ဘာစီလိုနာအသင်းဆီ ပြန်သွားဖို့ ဆန္ဒမရှိဘူးဆိုတဲ့ လီယွန်နယ် မက်ဆီ

လီယွန်နယ်မက်ဆီဟာ PSG ကနေ ဘာစီလိုနာကို ပြန်ဖို့အတွက်
တောင်းဆိုထားခြင်းမရှိဘူးလို့ RMC Sport က ဖော်ပြခဲ့ပါတယ်။
မက်ဆီဟာ ပဲရစ်မှာ မပျော်မရွှင်ဖြစ်ပြီး နူးကမ့်ကို ပြန်ဖို့ နည်းလမ်းရှာနေတယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းက စပိန်မီဒီယာတွေမှာ ဖော်ပြခဲ့တာ ရှိပါတယ်။
အယ် ချဲရိန်ဂွီတိုက မက်ဆီရဲ့ ဖခင်နဲ့ အေးဂျင့်ဖြစ်သူ ဂျော့ မက်ဆီဟာ သူ့ရဲ့သား PSG ကနေ ထွက်ခွာလိုတဲ့အကြောင်း ပြောပြဖို့ ဘာစီလိုနာဥက္ကဋ္ဌ ဂျိုအန်လာပေါ်တာနဲ့
စကားပြောခဲ့တယ်လို့ အခိုင်အမာ ပြောကြားခဲ့ပါတယ်။


1xBet မှာ ကစားချင်သူတွေအနေနဲ့
Promocode (ပရိုမိုကုဒ်)
MMSPORT100
ကိုအသုံးပြု၍
100% ငွေသွင်းအပိုဆု (ဘောနပ်စ်) ရယူလိုက်ပါ။ 


အကောင့်ဖွင့်နည်း 
How to register in 1XBET? – Myanmar Sports
မက်ဆီဟာ ပြီးခဲ့တဲ့ နွေရာသီက ဘာစီလိုနာအသင်းနဲ့ ငွေကြေးဆိုင်ရာ အကြောင်းပြချက်များကြောင့် တရားဝင် စာချုပ်သစ်ချုပ်ဆိုမှု မအောင်မြင်လိုက်ဘဲ ပြင်သစ်
အသင်း PSG ကို ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။
အာဂျင်တီးနားဂန္ထဝင်ကစားသမားဟာ ပြိုပွဲစုံ ၇၇၈ ပွဲကစားပြီး ၆၇၂ ဂိုး သွင်းယူနိုင်မှု အပါအဝင် ဘာစီလိုနာတွင် ဆယ်စုနှစ် ၂ ခုကျော်ကာလအတွင်း ဖြစ်နိုင်ချေ မှတ်
တမ်းအားလုံးကို ချိုးဖျက်ခဲ့ပါတယ်။
ဒါပေမယ့်လည်း မက်ဆီဟာ Parc des Princes ( PSG ) မှာ ခက်ခဲတဲ့ ပထမရာသီအပြီး ပရိသတ်နဲ့ မီဒီယာတွေရဲ့ ပြင်းပြင်းထန်ထန် ဝေဖန်မှုတွေ ခံခဲ့ရပါတယ်။
မက်ဆီဟာ သူ့ရဲ့ပထမဆုံး ပြင်သစ် လီဂူးဝမ်းဂိုးကို သွင်းယူနိုင်ဖို့ နိုဝင်ဘာလ ၂၀ ရက်နေ့အထိ အချိန်ယူခဲ့ရပြီး အခု မတ်လလယ်မှာ သူ့ရဲ့ ဒီရာသီ လီဂူး 1 သွင်းဂိုး ၂ ဂိုး
သာရှိပါသေးတယ်။
ပိုဆိုးတာက မက်ဆီဟာ သူရဲ့ PSG အသင်း ပြီးခဲ့တဲ့အပတ်က ရီးရဲလ်မက်ဒရစ်ကို နှစ်ကျော့ပေါင်း ၃-၂ ဂိုးနဲ့ ရှုံးခဲ့ကာ ချန်ပီယံလိဂ်ကနေ ထွက်ခဲ့ရပြီး အဆိုးဆုံးကာလ
တွေ ဖြတ်သန်းနေရတာ ဖြစ်ပါတယ်။
မက်ဆီ – အသင်းဖော် နေမာနဲ့အတူ တနင်္ဂနွေနေ့က ဘော်ဒိုးနဲ့ ကစားခဲ့တဲ့ နောက်တစ်ပွဲမှာ PSG ပရိသတ်တွေက လှောင်ပြောင်ခံခဲ့ရပါတယ်။
ဒါပေမယ့်လည်း ပြင်သစ်မီဒီယာ RMC Sport ရဲ့ ဖော်ပြချက်အရ မက်ဆီဟာ ဘာစီလိုနာကို ပြန်လည်ပြောင်းရွှေ့ဖို့အတွက် ယခုနွေရာသီမှာ PSG ကနေ ထွက်ခွာဖို့
ရည်ရွယ်ချက်မရှိပါဘူးလို့ ဆိုပါတယ်။
အမှန်တကယ်တော့ မက်ဆီဟာ PSG အသင်းကို ချန်ပီယံလိဂ်ဖလားရအောင် ဦးဆောင်နိုင်ဖို့ Parc des Princes မှာ ဆက်နေဖို့ ဆုံးဖြတ်ထားတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ နွေရာသီကတည်းက ကာတာလိုးနီးယားကို ပြန်သွားတာနဲ့ ပတ်သက်ပြီး ဘာစီလိုနာနဲ့ မက်ဆီရဲ့ အပေါင်းအဖော်တွေကြား အဆက်အသွယ်မရှိခဲ့ကြောင်း
RMC Sport က ထပ်လောင်းပြောကြားခဲ့ပါတယ်။
အခု မက်ဆီဟာ သူ့ရဲ့ မိသားစုနဲ့အတူ ပဲရစ်မြို့မှာ အခြေချနေထိုင်နေပြီဖြစ်ပြီး လာမယ့် ရာသီမှာလည်း သေချာပေါက် ဆက်ရှိနေဦးမှာ ဖြစ်ပါတယ်။