သာ တက်ရောက်ခဲ့ပြီး ဖလား တစ်ကြိမ်မှ မရရှိသေးပါ။

စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က

အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

Leave A Comment