Jeremie Frimpong ရဲ့ အပြောင်းအရွှေ့ ။

ယူနိုက်တက် ပစ်မှတ် Jeremie Frimpong [ ဂျေရ်မီ ဖရိမ်ပွန် ] က အသင်းနဲ့ စာချုပ်သက်တမ်းတိုး။
Jeremie Frimpong [ ဂျေရ်မီ ဖရိမ်ပွန် ] ကို ခေါ် ယူဖို့ မန်ချက်စတာ ယူနိုက်တက် အသင်းတို့ ကာလရှည် ပစ်မှတ် ထာခဲ့ပေမယ့် သူဟာ လက်ရှိမှာ အသင်း နဲ့ စာချုပ်သစ် တစ်ရပ်ကို ချုပ်ဆိုလိုက်ပြီ ဖြစ်ပါတယ်။
မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ ကာလရှည် ပစ်မှတ် ဖြစ်တဲ့ Jeremie Frimpong [ ဂျေရ်မီ ဖရိမ်ပွန် ] ဟာ သူ့ရဲ့ လေဗာကူဆင် အသင်း နဲ့ စာချုပ် သက်တမ်း တိုးလိုက်ပါတယ်။
1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့
Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။
ဟော်လန်နောက်ခံလူ ဂျေရ်မီ ဖရိမ်ပွန် ကို ခေါ် ယူဖို့ အချိန် အတော်ကြာ စိတ်ဝင်စားခဲ့တဲ့ မန် ယူနိုက်တက်။
နယ်သာလန်သား Jeremie Frimpong ကို မကြာသေးမီလများအတွင်း အိုးလ်ထရက်ဖို့ဒ် ဆီ ပြောင်းရွှေ့ရန် အကြိမ်ကြိမ် ချိတ်ဆက်မှုတွေ ရှိခဲ့ပါတယ်။ နည်းပြ Erik ten Hag ကလည်း တိုက်စစ်ပိုင်း လိုက်နိုင်တဲ့ Full-backs နေ အားဖြည့်ချင်နေတာပါ။
တကယ်တော့ ဥရောပမှာ သူ့ရဲ့ အသင်းအတွက် အံဝင်ဂွင်ကျ ဖြစ်ပြီး တိုက်စစ်ပိုင်းကို အထောက်အကူ ပြုနိုင်တဲ့ Wide defenders နောက်ခံလူမျိုး အနည်းငယ်သာ ရှိနေပါတယ်။

နယ်သာလန် လူငယ်နောက်ခံလူ ဂျေရ်မီ။
လေဗာကူဆင်သို့ ပြောင်းရွှေ့လာချိန်မှစ၍ Jeremie Frimpong ဟာ သူ့ကိုယ်သူ တိုက်စစ်ပိုင်းနှင့် စိတ်လှုပ်ရှားစရာအကောင်းဆုံး ညာနောက်ခံလူများ ထဲမှ တစ်ဦး အဖြစ် သက်သေ ပြခဲ့ပေမယ့် သူ့ရဲ့ ခံစစ်စွမ်းရည်နဲ့ ပတ်သက်လို့ မေးခွန်းထုတ်စရာ ရှိနေပါသေးတယ်။
လေဗာကူဆင်အတွက် Jeremie Frimpong [ ဂျေရ်မီ ဖရိမ်ပွန် ] ရဲ့ စွမ်းဆောင်ရည်။
မည်သို့ပင်ဆိုစေကာမူ Ten Hag သည် ယခုရာသီတွင် လေဗာကူဆင်အတွက် ဘွန်ဒက်လီဂါပြိုင်ပွဲ ခြောက်ပွဲမှာ ဂိုးဖန်တီးမှု ၃ ကြိမ် ပြုလုပ်ထားတဲ့ ညာနောက်ခံ ကစားသမားကို နှစ်ရှည်လများ သဘောကျသူလို့ ဆိုထားပါတယ်။
အသက် 22 နှစ်အရွယ် Jeremie Frimpong ဟာ ပြီးခဲ့သည့် ရာသီက ရှစ်ဂိုးနှင့် ဂိုးဖန်တီးမှု ခုနစ်ကြိမ် ပြုလုပ်ခဲ့ပြီး သူ့ ကို တခြားအသင်းဆီ ပြောင်းရွှေ့ ဖို့ ချိတ်ဆက်မှုတွေ ရှိခဲ့ကြောင်း တွေ့ မြင်ခဲ့ရပါတယ်။

လေဗာကူဆင်အတွက် အရေးပါတဲ့ ကစားသမား ဖရိမ်ပွန်။
ဒါပေမယ့် အပြောင်းအရွှေ့ က အကောင်အထည် ပေါ်မလာခဲ့သလို နယ်သာလန်သားဟာ ဘိုင်ယန်မြူးနစ်ကို ၁၁ နှစ်အတွင်း ပထမဆုံးအကြိမ် ကျော်တက်ဖို့ ကြိုးစားနေတဲ့ Xabi Alonso ရဲ့ အသင်းမှာ အရေးပါတဲ့ ကစားသမား တစ်ဦး ဖြစ်နေပါတယ်။
လေဗာကူဆင် အသင်း နဲ့ ညာနောက်ခံလူ Jeremie Frimpong [ ဂျေရ်မီ ဖရိမ်ပွန် ] ရဲ့ စာချုပ်သစ်။
နွေရာသီ အပြောင်းအရွှေ့ ဖြစ်မလာ သေးပေမယ့် ဇန်နဝါရီ ဒါမှမဟုတ် လက်ရှိရာသီ အပြီးတွင် ညာနောက်ခံလူ အတွက် မန်ယူ က ဘွန်ဒက်လီဂါ အသင်းဆီ ထပ်မံ ချဉ်းကပ်မယ်လို့ ကောလာဟလများ ထွက်ပေါ်နေသေးတယ်။
ကစားသမားကို ခေါ် ယူဖို့ ကိစ္စက ပိုပြီး ခက်ခဲလာပါတယ်။ ဘာလို့လဲဆိုတော့ နယ်သာလန်သားဟာ လက်ရှိ အသင်းမှာ ၂၀၂၈ ခုနှစ်အထိ ဆက်ရှိနေမယ်လို့ လေဗာကူဆင် က တရားဝင် ကြေငြာခဲ့ပါတယ်။

ဖရိမ်ပွန်ဟာ လေဗာကူဆင်နဲ့ ၂၀၂၈ ခုနှစ်အထိ စာချုပ်သစ် ချုပ်ဆိုထားပါတယ်။
ကစားသမား ရဲ့ ယခင် စာချုပ်က 2025 ခုနှစ်အထိ ရှိနေပြီး ဒီအချက်ကြောင့်ပဲ သူ့ကို Rhineland နဲ့ ဝေးရာကို ခေါ်ယူဖို့ ကြိုးစားခြင်းက မန်ချက် စတာ ယူနိုက်တက် အတွက် အလွန်ခက်ခဲပြီး ပြောင်းရွှေ့ကြေး မြင့်မားမှာပါ။
” Frimpong ဟာ ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်း ကျွန်တော်တို့ အသင်းအတွက် အရမ်း ရေပန်းစားတဲ့ ကစားသမားတစ်ဦး ဖြစ်လာရုံတင် မကပါဘူး။ လက်ရှိမှာလည်း သူဟာ Bundesliga ရဲ့ အကောင်းဆုံး ကစားသမားတွေ ထဲက တစ်ဦးဖြစ်နေပါပြီ။ “
” တိုက်စစ်ပိုင်းအတွက် သူ့နေရာ နဲ့ သူ ရပ်တည်နေပါတယ်။ စာချုပ် သက်တမ်း တိုးတာကတော့ ကျွန်တော်တို့ Werkself အတွက် Jeremie ရဲ့ အရေးပါမှုကို အလေးပေး ဖော်ပြလိုက်တာပါ။” လို့ အသင်း ရဲ့ အားကစား ဒါရိုက်တာ Simon Rolfes က ပြောကြားခဲ့ပါတယ်။
စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က
အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။