Gavi ကို ခက်ခဲစေမယ့် ဒီဂျောင်ရဲ့ ထွက်ခွာမှု။

ဒီဂျောင်ကို ရောင်းချရင် သူ့ အတွက် အခက်တွေ့ စေမယ်လို့ Gavi [ ဂါဗီ ] ဆို။
Gavi [ ဂါဗီ ] က ဘာစီလိုနာ အသင်း အနေနဲ့ သူတို့ရဲ့ ကွင်းလယ် ကစားသမား ဖရန့်ကီ ဒီဂျောင်ကို မန်ချက်စတာ ယူနိုက်တက် ဆီ ရောင်းချလိုက်မယ် ဆိုရင် သူ့ အတွက် ကစားရတာ အခက်အခဲ ဖြစ်သွားနိုင်တယ်လို့ ဆိုပါတယ်။
မန်ချက်စတာ ယူနိုက်တက် အနေနနဲ့ 2022 ခုနှစ် နွေရာသီတွင် ဘာစီလိုနာမှ ဒီဂျောင် ကို ခေါ်ယူရန် ကြိုးပမ်းနေခဲ့ပြီး ကတ်တလန် အသင်းရဲ့ ငွေကြေးဆိုင်ရာ လိုအပ်ချက်ကြောင့် ဖြစ်နိုင်တဲ့ သဘောတူညီချက် တစ်ခု ပါပဲ။
1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့
Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။
ဒီဂျောင်ထွက်ခွာသွားမှာကို စိတ်ပူနေတဲ့ Gavi [ ဂါဗီ ] ။
တကယ်တော့ ဒီဂျောင်နဲ့ ဘာစီလိုနာကြားက အဆင်မပြေမှုတွေဆိုတာ အေဂျက်စ် ကြယ်ပွင့်ဟောင်းကို စာချုပ်ပါ ဥပဒေအတိုင်း အရေးယူဖို့ ကမ့်နူး ဘုတ်အဖွဲ့က ခြိမ်းခြောက်နေတာကြောင့်ပါ။
ဘာကာ အနေနဲ့ နယ်သာလန် လက်ရွေးစင် ကွင်းလယ်လူ De Jong အတွက် သရဲနီတွေဆီက ကမ်းလှမ်းမှု နဲ့ အိုးထရပ်ဖို့ဒ်ဆီ ပြောင်းရွှေ့ဖို့ ငြင်းဆိုဖို့ နည်းလမ်းကိုသာ လက်ခံစေခဲ့ပါတယ်။

ဒီဂျောင်ကိုရောင်းလိုက်ရင် ကစားရခက်သွားမယ်လို့ ဂါဗီဆို။
လူငယ် ကွင်းလယ် ကစားသမား Gavi က သူ့ရဲ့ ကွင်းလယ် တွဲဖက် De Jong ဟာ သူ့ ရဲ့ idol ဖြစ်ကြောင်း RAC1 အား ရှင်းပြရာမှာ ဒီအတွက် ကြီးမားတဲ့ သက်ပြင်းချမှု တစ်ခုကို ဖွင့်ဟ လိုက်ပါတယ်။
“ကျွန်တော် အလေးစားရဆုံး သူက ဒီဂျောင်ပါ။ ထွက်ခွာသွားနိုင်တယ်လို့ ပြောတဲ့အခါ ကျွန်တော် တကယ် အံသြသွားမိတယ်။ ” လို့ စပိန် နဲ့ ဘာစီလိုနာ ကွင်းလယ်လူ Gavi က ပြောဆိုခဲ့ပါတယ်။
ဒီဂျောင်ဟာ ဘာကာ ရဲ့ အရေးပါတဲ့ ကစားသမား တစ်ဦးပါ။
၂၀၁၉ ခုနှစ် ကတည်းက ဘာစီလိုနာမှာ ရှိခဲ့တဲ့ ဒီဂျောင်ဟာ နည်းပြ Xavi ရဲ့ အစီအစဉ်တွေကို အပြည့်အ၀ လုပ်ဆောင်ခဲ့ပြီး ပြီးခဲ့တဲ့ရာသီက Barca လာလီဂါကို ဆွတ်ခူးနိုင်ခဲ့ချိန်မှာ အသင်းရဲ့ အဓိက အခန်းကဏ္ဍ ကနေ ပါဝင်ခဲ့ပါတယ်။
မန်ယူအသင်းဟာ ပြီးခဲ့သည့် နွေရာသီက ဗဟို ကွင်းလယ် ကစားသမားကို ခေါ်ယူရန် အကြို ချိတ်ဆက်မှုများ ရှိခဲ့ပေမယ့် ထင်ကြေးပေးမှုများ လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့ပါတယ်။

ဘာကာ ကွင်းလယ်လူ ဒီဂျောင်နဲ့ ဂါဗီ။
ဒါပေမယ့်လည်း ဖြစ်နိုင်မယ်ဆိုရင် Erik ten Hag ဟာ ဒီဂျောင် နဲ့ ပြန်လည် ဆုံတွေ့ မယ့် ယုံကြည်ချက် ရှိနေပြီး တစ်ဖက်မှာလည်း ဘာစီလိုနာ အနေနဲ့ ဘဏ္ဍာရေး အခြေအနေ ဆိုးဝါးမှုတွေ ရှိနေပါတယ်။
လာမယ့် နွေရာသီမှာ အနည်းဆုံး ကြယ်ပွင့် တစ်ဦးကို ရောင်းချရန် လိုအပ်နေပြီး ဒီဂျောင်ဟာ အသက် 26 နှစ် အရွယ် ရှိပြီ ဖြစ်ပေမယ့် စာချုပ်သစ် ဆွေးနွေးမှုတွေ ရှိနေပေမယ့် အရမ်းကြီး လေးနက်တာမျိုး မရှိဘူးလို့ သိရပါတယ်။
လူငယ် ကွင်းလယ်လူ Gavi ရဲ့ အခြားသော idol တချို့။
2022 Golden Boy ဆုရှင် Gavi က De Jong သည် သူ့ရဲ့ အတုယူရတဲ့ တစ်ဦးတည်းသော ကစားသမား မဟုတ်ကြောင်း “ကျွန်တော် အထူးသဖြင့် Andres Iniesta တင်မကဘူး Marco Verratti နဲ့ Isco တို့ကိုလည်း အရမ်းသဘောကျပါတယ်။ ” လို့ ပြောကြားခဲ့ပါတယ်။
Andalusia မှာ ကြီးပြင်းလာပြီးနောက် ဘာစီလိုနာကို ဘာလို့ ချစ်တာလဲလို့ မေးရာမှာ အဓိက သဘောကျခဲ့တာကတော့ တီကီတာကာ ဘောလုံး အမှတ်တံဆိပ်အတွက် လူသိများတဲ့ Pep Guardiola ရဲ့ အသင်းဖြစ်ကြောင်း ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

ဘာကာအတွက် ၇ ဂိုးသွင်းယူထားတဲ့ ဂါဗီ။
သူက “ဒါဟာ သမိုင်းတစ်လျှောက် အကောင်းဆုံးအသင်း၊ Xavi ရဲ့ Barca၊ Iniesta နဲ့ သူတို့ အတွဲ ကစားပုံကနေ ဖြစ်လာတာပါ။ အဲ့ဒီအချိန်ကစပြီး ကျွန်တော် Barca ကို ချစ်ခဲ့ပြီး ဒီမှာ အမြဲတမ်း ရှိနေမှာပါ။ ” လို့ ရှင်းပြခဲ့ပါတယ်။
အသက် ၁၉ နှစ် အရွယ် Gavi ဟာ ဘာစီလိုနာရဲ့ ပထမဆုံး ပွဲထွက် အသင်းမှာ ပွဲပေါင်း ၁၀၀ ကျော် ကစားထားပြီး ၇ ဂိုး သွင်းယူထားပါတယ်။ နောက်ထပ် အများကြီး အနာဂတ် ကောင်းလာ ဖို့ ရှိပါသေးတယ်။
စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က
အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။