Jorginho နဲ့ အာဆင်နယ် အပြောင်းအရွှေ့ ပြီးစီ။

Jorginho to Arsenal
January 31, 2023

အာဆင်နယ် နဲ့ အပြောင်းအရွှေ့ကို ချဲလ်ဆီး ကွင်းလယ်လူ Jorginho [ ဂျော်ဂျင်ဟို ] သဘောတူ။

Jorginho [ ဂျော်ဂျင်ဟို ] ဟာ ဒီဇန်နဝါရီ အပြောင်းအရွှေ့ ကာလ ကုန်ခါနီးမှာမှ ချဲလ်ဆီး အသင်း ကနေ အာဆင်နယ်အသင်းဆီ ပြောင်းရွှေ့ကြေး ယူရို ၁၅ သန်းနဲ့ အံ့အားသင့်ဖွယ် ပြောင်းရွှေ့ဖို့ သဘော တူညီခဲ့ပြီ ဖြစ်ပါတယ်။

ချဲလ်ဆီး ကွင်းလယ်လူ ဂျော်ဂျင်ဟိုဟာ ချဲလ်ဆီးအသင်း ကနေ အာဆင်နယ်ဆီ နောက်ဆုံးရက်မှာမှ  ပြောင်းရွှေ့ကြေး ယူရို ၁၅ သန်းနဲ့ အံ့အားသင့်ဖွယ် အပြီးသတ် ပြောင်းရွှေ့တော့မှာ ဖြစ်ပါတယ်။

👇 1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့ 👇

Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။

စတန်းဖို့ဒ်ဘရစ်ချ်မှာ ဂျော်ဂျင်ဟိုဟာ ရာသီကုန်မှာ သက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။

လန်ဒန် ကလပ် အသင်း နှစ်သင်းဟာ အင်္ဂါနေ့ မနက်ပိုင်းက ပြောင်းရွှေ့ကြေးနဲ့ သဘော တူညီမှု ရရှိခဲ့ပြီး ကွင်းလယ် ကစားသမားဟာ ၂၀၂၄ ခုနှစ် အထိ စာချုပ်သက်တမ်းတိုးဖို့ အတည်ပြုပေးခဲ့ပြီး နောက်ထပ် တစ်နှစ်အတွက် ရွေးချယ်ခွင့်လည်း ပေးခဲ့ပါတယ်။

စတန်းဖို့ဒ်ဘရစ်ချ် [ ချဲလ်ဆီး အသင်း ] မှာ အီတလီ လက်‌ရွေးစင် ကစားသမား ဂျော်ဂျင်ဟိုရဲ့ စာချုပ်ဟာ ရာသီကုန်မှာ ကုန်ဆုံးမှာ ဖြစ်ပြီး သက်တမ်းတိုးဖို့ အခွင့်အရေး အနည်းငယ်သာ ရှိနေတာပါ။

Jorginho against Arsenal

အာဆင်နယ်နဲ့ တွေ့ဆုံခဲ့တုန်းက ဂျော်ဂျင်ဟို။

အာဆင်နယ်အသင်းဟာ သူတို့ရဲ့ အသင်းကို အားကောင်းလာစေဖို့ အတွက် ဗဟို ကွင်းလယ် ကစားသမား တစ်ဦးကို ခေါ်ယူဖို့ စိတ်အားထက်သန်နေတာကြောင့် အပြောင်းအရွှေ့ ကာလ မပိတ်ခင်အတွင်း ခေါ် ယူလိုက်တာ ဖြစ်ပါတယ်။

ဒီမတိုင်ခင်မှာ ဂန်းနားတို့ဟာ ဘရိုက်တန် အသင်းရဲ့ ကွင်းလယ်လူ မွိုက်စ် ကိုဆယ်ဒိုကို ကလပ် စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ခေါ် ယူဖို့ လုပ်ဆောင်နေပေမယ့် နှစ်ဖက်အသင်းကြား ညှိနှိုင်းမှုတွေ ခက်ခဲနေခဲ့ပါတယ်။

အာတီတာဟာ ဂျော်ဂျင်ဟိုကို အစောကတည်းက နှစ်သက် သဘောကျခဲ့တာပါ။

အာဆင်နယ်နည်းပြ မိုက်ကယ် အာတီတာဟာ ချဲလ်ဆီး ကွင်းလယ် ကစားသမား ဂျော်ဂျင်ဟို ကို အရင်ကတည်းက သဘောကျ နှစ်သက်သူ တစ်ဦး ဖြစ်ပြီး ကစားသမားကို ခေါ်ယူဖို့ ပုဂ္ဂိုလ်ရေးအရ တောင်းဆိုထားခဲ့တာ ဖြစ်ပါတယ်။

ဂျော်ဂျင်ဟို ရဲ့ အရည်အသွေး နဲ့ အတွေ့အကြုံတွေဟာ အာဆင်နယ်အသင်းကို ၂၀၀၄ ခုနှစ် ကတည်းက အခုထိ မဆွတ်ခူးနိုင်သေးတဲ့ ပထမဆုံး လိဂ်ဖလားကို ဆွတ်ခူးနိုင်စေဖို့ ကူညီပေးလိမ့်မယ်လို့ အာတီတာက ယုံကြည်နေပါတယ်။

Jorginho won CL with Chelsea

ချဲလ်ဆီးနဲ့အတူ ချန်ပီယံလိဂ် ဆွတ်ခူးနိုင်ခဲ့တဲ့ ဂျော်ဂျင်ဟို။

အာတီတာ ရဲ့ ဂန်းနားအသင်းဟာ လက်တလောမှာတော့ ပရီးမီးယားလိဂ်ရဲ့ ထိပ်ဆုံးမှာ ရပ်တည်နေပြီး လက်ကျန်ပွဲစဉ် တစ်ပွဲလျော့နဲ့ မန်ချက်စတာ စီးတီး အသင်းထက် ( ၅) မှတ်အသာနဲ့ ရပ်တည်နေပါတယ်။

ချဲလ်ဆီးအသင်းမှာ ကွင်းလယ်လူ Jorginho [ ဂျော်ဂျင်ဟို ] ရဲ့ ကစားသမား ဘဝ။

အသက် ၃၁ နှစ် အရွယ် အီတလီ ကွင်းလယ်လူ ဂျော်ဂျင်ဟိုဟာ ၂၀၁၈ ခုနှစ်တုန်းက အီတလီကလပ် နာပိုလီအသင်းကနေ ချယ်လ်ဆီးကို ပြောင်းရွှေ့ကြေး ယူရို ၆၄ သန်း နဲ့ ရောက်ရှိလာခဲ့ပြီး ပြိုင်ပွဲစုံ ၂၁၃ ပွဲ ကစားကာ ၂၉ ဂိုး သွင်းယူထားပါတယ်။

သူဟာ ၂၀၂၁ ခုနှစ်မှာ ချန်ပီယံလိဂ်ဖလားကို ရယူနိုင်ခဲ့တဲ့ ချဲလ်ဆီး ကလပ်အသင်းမှာ အဓိက အခန်းကဏ္ဍ ကနေ ပါဝင်ခဲ့ပြီး ယူရိုပါလိဂ်၊ ယူအီးအက်ဖ်အေ စူပါကပ် နဲ့ ဖီဖါ ကမ္ဘာ့ ကလပ် ဖလား တို့ကိုလည်း ရယူနိုင်ခဲ့ပါတယ်။

Jorginho won Euro with Italy

အီတလီအသင်းနဲ့ အတူ ယူရိုဖလား ဆွတ်ခူးနိုင်ခဲ့တဲ့ ဂျော်ဂျင်ဟို။

သူ့ အနေနဲ့ အောင်မြင်နေပေမယ့်လည်း ချဲလ်ဆီး ပရိသတ်တွေ အပေါ်  ကြီးမားတဲ့ ထိုးနှက်မှုမျိုး တစ်ခါမှ မလုပ်ဖူးပါဘူး။ သူ့ရဲ့ အကောင်းဆုံး နှစ်ဟာ ၁၉၆၈ ‌ခုနှစ် နောက်ပိုင်း အီတလီအသင်းနဲ့ အတူ သူတို့ရဲ့ ပထမဆုံး ဥရောပ ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။

ဒါကြောင့် သူဟာ ယူရို ၂၀၂၀ ပြိုင်ပွဲရဲ့ အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦးဖြစ်ခဲ့ပြီး ၂၀၂၁ ခုနှစ်ရဲ့  Ballon d’Or ပြိုင်ပွဲကြီးမှာ တတိယဆု အထိ ရရှိခဲ့ပါတယ်။

၃၁ နှစ်အရွယ် ရှိပြီ ဖြစ်တဲ့ အီတလီ လက်ရွေးစင် ကစားသမားဟာ သူ့ရဲ့ မိခင် နိုင်ငံအတွက် ပွဲပေါင်း ၄၆ ပွဲ အထိ အနိုင် ရရှိထားပါတယ်။

စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က

အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

Leave A Comment