ဒဏ်ရာကြောင့် ၂၀၂၂ ခုနှစ်အထိ အနားယူရမယ့် ကိုလာဆီနက်

November 26, 2021

အာဆင်နယ်နောက်ခံလူ ကိုလာဆီနက်သည် ဒဏ်ရာကြောင့် ၂၀၂၂ ခုနှစ်အထိ အနားယူရမည်ဖြစ်ပါသည်။

 

 

ကိုလာဆီနက် သည် ယခုလအစောပိုင်းတွင် ဘော့စနီးယားနှင့် ဟာဇီဂိုဗီးနားအသင်းနှင့်အတူ

၎င်း၏နိုင်ငံတကာပွဲစဉ်၌ ဘယ်ခြေကျင်းဝတ်ဒဏ်ရာရရှိခဲ့သည်။ ၎င်းဒဏ်ရာကြောင့် တစ်နှစ်တာလုံး အနားယူရတော့မည် ဖြစ်ပါသည်။

 

 

ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် ဖင်လန်အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ရာတွင် အာဆင်နယ်ကစားသမားသည်

Jukka Raitala ၏ ကြမ်းတမ်းသည့် ဖြတ်ထုတ်မှုတစ်ခုနှင့် ရင်ဆိုင်ခဲ့ရသည်။ ယင်းကြောင့် ဖင်လန်ကစားသမား

ထုတ်ပယ်ခံရပြီး ကိုလာဆီနက်မှာ ပြင်းထန်သော ခြေကျင်းဝတ်ဒဏ်ရာ ရရှိခဲ့သည်။

 

 

✅✅✅ 1xBet မှာ ကစားချင်သူတွေအနေနဲ့ ပထမဆုံး အကောင့်ဖောက်ရင် “MMSPORT100” ဆိုတဲ့

ပရိုမိုကုဒ်လေးရိုက်ထည့်ပေးတာနဲ့ ပထမဆုံး Deposit ငွေသွင်းသွင်းခြင်းအတွက်

၁၀၀% ဘောနက်စ်ကိုခံစားရရှိမှာပါခင်ဗျာ။ 💸💸💸

 👉အကောင့်ဖွင့်နည်း 👇👇👇

https://myanmarsports.net/test/account-registration/

 

ကိုလာဆီနက် သည် ယူကေတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို စတင်ခဲ့ပြီး ဇန်နဝါရီ ၂၀၂၂ တွင်

လေ့ကျင့်ရေးပြန်စရန် မျှော်လင့်ထားသည်။

 

 

အာဆင်နယ်အသင်းသည် ၎င်းတို့၏တရားဝင်ဝက်ဘ်ဆိုက်တွင် ဒဏ်ရာနှင့်ပတ်သက်၍ ပရိသတ်များကို

Update လုပ်ခဲ့သည်။ ဂန်းနားအသင်း၏ ထုတ်ပြန်ချက်တွင် အောက်ပါအတိုင်း ဖော်ပြထားသည်။

 

 

” နိုဝင်ဘာလ နိုင်ငံတကာရာသီမှာ ဘော့စနီးယားနဲ့ ဟာဇီဂိုဗီးနားအသင်းမှာ ကစားနေတဲ့ ကိုလာဆီနက်ဟာ

သူ့ရဲ့ဘယ်ခြေကျင်းဝတ်မှာ သိသိသာသာ ဒဏ်ရာရရှိခဲ့ပါတယ်။ သူဟာ ဇန်နဝါရီတွင် လေ့ကျင့်ရေးအပြည့်ဖြင့်

ပြန်လည်ရောက်ရှိရန် ရည်မှန်းထားပြီး ၎င်း၏ပြန်လည်ထူထောင်ရေးအစောပိုင်းအဆင့်တွင် ကောင်းမွန်စွာတိုးတက်နေပါတယ်။

 

ကိုလာဆီနက်ရဲ့ ဒဏ်ရာဟာ အကြောင်းအမျိုးမျိုးကြောင့် အာဆင်နယ်အတွက် ကြီးမားတဲ့ ထိုးနှက်ချက်ပါပဲ။ ”

 

 

ကိုလာဆီနက် ဟာ ဒီရာသီ အာဆင်နယ်ရဲ့ အရေးအကြီးဆုံး ကစားသမားတော့ မဟုတ်သေးပါ။ ဒီရာသီမှာ

သူတို့အတွက် ပြိုင်ပွဲစုံ လေးပွဲပဲ ကစားထားပါသည်။

 

 

အာဆင်နယ်ရဲ့ နွေရာသီ ခေါ်ယူမှု ဖြစ်သည့် နူနိုတာဗာရတ်စ် က ဘယ်နောက်ခံ နေရာကို ကောင်းကောင်း

ထိန်းထားနိုင်ခဲ့ပါသည်။ ပြီးခဲ့သည့်ရာသီကလူတိုင်းကိုအထင်ကြီးစေခဲ့သော တီယာနေး သည်ပင်လျှင်

ဘယ်နောက်ခံနေရာတွင်သူ၏နေရာကိုပြန်လည်ရယူဖို့ခက်ခဲသည်။

 

 

သို့သော်လည်း ရာသီ၏ အလုပ်များဆုံးကာလသို့ ရောက်သွားပါက မန်နေဂျာ Mikel Arteta သည်

ရရှိနိုင်သော အရင်းအမြစ်များအားလုံးကို လိုချင်ပါသည်။ အာဆင်နယ်အသင်းသည် ဥရောပပြိုင်ပွဲများတွင်

မပါဝင်သော်လည်း ပရီးမီးယားလိဂ်နှင့် ပြည်တွင်းပြိုင်ပွဲများသည် ကစားသမားများအတွက် ခက်ခဲနိုင်သည်။

 

 

ကိုလာဆီနက် ဒဏ်ရာက အာဆင်နယ်အတွက် ပြသနာ နောက်ထပ်အကြောင်းရင်းတစ်ခုကတော့ ဇန်နဝါရီမှာ

ရောင်းချဖို့ သူတို့ရဲ့ဆုံးဖြတ်ချက်အပေါ် သက်ရောက်မှုရှိနိုင်လို့ပါပဲ။ ဘော့စနီးယားသားသည် ၂၀၁၇ ခုနှစ်ကတည်းက

ဂန်းနားများနှင့် အတူရှိနေခဲ့သည်။ ရာသီတိုင်းတွင် ၎င်း၏ ကစားချိန်များ ကျဆင်းလာသည်ကို မြင်တွေ့ခဲ့ရသည်။

 

 

အာဆင်နယ်က သူ့ကို ဇန်နဝါရီမှာ ရောင်းထုတ်ပြီး သူတို့ရဲ့ လုပ်ခလစာငွေကို ဖယ်ထုတ်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။

ကိုလာဆီနက် သည် တစ်ပတ်လျှင် ပေါင် ၁၀၀,၀၀၀ ရရှိနေသည်။ ဒါပေမယ့် ဒီဒဏ်ရာကြောင့် ဇန်နဝါရီမှာ သူ့အတွက်

ပေးချေဖို့ ဆန္ဒရှိမှာ မဟုတ်ပါဘူး။

 

 

သတင်းများအရ တူရကီကလပ် ဖီနာဘာချီျီည် ကိုလာဆီနက် ကိုခေါ်ယူရန် ရေပန်းအစားဆုံးအသင်းဖြစ်သည်။

ဇန်နဝါရီမှာ သူ့ဆီသွားမလား ဒါမှမဟုတ် လာမယ့်နွေရာသီအထိ စောင့်မလားဆိုတာ စောင့်ကြည့်ရဦးမှာပါ။

Leave A Comment