Phil Jones နဲ့ ယူနိုက်တက် အနာဂတ်။
နောက်ခံလူ Phil Jones [ ဖီးလ် ဂျုံးစ် ] နဲ့ မန်ချစ်တာ ယူနိုက်တက် တို့ရဲ့ အနာဂတ်။
Phil Jones [ ဖီးလ် ဂျုံးစ် ] ဟာ ဒဏ်ရာ ပြဿနာတွေ နဲ့ တခြား အကြောင်း အမျိုးမျိုးကြောင့် လက်ရှိ မန် ယူနိုက်အသင်း မှာ ပွဲထွက်ခွင့်တွေ မရရှိခဲ့တာ အတော်လေးကို ကြာမြင့်နေပြီး ထင်ကြေး ပေးမှုတွေအရ ပြန်လည် ကစားခွင့်တာဖို့တောင် မသေချာတော့ပါဘူး။
မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပြီးခဲ့တဲ့ ကြာသပတေးနေ့က ဆီဗီလာ အသင်းနဲ့ ၂-၂ ဂိုးစီ သရေကျခဲ့တဲ့ ယူရိုပါလိဂ် ပွဲစဥ် အပြီးမှာ ပင်မ ဗဟို ခံစစ်မှုးတွေ ဖြစ်တဲ့ ရာဖေးလ် ဗာရန်းနဲ့ လီဆန်ဒရို မာတီနက်ဇ်တို့ ဒဏ်ရာ ပြဿနာနဲ့ ရင်ဆိုင်နေရပါတယ်။
1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့
Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။
ခံစစ်ပိုင်း လိုအပ်ချက်တွေ ရှိနေတဲ့ ယူနိုက်တက်။
ဒါကြောင့်မို့ အသင်းခေါင်းဆောင် ဟယ်ရီ မက်ဂွိုင်းယား ဟာ တနင်္ဂနွေနေ့က နော်တင်ဟမ် ဖောရက်စ်ကို ၂-၀ ဂိုးနဲ့ အနိုင် ရရှိခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဥ်မှာ အသင်းရဲ့ ဗစ်တာ လင်ဒီလော့ဖ် နဲ့ လက်တွဲ တာဝန်ယူ ကစားခဲ့ရပါတယ်။
အဲ့ဒီ ပွဲစဥ် မတိုင်ခင် နေ့လည်ခင်းအထိ ကစားသမား စာရင်း အရရော၊ ကြံ့ခိုင်မှု အနေအထားအရပါ အသင်း အခြေအနေ တည်ငြိမ်နေခဲ့ပေမယ့် တကယ်တမ်း ပွဲစဥ်အတွင်း မှာတော့ ကစားကွက် တည်ငြိမ်ဖို့ အတော်လေး ရုန်းကန်ခဲ့ရပါတယ်။
တစ်ချိန်တည်းမှာပဲ၊ အဲရစ် တန်ဟက်က ဘယ်နောက်ခံလူ ဘရန်ဒန် ဝီလျံ နဲ့ ညာနောက်ခံလူ မာ့ခ်ဂျူရာဒို တို့လို ကစားသမားတွေ အတွက် တစ်ခုခု ဖြစ်ခဲ့ရင် တောင်းဆိုဖို့ ဖုံးကွယ်ထားတာမျိုး မရှိခဲ့ပါဘူး။
ဘရိုက်တန်နဲ့ အက်ဖ်အေပွဲစဥ်မှာ ပါဝင်လာနိုင်တဲ့ ဖီးလ် ဂျုံးစ်။
ဒါဟာ ယူနိုက်တက် ပရိသတ်တွေ ကြားမှာ Phil Jones [ ဖီးလ် ဂျုံးစ် ] ကို အသင်းဆီ ပြန်လည် ခေါ်ယူဖို့ အတွက် လိုက်လျောညီထွေ ဖြစ်နိုင်တယ်လို့ ထင်ကြေး ပေးခဲ့ကြပေမယ့် The Athletic သတင်းတစ်ပုဒ်ကတော့ မဖြစ်နိုင်ကြောင်း အတည်ပြုခဲ့ပါတယ်။
ဖီးလ်ဂျုံးစ်ဟာ ပရီးမီးယားလိဂ်မှာ စာရင်း မသွင်းရသေးတာကြောင့် EPL မှာ ပါဝင်ကစားဖို့ မဖြစ်နိုင်ပေမယ့် မက်ဂွိုင်းယားကတော့ တနင်္ဂနွေနေ့ ဘရိုက်တန် နဲ့ အက်ဖ်အေဖလားပွဲအတွက် ဆိုင်းငံ့ခံထားရပါတယ်။
အဲ့ဒါကြောင့်မို့ အသင်း ရဲ့ ခံစစ်ပိုင်း လိုအပ်ချက်အတွက် တနင်္ဂနွေနေ့ ဘရိုက်တန် အသင်း နဲ့ အက်ဖ်အေဖလား ဆီမီးဖိုင်နယ်မှာ ဖီးလ် ဂျုံးစ် တစ်ယောက် ပါဝင်နိုင်ဖွယ် ရှိနေပါတယ်။
သို့သော်လည်း အစီရင်ခံစာ အရ “ အမှန်တကယ်ကတော့ Phil Jones [ ဖီးလ် ဂျုံးစ် ] ဟာ Ten Hag session ကို တစ်ရာသီလုံး မပြီးမြောက်နိုင်ခဲ့ဘဲ ရွေးချယ်ခွင့် တစ်ခုလို့ မသတ်မှတ်ထားပါဘူး။ ” လို့ သိရပါတယ်။
အသက် ၃၁ နှစ်အရွယ်ရှိ နောက်ခံလူ Phil Jones [ ဖီးလ် ဂျုံးစ် ] အပေါ် နည်းပြ အဲရစ် တန်ဟက်ဂ် ရဲ့ အမြင်။
Ten Hag အနေနဲ့ ရာသီကုန်မှာ မန်ချက်စတာ ယူနိုက်တက် အသင်း နဲ့ စာချုပ် သက်တမ်း ကုန်ဆုံးတော့မယ့် Phil Jones [ ဖီးလ် ဂျုံးစ် ] ကို ဇန်နဝါရီ နှောင်းပိုင်းမှာ အတည်ပြုခဲ့ပြီး session တစ်ကြိမ်မှ အပြီးမသတ်နိုင်ခဲ့ကြောင်း သိရပါတယ်။
အဲဒီတုန်းက Jones ရဲ့ စာချုပ် အခြေအနေ နဲ့ ပတ်သက်ပြီး မေးမြန်းရာမှာ Ten Hag က “မဟုတ်ဘူး၊ အခု အချိန် အထိ မဆုံးဖြတ်ရသေးပါဘူး။ ဆုံးဖြတ်ချက်ကလည်း နွေရာသီ အတွက်ပါပဲ။ “
” တစ်ရာသီလုံး ဒဏ်ရာရထားတာဆိုတော့လေ။ ဂျုန်းစ်က ဒီရာသီမှာ ပြန်ကစားရမလားဆိုတာ မပြောနိုင်သေးဘူး။ ကျွန်တော်ပြောနိုင်တာက ဒီရာသီ လေ့ကျင့်ရေး စစချင်း ပထမဆုံး နေ့ကတည်းက မပါဝင်နိုင်ခဲ့ပါဘူး။ “
” အဲ့ဒါကြောင့်ပဲ သူ့ အနေနဲ့ ကြံ့ခိုင်ရေး အမြန်ဆုံး ကောင်းမွန်လာဖို့ နဲ့ အသင်းဆီ မြန်မြန် ပြန်ပူးပေါင်းလာနိုင်ဖို့ အခွင့်အရေး မရှိဘူးလို့ ကျွန်တော်ထင်ပါတယ်။ ” လို့ မှတ်ချက်ပြု ပြောဆိုထားပါတယ်။
တစ်ပတ်လုပ်ခ ပေါင် ၇၅,၀၀၀ ရရှိသော ဖီးလ် ဂျုံးစ်ဟာ ပြီးခဲ့တဲ့ လေးရာသီအတွင်း မန်ချက်စတာ ယူနိုက်တက်အသင်းအတွက် ၁၃ ပွဲသာ ကစားခဲ့ပြီး ကလပ်အတွက် သူ့ရဲ့ နောက်ဆုံးပွဲ ကစားဖို့ ဖြစ်လာပုံပါပဲ။
စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က
အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။