Sabitzer ရဲ့ ယူနိုက်တက်အသင်းနဲ့ အနာဂတ်။

ကွင်းလယ်လူ Marcel Sabitzer [ မာဆယ် ဆာဘစ်ဇာ ] ရဲ့ ယူနိုက်တက် နဲ့ အနာဂတ်။
Sabitzer [ မာဆယ် ဆာဘစ်ဇာ ] ဟာ Erik ten Hag လက်ထက်မှာ အမြဲတမ်း အပြောင်းအရွှေ့ နဲ့ ပတ်သက်တဲ့ ကောလဟာလတွေ ကြားမှာ သူ့ရဲ့ အငှား အတွေ့အကြုံ နဲ့ ပတ်သက်ပြီး ဖွင့်ဟခဲ့ပါတယ်။
အသက် ၂၉ နှစ် အရွယ် ဩစတြီးယား ကွင်းလယ် ကစားသမားဟာ ဘိုင်ယန်မြူးနစ်မှာ ပုံမှန် ပွဲထွက်ခွင့် ရရှိဖို့ ရုန်းကန်ခဲ့ရပြီးနောက် ဇန်နဝါရီ အပြောင်းအရွှေ့မှာ အိုးလ်ထရက်ဖို့ဒ် ကို အငှား နဲ့ ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။
1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့
Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။
ဘိုင်ယန်ဆီ Sabitzer [ မာဆယ် ဆာဘစ်ဇာ ] အနေနဲ့ ရေရှည်ပြန်သွားဖို့ မဖြစ်နိုင်ပါဘူး။
သရဲနီ ယာယီ နည်းပြဟောင်း ( လက်ရှိ Austria နည်းပြ ) Ralf Rangnick ရဲ့ ပြောကြားချက်အရ Marcel Sabitzer [ မာဆယ် ဆာဘစ်ဇာ ] ဟာ မန်ချက်စတာ ယူနိုက်တက်အသင်းမှာ ပြန်လည် အသက်ဝင်လာပြီ ဖြစ်ပါတယ်။
အမှန်တကယ်ပါပဲ။ သြစတြီးယားသားဟာ အင်္ဂလန်အသင်းဆီ ပြောင်းလာချိန် ကနေ စ,ပြီး ပြိုင်ပွဲစုံ ၁၂ ပွဲ ပါဝင် ကစားထားပြီး Erik ten Hag လက်ထက်မှာ သူ့အနေနဲ့ ပုံမှန် ပွဲထွက်ခွင့် ရရှိခဲ့တယ်လို့ ဆိုရပါမယ်။

ယူနိုက်တက်အတွက် ၁၂ ပွဲကစားထားတဲ့ ဆာဘစ်ဇာ။
ကြံ့ခိုင်မှု ပြဿနာတွေသာ မရှိခဲ့ရင် သူ့အနေနဲ့ ဒီအချိန်မှာ ပိုပြီးတောင် ခြေစွမ်းကောင်းနိုင်ပုံပါပဲ။ သူ့ရဲ့ ကစားသမား ဘဝ နဲ့ ပတ်သက်ပြီး မကြာသေးမီ ရက်သတ္တပတ်များအတွင်း သူ့ရဲ့ အနာဂတ်အကြောင်းကို မီဒီယာ အများအပြားက ရေးသားခဲ့ကြပါတယ်။
Bavaria [ ဘိုင်ယန်မြူးနစ် ] အသင်းမှာ နည်းပြ အပြောင်းအလဲ လုပ်ထားပေမယ့် မူလ အသင်းဟောင်းဆီ ရေရှည် ပြန်သွားဖို့ မဖြစ်နိုင်ဘူးလို့ နောက်ဆုံး ပေါ်ထွက်ပေါ်ထားတဲ့ သတင်းတွေက ရှင်းပါတယ်။
သူ့ ရဲ့ အနာဂတ် နဲ့ ပတ်သက်ပြီး Sabitzer [ မာဆယ် ဆာဘစ်ဇာ ] က ဘာပြောထားလဲ။
တကယ်တော့ Sabitzer [ မာဆယ် ဆာဘစ်ဇာ ] ရဲ့ အေးဂျင့်က သူ့ကို နွေရာသီမှာ မြူးနစ်ကနေ အမြဲတမ်း ပြောင်းရွေ့ဖို့ အာမခံထားပြီးသားပါ။ အခုအချိန်မှာတော့ ယူနိုက်တက်မှာ သူ့ရဲ့အချိန်နဲ့ သူ့ရဲ့မသေချာတဲ့ အနာဂတ်တွေအကြောင်း ပြောထားပြီးပါပြီ။
Sport Bild နဲ့ အင်တာဗျူးမှာ Sabitzer က ဘိုင်ယန်နည်းပြသစ် Thomas Tuchel နဲ့ စကားမပြောချင်သေးကြောင်း ဖွင့်ဟခဲ့ပါတယ်။ ဆန့်ကျင်ဘက်အားဖြင့် သူဟာ Erik ten Hag နဲ့ Manchester United အကြောင်း သီးသန့် ပြောဆိုခဲ့တာပါ။

အဲရစ်တန်ဟက်ဂ်နဲ့ ဆာဘစ်ဇာ။
“ ဒီမှာ ငါ့နေရာကို ရှာတွေ့ပြီ။ ပရီးမီးယားလိဂ်ကို အခုမှသိပြီး ပိုကောင်းတဲ့၊ ပိုပြင်းထန်တဲ့ ဒါမှမဟုတ် စိန်ခေါ်မှုဆိုတာ ဘာမှမရှိပါဘူး။ ” လို့ အသက် ၂၉ နှစ် အရွယ်ရှိ ဆာဘစ်ဇာက ပြောကြားခဲ့ပါတယ်။
“ဟုတ်ပါတယ်။ မန်ချက်စတာ ယူနိုက်တက် နဲ့ ပတ်သက်ပြီး ကျွန်တော့်ရဲ့ အတွေးအမြင်များ – ဘယ်လိုတွေ ဖြစ်ပျက်နေလဲ၊ Erik ten Hag ဆီက ရလာတဲ့ ယုံကြည်မှုဟာ အရမ်းကိူ အပြုသဘော ဆောင်ပါတယ်။ “
ဆက်လက်ပြီး မာဆယ် ဆာဘစ်ဇာက
ဒါပေမယ့် ကျွန်တော် (ကျွန်တော့်ရဲ့ အနာဂတ်) ကို ကျွန်တော်ကိုယ်တိုင် မဆုံးဖြတ်ရသေးပါဘူး။ 2023 ခုနှစ် ဇူလိုင်လ ၁ ရက်နေ့မှာ ကျွန်တော် ဘိုင်ယန်မြူးနစ် ကစားသမား ပြန်ဖြစ်မှာပါ။ စာချုပ်မှာ ရေးထားတဲ့ အတိုင်းပါပဲ။ “
“ကျွန်တော့်ရဲ့ အငှား စာချုပ်ဟာ နွေရာသီ မတိုင်ခင် အထိ ပရောဂျက် တစ်ခု ဖြစ်ကြောင်း မန်ယူက ရှင်းရှင်းလင်းလင်း ပြောထားပြီးတော့ ကျွန်တော် ဒီမှာ အရာ အားလုံးကို ပေးဆပ်ချင်ပါတယ်။ “

ဘိုင်ယန်မြူးနစ် ကွင်းလယ်လူ ဆာဘစ်ဇာ။
ပြီးတော့ နွေရာသီမှာ အခြေအနေ အားလုံးကို အကဲဖြတ်သွားမှာပါ။” လို့ ထုတ်ဖော် ပြောဆိုထားပါတယ်။
ဆာဘစ်ဇာရဲ့ ယူနိုက်တက် အငှား စာချုပ် မှာ ဝယ်ယူဖို့ ရွေးချယ်ခွင့် မပါရှိ ဘဲ အခြား ပရီးမီးယားလိဂ် အသင်း အများအပြား က သူ့ ရဲ့ အပြောင်းအရွှေ့ လက်မှတ်ကို ရယူဖို့ စိတ်ဝင်စား နေကြ ပါတယ်။
စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က
အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။