ပရီးမီးယားလိဂ်အသင်းကြီးတွေ မျက်စိကျနေတဲ့ James Ward-Prowse [ ဂျိမ်းဝေါ့ပြောက်စ် ]
James Ward-Prowse [ ဂျိမ်းစ်ဝေါ့ပြောက်စ် ] ဟာ ဆောက်သမ်တန်အသင်းအတွက် အကောင်းဆုံးခြေစွမ်းတွေ ပြခဲ့ပြီးနောက်
ပရီးမီးယားလိဂ် အသင်းကြီးတွေကနေ ခေါ်ယူဖို့ စိတ်ဝင်စားလာကြပါတယ်။
James Ward-Prowse [ ဂျိမ်းစ်ဝေါ့ပြောက်စ် ] ကို မကြာသေးမီလများအတွင်းက မန်ချက်စတာယူနိုက်တက်၊ မန်ချက်စတာစီးတီး၊ အာဆင်နယ်၊ တော့တင်ဟမ်ဟော့စပါးနဲ့ အသစ်စက်စက်ချမ်းသာတဲ့ နယူးကာဆယ်အသင်းတို့ဟာ ကမ်းလှမ်းဖို့ ချိတ်ဆက်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။
မန်စီးတီးနည်းပြ ပက်ဂွာဒီယိုလာက ဝေါ့ပြောက်စ်ဟာ အခုနှစ်ရာသီအစောပိုင်းမှာ ကမ္ဘာ့အကောင်းဆုံး ဖရီးကစ် သွင်းဂိုး အထူးကျွမ်းကျင်သူအဖြစ် ဖော်ပြခဲ့ပြီး အခုအခါမှာ မကြာသေးမီက ဘရိုက်တန်အသင်းနဲ့ ၂-၂ ဂိုးစီ သရေကျခဲ့တဲ့ ပွဲပြီးတဲ့အချိန်မှာ ဝေါ့ပြောက်စ်က ဖရီးကစ် ၄ ဂိုးကို ပိုင်ဆိုင်သွားခဲ့ပြီ ဖြစ်ပါတယ်။
ဂျိမ်းစ်ဝေါ့ပြောက်စ် ဟာ Portsmouth [ ပို့စ်မောက်အသင်း ] ပရိသတ် မိသားစုမှ မွေးဖွားလာသူ ဖြစ်ပေမယ့် သူ့ရဲ့ ဘောလုံးအားကစားလောကကို ဆောက်သမ်တန် အကယ်ဒမီမှာ အသက် ၈ နှစ်အရွယ်ကတည်းက စ, တင်ခဲ့ပြီး အသက် ၁၆ နှစ်အရွယ်မှာ ကလပ်အသင်းနဲ့ ပွဲဦးထွက်ခဲ့ပါတယ်။
👇 1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့ 👇
Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။
အခုချိန်မှာ ဝေါ့ပြောက်စ်ဟာ St. Mary’s Stadium [ ဆောက်သမ်တန်ကွင်း ] အသင်းအတွက် ပြိုင်ပွဲစုံ ပွဲပေါင်း ၃၅၀ ကျော် ကစားထားပြီး ကွင်းလယ်လူဟာ ၂၀၁၃/၁၄ အားကစားရာသီကတည်းက အသင်းရဲ့ အရေးပါတဲ့ ကစားသမားတစ်ယောက် ဖြစ်လာခဲ့ပါတယ်။ Pierre-Emile Hojbjerg [ ပီရဲ အယ်မိုင်း ဟိုဟီဗျက်] ထွက်ခွာပြီးနောက် ဝေါ့ပြောက်စ်ဟာ St Mary’s အသင်းရဲ့ အစုံအလင်အားလုံးကို ၂၀၂၀ ခုနှစ် ဇွန်လကတည်းက အသင်းခေါင်းဆောင်အဖြစ် အစားထိုး တာဝန်ယူခဲ့တာ ဖြစ်ပါတယ်။
အခုရာသီမှာ သူ့ရဲ့ ဖရီးကစ် ၄ ဂိုးနဲ့ ဝေါ့ပြောက်စ်ဟာ အင်္ဂလိပ်ထိပ်တန်း ဘောလုံးသမိုင်းတစ်လျှောက် set-piece ဂိုးသွင်းမှုအတွက် သူ့ထက်သာတာ ရှေ့မှာ ဒေးဗစ်ဘက်ခမ်းထက်သာရှိပြီး ကွင်းလယ် ကစားသမားဟာ လာမယ့် ရာသီတွေမှာ အဆိုပါစံချိန်ကို ကျော်ဖြတ်ဖို့ အလားအလာရှိနေပါတယ်။
အသက် ၂၇ နှစ်အရွယ် ကွင်းလယ် ကစားသမားဟာ အရပ် ၅ ပေ ၈ လက်မ သာ ရှိပေမယ့် သူဟာ ခံစစ်အားကောင်းဖို့အတွက် Havant & Waterlooville အသင်းမှာ တချိန်က လျှို့ဝှက်လေ့ကျင့်သင်ကြားခဲ့ပြီး နောက်တန်းနဲ့ ကွင်းလယ် တိုက်စစ်အပြင် တောင်ပံနဲ့ ညာနောက်ခံလူနေရာတွေမှာလည်း ကစားနိုင်သူ ဖြစ်ပါတယ်။
ဂျိမ်းစ်ဟာ ၂၀၁၅ ခုနှစ် ဇန်နဝါရီလတုန်းက ဆောက်သမ်တန်အသင်းနဲ့ ငါးနှစ်ခွဲ စာချုပ်သစ်ကို ချုပ်ဆိုခဲ့ပါတယ်။ ဒီစာချုပ်သစ် ချုပ်ဆိုပြီး ဧပြီလ ၁၁ ရက်နေ့မှာတော့ ဟူးလ်စီးတီး အသင်းကို ၂-၀ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲမှာ အသင်းအတွက် အဖွင့်ဂိုးကို ပင်နယ်တီကနေတဆင့် သွင်းယူပေးခဲ့ပြီး ဒီဂိုးဟာ သူ့ရဲ့ ပထမဦးဆုံး ပရီးမီးယားလိဂ် သွင်းဂိုး ဖြစ်ခဲ့ပါတယ်။
၂၀၁၆ ခုနှစ် မေလ ၁၃ ရက်နေ့မှာတော့ အသင်းနဲ့ ၆ နှစ်စာ စာချုပ်သစ် ချုပ်ဆိုခဲ့ပြီး ၂၀၂၂ ခုနှစ်အထိ အသင်းမှာ ခြေစွမ်းပြ ကစားနေခဲ့တာ ဖြစ်ပါတယ်။
ကွင်းလယ်လူ ဂျိမ်းစ်ဟာ ၂၀၁၇ ခုနှစ် မတ်လ ၁၆ ရက်နေ့မှာတော့ အင်္ဂလန် လက်ရွေးစင်အသင်းမှာ ဂျာမနီအသင်းနဲ့ ချစ်ကြည်ရေးပွဲ၊ လစ်သူယေးနီးယားအသင်းနဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲတွေအတွက် ပထမဆုံးအကြိမ် ပါဝင်လာခဲ့တာ ဖြစ်ပါတယ်။
ဒီအင်္ဂလန်လက်ရွေးစင်ကစားသမား ဝေါ့ပြောက်စ်ဟာ ၂၀၁၇ ခုနှစ်ကတည်းက UEFA Euro 2020 အတွက် ခြင်္သေ့သုံးကောင် [ အင်္ဂလန် လက်ရွေးစင်အသင်း ] စာရင်းမှာ ပါဝင်ခဲ့ပေမယ့် ဖိုင်နယ်မှာ အီတလီကို ရှုံးနိမ့်ခဲ့ချိန်မှာတော့ ကွင်းဘေးပရိတ်သတ်လိုသာ ဖြစ်ခဲ့ပါတယ်။
ကွင်းလယ်လူဟာ ဆွစ်ဇာလန်၊ အိုင်ဗရီကို့စ်အသင်းတို့နဲ့ ချစ်ကြည်ရေး ခြေစမ်းပွဲတွေအတွက် မကြာသေးမီက လက်ရွေးစင်အသင်း လူစာရင်းမှာ ပါဝင်ခဲ့ပြီး အခု လာမယ့် ဆောင်းရာသီ ကာတာမှာ ကျင်းပမယ့် ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲအတွက် လူစာရင်းမှာလည်း ပါဝင်လာနိုင်ဖွယ် ရှိနေပါတယ်။
ဆောက်သမ်တန် အသင်းခေါင်းဆောင် ဝေါ့ပြောက်စ်ဟာ Etihad ( မန်စီးတီ အသင်း ) မှာ လာရောက် ကစားသည် ဖြစ်စေ၊ မကစားသည် ဖြစ်စေ မန်စီးတီး နည်းပြ ပတ်ဂွာဒီယိုလာကတော့ သူ့ရဲ့ ပရိတ်သတ်ဖြစ်တယ်လို့ ဆိုပါတယ်။
မန်စီးတီးနည်းပြ ပတ် ဂွာဒီယိုလာက
” သူတို့မှာ ကျွန်တော်မြင်ဖူးသမျှ အကောင်းဆုံး ဖရီးကစ်ကန်သွင်းသူအဖြစ် ဝေါ့ပြောက်စ် ရှိပါတယ်။ ” လို့ ၂၀၂၀ ခုနှစ် ဒီဇင်ဘာလတုန်းက ဆောက်သမ်တန်နဲ့ မန်စီးတီးတို့ သရေကျပြီးနောက် BBC ကို ပြောကြားခဲ့တာ ဖြစ်ပါတယ်။
စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က
အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။