Kylian Mbappe ရဲ့ ဒေါ့မွန်နည်းပြအပေါ် အကြံပြုချက်။

ပီအက်စ်ဂျီ တိုက်စစ်မှူး Kylian Mbappe [ ကီလီယန် အမ်ဘတ်ပေ ] ရဲ့ ဒေါ့မွန် နည်းပြ အပေါ် အကြံပြုချက်။
Kylian Mbappe [ ကီလီယန် အမ်ဘတ်ပေ ] က ပီအက်စ်ဂျီ နဲ့ ဒေါ့မွန်အသင်းတို့ ရဲ့ ချန်ပီယံလိဂ် အုပ်စုပွဲစဥ်မှာ မန် ယူနိုက်တက် ကစားသမားဟောင်း မာဆယ် ဆာဘစ်ဇ်ဆာ ကို လူစားလဲဖို့ ဒေါ့မွန် နည်းပြကို အကြံပြုခဲ့တယ်လို့ သိရပါတယ်။
ပြင်သစ် ကြယ်ပွင့် Kylian Mbappe ဟာ PSG က ဒေါ့မွန်ကို 2-0 နဲ့အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ Marcel Sabitzer နေရာမှာ အစားထိုးဖို့ နည်းပြ ဖြစ်သူ Edin Terzic ကို ပြောခဲ့တဲ့ အခိုက်အတန့် က အတော်လေးကို ဟော့ဖြစ်နေပါတယ်။
1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့
Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။
ချန်ပီယံလိဂ် ပွဲစဥ်မှာ Kylian Mbappe [ ကီလီယန် အမ်ဘတ်ပေ ] တစ်ဖက်အသင်း နည်းပြကို အကြံပြုခဲ့ပါတယ်။
ရီးယဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ ဖို့န် ချိတ်ဆက်နေဆဲ ဖြစ်တဲ့ Kylian Mbappe [ ကီလီယန် အမ်ဘတ်ပေ ] ဟာ ဘွန်ဒက်လီဂါ အသင်းအား အငြင်းပွားဖွယ် ပင်နယ်တီဖြင့် အဖွင့်ဂိုး နဲ့ အာခရက်ဖ် ဟာကီမီက ဒုတိယဂိုး တို့နဲ့ အမှတ်ပြည့် ရယူသွားခဲ့ပါတယ်။
အထူးသဖြင့် အေစီမီလန်နဲ့ နယူးကာဆယ်တို့ အစောပိုင်းက အခြားအုပ်စုပွဲစဉ်မှာ ၀-၀ သရေ ကျခဲ့တဲ့ အတွက် PSG ရဲ့ ချန်ပီယံလိဂ်မှာ ကောင်းမွန်တဲ့ စတင်မှု ဖြစ်ခဲ့ပါတယ်။

ဒေါ့မွန်ကို အနိုင်ရခဲ့တဲ့ ပီအက်စ်ဂျီ။
ဂိုးတွေအပြင်၊ Kylian Mbappe [ ကီလီယန် အမ်ဘတ်ပေ ] နဲ့ ဒေါ့မွန် နည်းပြ Edin Terzic တို့ ကြား ရယ်စရာ ကောင်းတဲ့ ပြောဆိုမှု တွေ ရှိခဲ့ပြီး Sabitzer ဟာ ပထမပိုင်း အတွင်း ဒဏ်ရာရသွားခဲ့တာ ဖြစ်ပါတယ်။
ကွင်းလယ်လူ မာဆယ် ဆာဘစ်ဇ်ဆာ ကို လူစားလဲဖို့ အကြံပြုခဲ့တဲ့ Kylian Mbappe [ ကီလီယန် အမ်ဘတ်ပေ ] ။
အဆိုပါ တိုက်စစ်မှူး Kylian Mbappe [ ကီလီယန် အမ်ဘတ်ပေ ] ဟာ ဒေါ့မွန် နည်းပြထံ ရောက်ရှိလာပြီး သူ့ ရဲ့ ဒဏ်ရာရ ကွင်းလယ်ကစားသမား ကို အစားထိုးရန် လိုအပ်ကြောင်း အချက်ပြမှုများ ပြုလုပ်ခဲ့ပါတယ်။
“မင်းရဲ့ ကစားသမားကို လူစားလဲလိုက်ပါလား။ ” လို့ အမ်ဘတ်ပီက ဒေါ့မွန် အသင်း နည်းပြ ကို အကြံ ပြုခဲ့ပါတယ်။ တချိန်ထဲမှာ နည်းပြ Terzic က “မင်းလိုရင် ငါ့နေရာကို လာနည်းပြပါ!” ဆိုပြီး တုံ့ ပြန် ပြောဆိုခဲ့ပါတယ်။

အမ်ဘတ်ပေနဲ့ ဒေါ့မွန် နည်းပြတို့ ရယ်စရာ ပြောဆိုမှုတွေ ရှိခဲ့ပါတယ်။
ကစားသမား နဲ့ တစ်ဖက်အသင်း နည်းပြတို့ နှစ်ယောက် ရယ်မောပြီး ပွဲက အရှိန်မြင့်လာခဲ့ကာ နောက်ဆုံးမှာ Sabitzer ဟာ Felix Nmecha နဲ့ အစားထိုးဖို့ လိုအပ်ခဲ့ပါတယ်။
ပွဲရှုံးရုံတင် မကဘဲ ဒုတိယပိုင်း အစမှာ ကွင်းလယ်လူ Marius Wolf က ဒဏ်ရာနဲ့ ကွင်းထဲကနေ ထွက်သွားခဲ့တဲ့ အဖြစ်က ဒေါ့မွန်အတွက် အရမ်းကို ပေးဆပ်မှု ကြီးမားတဲ့ ညနေခင်း ဖြစ်ခဲ့ပါတယ်။
ဒေါ့မွန် ရဲ့ ကွင်းလယ် ကစားသမားသစ် ဆာဘစ်ဇ်ဆာ။
Sabitzer သည် နွေရာသီတွင် ဘိုင်ယန်မြူးနစ်မှ ဒေါ့မွန် အသင်းဆီ ပြောင်းရွှေ့ကြေး ယူရို ၁၉ သန်း နဲ့ ပြောင်းရွှေ့လာခဲ့ပြီး အိုးလ်ထရက်ဖို့ဒ်တွင် သူ့ ရဲ့ အငှားစာချုပ်ကို အပြီးသတ်ဖို့ ရွေးချယ်ခြင်း မခံခဲ့ရပါ။
သြစတြီးယား လက်ရွေးစင် ကွင်လယ်လူဟာ ပြီးခဲ့သည့် ရာသီက ဒုတိယ ရာသီမှာ မန်ယူအတွက် ၁၈ ပွဲ ကစားပေးခဲ့ပေမယ့် ချန်ပီယံလိဂ်ဝင်ခွင့် ရရှိစေမယ့် ရာသီကုန် အနိုင်ရခဲ့တဲ့ လေးပွဲဆက်တိုက်စလုံးမှာ ပါဝင် ကစားခဲ့ခြင်း မရှိပါ။

ယူနိုက်တက် ကွင်းလယ် ကစားသမားဟောင်း ဆာဘစ်ဇာ။
အဲရစ် တန်ဟက် ရဲ့ လက်အောက်မှာ ရှိနေတဲ့ အက်ဖ်အေဖလား ပြိုင်ပွဲအဖြစ် ဖူလ်ဟမ်နဲ့ ပွဲမှာ တစ်ဂိုး သွင်းယူနိုင်ခဲ့ပြီး ပရီးမီးယားလိဂ်မှာလည်း ဂိုးဖန်တီးမှု တစ်ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။
မန်ချက်စတာ ယူနိုက်တက် မှာ တုန်းက သူ့ရဲ့ အချိန်ဟာ ဒဏ်ရာကြောင့် ရုန်းကန်ခဲ့ရပြီး အဲ့ဒီ အချက်ကပဲ ယူနိုက်တက်တို့က သူ့ကို မရွေးချယ်တော့ဘဲ သူ့ရဲ့ ကံကြမ္မာက ဒေါ့မွန်ကို ရောက်သွားပုံ ရပါတယ်။
စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က
အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။