Lionel Messi – မေဂျာလိဂ်အကောင်းဆုံးဆုကို လွဲချော်။

Lionel Messi misses out on MLS award WS
November 3, 2023

MLS - တစ်နှစ်တာ အကောင်းဆုံးဆုကို လွဲချော်ခဲ့တဲ့ Lionel Messi [လီယို မက်ဆီ]။

Lionel Messi [လီယို မက်ဆီ] ဟာ မကြာသေးခင်က သူ့ ရဲ့ ၈ ကြိမ်မြောက် Ballon d’Or ဆုကို ဆွတ်ခူးနိုင်ခဲ့ပေမယ့် မေဂျာလိဂ် ရဲ့ တစ်နှစ်တာ အကောင်းဆုံး ဆုကိုတော့ လွဲချော်ခဲ့ပါတယ်။

အင်တာ မိုင်ယာမီ ကြယ်ပွင့် Lionel Messi [လီယို မက်ဆီ] ဟာ ဆဲလ်တစ် တိုက်စစ်မှူးဟောင်း Giorgos Giakoumakis ကို MLS ရဲ့  တစ်နှစ်တာ အကောင်းဆုံး အဖြစ် သတ်မှတ်ခဲ့ပြီးနောက် သူ့ ရဲ့ စုဆောင်းမှုမှာ ထပ်ထည့်ဖို့ နောက်ထပ်ဆု တစ်ခုကို လွဲချော်ခဲ့ပါတယ်။

👇 1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့ 👇

Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။

အင်တာ မိုင်ယာမီ အသင်းအတွက် Lionel Messi ရဲ့ စွမ်းဆောင်ရည်။

လီယို မက်ဆီဟာ နွေရာသီမှာ Paris Saint-Germain အသင်း ကနေ ထွက်ခွာပြီးနောက် အင်တာ မိုင်ယာမီသို့ ပြောင်းရွှေ့ခဲ့ပေမယ့် သူ့ ရဲ့  အပြောင်းအရွှေ့ ဟာ MLS ရာသီ လယ်အားလပ်ချိန်အတွင်း ဖြစ်ခဲ့ပါတယ်။

အသက် ၃၆ နှစ် အရွယ်ရှိ  Lionel Messi [လီယို မက်ဆီ] ဟာ ပုံမှန် ရာသီ မကုန်မီ သူ့ ရဲ့ အသင်းသစ်အတွက် ပြည်တွင်းပွဲ ခြောက်ပွဲသာ ပါဝင် ကစားခဲ့ပါတယ်။

Lionel Messi scored only 1 goal and 2 assists in MLS

လိဂ်သွင်းဂိုး အရမ်းနေခဲ့တဲ့ လီယိုမက်ဆီ။

မိုင်ယာမီ အသင်းရဲ့ play-off နေရာများမှ 15 မှတ်ထက် ပိုကွာတဲ့ Eastern Conference of MLS ဒုတိယနေရာမှ ပြီးဆုံးခဲ့ပြီး မက်ဆီ အနေနဲ့ ဖေဖော်ဝါရီတွင် ရာသီသစ် မစတင်မီအထိ နောက်ထပ် အနားယူရမည့် အချိန်တွေလည်း ရှိနေခဲ့ပါတယ်။

အင်တာ မီယာမီ ကစားသမား ဘ၀မှာ Lionel Messi ဟာ ရာသီလယ်ပိုင်း လိဂ်ဖလားကို ဆွတ်ခူးနိုင်ဖို့ အသင်းအတွက် ၇ ပွဲတွင် ၁၀ ဂိုး သွင်းယူ ပေးနိုင်ခဲ့ပေမယ့်  MLS မှာတော့ ၁ ဂိုး နဲ့ ဂိုးဖန်တီးမှု ၂ ကြိမ်သာ ရရှိခဲ့ပါတယ်။

တိုက်စစ်မှူး Giakoumakis ရဲ့ စွမ်းဆောင်ရည်။

Giakoumakis သည် ဖေဖော်ဝါရီလ မှာ အတ္တလန်တာ ယူနိုက်တက် အသင်းဆီ ရောက်ရှိလာခဲ့ပြီး ၂၇ ပွဲ ကစားကာ ၁၇ ဂိုး သွင်းယူကာ ရွှေဖိနပ်ဆုအတွက် ဒုတိယနေရာ ရရှိထားခဲ့ပါတယ်။

သူ့ ရဲ့ အသင်း ဟာ အဆင့် ၆ နေရာမှ ပြီးဆုံးကာ playoffs အတွက် အရည်အချင်း ပြည့်မီသွားခဲ့ပြီး အသက် 28 နှစ်အရွယ်ရှိပြီ ဖြစ်သည့် အဆိုပါ ကစားသမားဟာ ယခင်က ပေါင် 2.5 သန်းဖြင့် ဆဲလ်တစ်အသင်းသို့ ပြောင်းရွှေ့လာခဲ့ပါတယ်။

Lionel Messi Giakoumakis at Atlanta United

အတ္တလန်တာ ယူနိုက်တက်အသင်းမှာ ခြေစွမ်းပြနေတဲ့ ဂီယာကိုမတ်ကစ်စ်။

ဆဲလ်တစ်အသင်းတွင် ၁၈ လကြာ ကစားခဲ့ပြီး အတ္တလန်တာ ယူနိုက်တက် အသင်းဆီ ပြောင်းရွှေ့ကြေး ပေါင် 4.3 သန်းဖြင့် မပြောင်းမီ စကော့တလန် ပရီးမီးယားလိဂ် ပွဲ ၄၀ တွင် ၁၉ ဂိုး သွင်းယူခဲ့ပြီပါတယ်။

Ballon d'Or စံချိန်တင်ပြီးနောက် Lionel Messi အင်တာမိုင်ယာမီမှ ထွက်ခွာမှ ထွက်ခွာဖို့ စိတ်ကူးမရှိ။

မက်ဆီသည် လီဂူး ၁ တွင် PSG အတွက် ၁၆ ဂိုးနှင့် ဂိုးဖန်တီးမှု ၁၆ ကြိမ် ပြုလုပ်ကာ အာဂျင်တီးနားကို ကမ္ဘာ့ဖလား ဆွတ်ခူးနိုင်ခဲ့ပြီး တနင်္လာနေ့တုန်းက ၈ ကြိမ်မြောက် Ballon d’Or ဆုကို ဆွတ်ခူးခဲ့ပါတယ်။

အာလင် ဟာလန်း နဲ့ သူ့ ရဲ့ PSG အသင်းဖော်ဟောင်း Kylian Mbappe တို့ကို အနိုင်ယူပြီးနောက် ၈ ကြိမ်မြောက် Ballon d’Or စံချိန်ဟာ မတူညီတဲ့ ကလပ်အသင်း ၃ သင်း နဲ့ ကစားသမားတစ်ဦး ပထမဆုံးအကြိမ် ဆွတ်ခူးနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ဥရောပ ပြင်ပ အသင်းတွေမှာ ကစားနေစဉ် ဒီဆုကို ဆွတ်ခူးနိုင်တဲ့ တစ်ဦးတည်းသော ကစားသမား ဖြစ်လာခဲ့တာပါ။ တကယ်တော့ ဒါက PSG မှာ ကစားခဲ့စဉ်က ရရှိခဲ့တဲ့ ဥရောပမှာ အောင်မြင်မှုတွေပါ။

Lionel Messi won 8th Ballon d'Or

စံချိန်တင် Ballon d’Or ဆုရှင် မက်ဆီ။

လိဂ်များကြား မတူညီသော ပြက္ခဒိန်များကြောင့် ယခင်က ကစားသမားများစွာ လုပ်ဆောင်ခဲ့ကြသည့်အတိုင်း မက်ဆီသည် MLS အားလပ်ချိန်တွင် ကာလတို အငှားဖြင့် အခြားအသင်းသို့ ပြောင်းရွှေ့မည်ဟု ထင်ကြေးပေးမှုများ ရှိခဲ့သည်။

သို့သော်လည်း ဘာစီလိုနာသို့ ပြန်ရန် သို့မဟုတ် ဆော်ဒီအာရေဗျသို့ ယာယီပြောင်းမည်ဟု သတင်းများထွက်ပေါ်နေပြီး မက်ဆီသည် အာဂျင်တီးနား ကမ္ဘာ့ဖလားခြေစစ်ပွဲအပြီး ယခုလနှောင်းပိုင်း MLS ရာသီသစ် မစ, တင်မီ အားလပ်ရက်တွင် အနားယူရန် စီစဉ်ထားသည်။

စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က

အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

Leave A Comment