Harry Kane ရဲ့ ဆုဖလားလက်မဲ့ ကျိန်စာ။

ဘိုင်ယန်အထိ ပါလာတဲ့ Harry Kane [ ဟယ်ရီ ကိန်း ] ရဲ့ ဆုဖလားလက်မဲ့ ကျိန်စာ။
Harry Kane [ ဟယ်ရီ ကိန်း ] ဟာ ပြီးခဲ့သည့် နွေရာသီက တော့တင်ဟမ် ဟော့ စပါး အသင်းမှ ဘိုင်ယန်မြူးနစ်သို့ ထွက်ခွာရန် ဆုံးဖြတ်ခဲ့ခြင်းမှာ သူ့ ရဲ့ ဆုဖလားများရယူလိုသော ဆန္ဒကြောင့် ပြောင်းရွှေ့ခဲ့ခြင်း ဖြစ်သည်။
ဘွန်ဒက်လီဂါဖလား ၁၁ ကြိမ် ဆက်တိုက်ရရှိခဲ့ပြီး ဥရောပရဲ့ အဓိကလိဂ်တွေ မှာ အဆင့်အတန်း မြင့်မားတဲ့ ဘိုင်ယန်မြူးနစ် အသင်း ကဲ့သို့ အသင်းမျိုး မှာ ဆုဖလား ၁ လုံးလောက် ရရှိဖို့ဆိုတာ မခက်ခဲ့လှပါဘူး။
1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့
Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။
စပါး အသင်းမှာ Harry Kane [ ဟယ်ရီ ကိန်း ] ရဲ့ စွမ်းဆောင်ရည်။
တော့တင်ဟမ် ဟော့ စပါးအသင်းနဲ့အတူ Harry Kane [ ဟယ်ရီ ကိန်း ] ဟာ ခြေစွမ်းကောင်းခဲ့ပေမယ့် အောင်မြင်မှု မရရှိခဲ့ပါ။ 2017/18 ရာသီမှာ ၄၁ ဂိုးထိတောင် သွင်းယူခဲ့ပြီး ရာသီတိုင်း ဂိုး ၃၀ ဝန်းကျင် လောက် သွင်းလေ့ ရှိပါတယ်။
အင်္ဂလန် တိုက်စစ်မှူး Harry Kane [ ဟယ်ရီ ကိန်း ] ဟာ ဘောလုံးလောကရဲ့ ဦးဆောင်ဂိုး သွင်းသူတွေထဲက တစ်ဦး အဖြစ် အသိအမှတ်ပြု ခံရပေ မယ့် အောင်မြင်မှုက တော့ လိုက်မပါခဲ့ပါဘူး။
တော့တင်ဟမ် ဟော့ စပါး အသင်း ရဲ့ နောက်ဆုံး ရခဲ့တဲ့ ဆုဖလားဟာ ၂၀၀၈ လိဂ်ဖလား ဖြစ်ခဲပြီး အဲ့အချိန်မှာကတည်းက အကယ်ဒမီ မှာ တိုက်စစ်မှူး ဟယ်ရီကိန်း ရဲ့ ခြေစွမ်းကို အားလုံးက သဘောကျနေပြီး ဖြစ်ပါတယ်။
အခုချိန်ထိ Harry Kane [ ဟယ်ရီ ကိန်း ] တစ်ယောက် ကံမကောင်းသေးပါ။
သြဂုတ်လမှာ ဟယ်ရီ ကိန်း ရောက်လာပြီး ကတည်းက ဘိုင်ယန်မြူးနစ် အသင်း ရဲ့ ဆုဖလား ကံကြမ္မာက အောက်ခြေကို ထိုးကျသွားတာ လုံးဝ သေချာပါတယ်။
ဂျာမန် စူပါဖလားလည်းရှုံး။ DFB Pokal ဖလားလည်း တတိယအဆင့်လိဂ်မှ Saarbrucken ကို ရှုံး။ ဘွန်ဒက်စ်လီဂါ ချန်ပီယံဆုကိုလည်း အခုလတ်တလော ပြိုင်ပွဲစုံ ၅၀ နီးပါး ရှုံးပွဲမရှိတဲ့ လေဗာကူဆင် အသင်းကို ခွင့်ပြုပေးလိုက်ရပြီ။
ဇာဘီ အလွန်ဆို ရဲ့ အသင်းဟာ ဧပြီလ ၁၄ ရက်နေ့မှာ Werder Bremen ကို ၅-၀ ဂိုး နဲ့ အနိုင် ရရှိပြီးနောက် ဘွန်ဒက်လီဂါ ချန်ပီယံဆု ကို ဆွတ်ခူးနိုင် ခဲ့ချိန် ဘိုင်ယန်မြူးနစ် အသင်းကတော့ ရှုံးပွဲ များစွာ နဲ့ အံ့အားသင့်ဖွယ် ကြုံတွေ့ခဲ့ရပါတယ်။
ရီးယဲလ် မက်ဒရစ်ကို ရှုံးနိမ့်ခဲ့ပြီး ချန်ပီယံလိဂ်မှ ထွက်ခွာခဲ့ရတဲ့ ဘိုင်ယန်မြူးနစ်။
ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ အဖြစ် ရီးယဲလ်မက်ဒရစ် အိမ်ကွင်း မှာ ပွဲကစားချိန် မိနစ် ၈၀ ကျော်အထိ ၁-၀ ဂိုး နဲ့ ဦးဆောင်ထားနိုင် ခဲ့ပေမယ့် ဟိုဆဲလူ ရဲ့ လူစားဝင် နောက်ကျဂိုး ၂ ဂိုးကြောင့် ဘိုင်ယန်မြူးနစ် တို့ ချန်ပီယံလိဂ်ကို ကျောခိုင်းခဲ့ရပါတယ်။
ဘိုင်ယန်မြူးနစ်တို့ ၁-၀ ဂိုးနဲ့ ဦးဆောင်ထားနိုင်ချိန် ၈၅ မိနစ်မှာ နည်းပြ သောမတ်စ် တူချယ်က ဟယ်ရီ ကိန်းကို ချူပို မုတ်တိန်းနဲ့ ထူးဆန်းစွာ လူစားလဲစေခဲ့ပါတယ်။
ရလဒ်အနေ နဲ့ တိုက်စစ်မှူး Harry Kane [ ဟယ်ရီ ကိန်း ] ဟာ ဘိုင်ယန်မြူးနစ် မှာ သူ့ရဲ့ ပထမဆုံး ရာသီကို ဖလားမရဘဲ မယုံနိုင်လောက်အောင်ကို အဆုံးသတ်ခဲ့ပါတယ်။
ဘိုင်ယန်မြူးနစ် အသင်းဟာ ၂၀၁၁ ခုနှစ်ကလည်းက ရာသီတိုင်းမှာ အနည်းဆုံး ဘွန်ဒက်စ်လီဂါ ချန်ပီယံဆု တစ်ခု ကို ရရှိခဲ့ပေမယ့် ဟယ်ရီ ကိန်း ရောက်ရှိလာပြီးနောက် အဲ့ဒီ အောင်မြင်မှု လည်း ပြီးဆုံးသွားခဲ့ပါတယ်။
သူဟာ ဘိုင်ယန်မြူးနစ် အသင်း အတွက် ပြိုင်ပွဲစုံမှာ ၄၄ ဂိုး သွင်းယူကာ ၁၁ ဂိုးဖန်တီးမှု ပြုလုပ်ထားပေမယ့် ဂျာမန် အသင်း ကို ဆုဖလား ရရှိအောင် စွမ်းဆောင်နိုင်ခြင်း မရှိခဲ့ဘဲ စပါး အသင်း မှာလို ကျိန်စာတွေ ရှိနေဆဲပါ။
စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က
အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။