Joao Neves အတွက် ဘင်ဖီကာရဲ့ သတ်မှတ် ပြောင်းရွှေ့ကြေး။

ဘင်ဖီကမှာ Joao Neves [ ယွာအို နီးဗတ်စ် ] အတွက် သတ်မှတ် ပြောင်းရွှေ့ကြေး။
Joao Neves [ ယွာအို နီးဗတ်စ် ] ဟာ ဘင်ဖီကာ အသင်းရဲ့ ကွင်းလယ်မှာ အကောင်းဆုံး ခြေစွမ်းပြနေပြီး ပေါ်တူဂီကနေ ထွက်ပေါ်လာမယ့် ထင်ရှားတဲ့ အရည်အချင်းရှိသူ အဖြစ် မြင်တွေ့နေရပါတယ်။
Enzo Fernandez မှ ချယ်လ်ဆီးဆီ ယူရို 121 သန်းဖြင့် ပြောင်းရွှေ့လာပြီးနောက် ဘင်ဖီကာအသင်း ရဲ့ အဓိကကျတဲ့ အစိတ်အပိုင်း တစ်ခု ဖြစ်လာပြီး အသက် ၁၉ နှစ် အရွယ် မှာ သူ့ ရဲ့ ပေါ် တူဂီ စီနီယာ နိုင်ငံတကာ ပွဲဦးထွက် ပွဲထွက်ခွင့် ရရှိခဲ့ပါတယ်။
1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့
Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။
နီဗတ်စ်ကို ခေါ် ယူဖို့ စိတ်ဝင်စားနေတဲ့ ယူနိုက်တက်။
မန် ယူနိုက်တက် အသင်းဟာ လက်ရှိတွင် ကွင်းလယ်လူ Joao Neves [ ယွာအို နီးဗတ်စ် ] ကို ခေါ်ယူရန် စိတ်ဝင်စားနေသည့် ထိပ်တန်း ကလပ် အသင်း ဖြစ်ပါတယ်။
အဲရစ် တန်ဟက်ခ် ရဲ့ လူစာရင်းကို အားကောင်းလာစေဖို့ အတွက် ပေါ် တူဂီ ကွင်းလယ်လူ Joao Neves [ ယွာအို နီးဗတ်စ် ] ကို ခေါ်ယူ ရန် စိတ်အား ထက်သန်လျက် ရှိနေပါတယ်။

မကြာသေးခင်က ပေါ် တူဂီအတွက် ပွဲထွက်ခွင့် ရရှိခဲ့တဲ့ နီဗတ်စ်။
ဇန်နဝါရီ အပြောင်းအရွှေ့ ကာလတွင် ဘင်ဖီကာ အသင်းမှ ထွက်ခွာရန် ဖြစ်နိုင်ချေ မရှိဟု ယူဆနေကြပြီး အဲ့ဒါက လစ္စဘွန်းမြို့ခံ အသင်း အနေ နဲ့ ရာသီလယ်မှာ သူ့ ကို ရောင်းချဖို့ ရည်ရွယ်ချက် မရှိတာကြောင့် ဖြစ်ပါတယ်။
ဘင်ဖီ ကာ ကွင်းလယ်လူ Joao Neves ရဲ့ ထွက်ခွာခွင့်က ဘယ်လောက်လဲ?။
ကွင်း လယ် ကစားသမား Joao Neves [ ယွာအို နီးဗတ်စ် ] ဟာ သူ့ ရဲ့ ထွက်ခွာခွင့် စာချုပ်ကို အသက်သွင်းမယ် ဆိုရင်တော့ ၂၀၂၄ နွေရာသီ မှာ ဘင်ဖီကာကနေ ထွက်ခွာသွားနိုင်ပါတယ်။
အထက်ဖော်ပြပါ ဖာနန်ဒက်ဇ်ကဲ့သို့ပင်၊ ဘင်ဖီကာသည် Joao Neves ကို ရောင်းချရန် ဆန္ဒ မရှိသော်လည်း သူ့ကို အမှန်တကယ် ခေါ် ယူနိုင်ဖို့ တစ်ခုတည်းသော နည်းလမ်းမှာ သူ့ ရဲ့ စာချုပ် ဖျက်သိမ်းကြေးကို အပြည့်အဝ ပေးချေဖို့ ပဲ ဖြစ်ပါတယ်။

ဘင်ဖီကာ ကြယ်ပွင့် ယွာအို နီဗတ်စ်။
Benfica မှာ Joao Neves ရဲ့ စာချုပ်ဖျက်သိမ်းကြေးက ယူရို သန်း 120 ဖြစ်ပြီး ဒါဟာ အရင် ချဲလ်ဆီးအသင်းက Enzo Fernandez ရဲ့ ထွက်ခွာခွင့် စာချုပ် ဖျက်သိမ်းကြေး နဲ့ အတူတူပါပဲ။
မန်စီးတီးနဲ့ ယူနိုက်တက်တို့ Joao Neves [ ယွာအို နီးဗတ်စ် ] အတွက် တိုက်ပွဲဝင်နေကြပြီလား?။
နီဗက်စ်ကို ယူနိုက်တက်က စိတ်ဝင်စားမှု ဟာ မကြာသေးမီ ကမှ ဘင်ဖီကာ လူငယ် ကစားသမားကို အိုးထရက်ဖို့ဒ် ဆီ ပြောင်းရွှေ့စေလိုကြောင်း ပြောကြားခဲ့တဲ့ သရဲနီ အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ် အတွက် သတင်းကောင်း တစ်ခု ဖြစ်လာခဲ့ပါတယ်။
ဖာနန်ဒက်စ်က Sport TV ပေါ်တူဂီသို့ ပြောကြားရာတွင် “သူ့မှာ နေရာရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ပြောမယ့်သူက မန်ယူနည်းပြဖြစ်ရမယ်။ သူက အရမ်းကောင်းတဲ့ ကစားသမား တစ်ယောက်ပါ။ ”
“ သူ့မှာ နေရာရနိုင်မလားဆိုတာ ကျွန်တော်မသိပါဘူး။ နည်းပြနဲ့ သူ့ရဲ့ စိတ်ကူးတွေပေါ်မှာ မူတည်ပါတယ်။ ဒါပေမယ့် သူက အရမ်းကောင်းတဲ့ ကစားသမားဖြစ်ပြီး ထူးချွန်တဲ့ ကောင်လေးပါ။ အရမ်း ပရော်ဖက်ရှင်နယ်ဆန်တဲ့ သူ တစ်ယောက်ပါ။ တောက်ပတဲ့ အနာဂတ်တွေ ရှိနေမှာပါ။ ”

နီဗတ်စ်ကို အပြိုင်လိုချင်နေကြတဲ့ ဘာနာဒို ဆေးလ်ဗားနဲ့ ဘရူနို ဖာနန်ဒက်စ်။
“ သူ့အနားမှာ တကယ်ရှိချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူ့မှာ အရည်အသွေး ရှိပြီး တောက်ပတဲ့ အနာဂတ်ကို ပိုင်ဆိုင်ထားလို့ပါပဲ။ သူ့ အပေါ်မှာ မူတည်တယ်။ ကျွန်တော် အလိုချင်ဆုံး အရာက သူ့အတွက် အကောင်းဆုံးပါပဲ။” လို့ ပြောဆိုခဲ့ပါတယ်။
ဒါပေမမယ့်လည်း ဘာနာဒို ဆေးလ်ဗားကတော့ နီဗက်စ် ကို ယူနိုက်ဆီ မပြောင်းရွှေ့ အောင် တားဆီးဖို့ ဆုံးဖြတ်ထားပြီး “ ဖြစ်နိုင်ရင် မန်စီးတီးကို သွားဖို့ ယွာအို နီဗက်စ်ကို ဆွဲခေါ် မှာပါ။ ”
“ အဲ့ဒါကြောင့်မို့လို့ ယွာအို ကို မန်ချက်စတာ ယူနိုက်တက် အစား မန် စီးတီးဆီ လာစေချင်ပါတယ်။ ” လို့ ဆေးလ်ဗားက B24PT သို့ ပြောကြားခဲ့ပါတယ်။
စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က
အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။