Historical facts about the FIFA Club World Cup

FIFA club world cup - Historical facts
July 6, 2025

FIFA Club World Cup history: Interesting facts

FIFA Club World Cup history

ဖီဖာကလပ် ကမ္ဘာ့ဖလားရဲ့ သမိုင်းဝင်ဇာတ်လမ်းများနဲ့ သိကောင်းစရာများ

ဖီဖာကလပ်ကမ္ဘာ့ဖလားရဲ့ စိတ်ဝင်စားဖွယ်ရာ သမိုင်းကြောင်း၊ မှတ်တိုင်များ၊ ထင်ရှားသော အသင်းများနှင့် ၂၀၂၅ ပြိုင်ပွဲအတွက် ပြောင်းလဲမှုများကို ဖတ်ရှုလိုက်ပါ။

ပြိုင်ပွဲရဲ့ အစနဲ့ အငြင်းပွားဖွယ်ရာများ

FIFA Club World Cup ပြိုင်ပွဲဟာ ကမ္ဘာတစ်ဝှမ်းရှိ ထိပ်တန်းကလပ်အသင်းများကို စုစည်းပေးထားတဲ့ ကြီးမားသော ပြိုင်ပွဲတစ်ခုပါ။ ဒီပြိုင်ပွဲရဲ့

သမိုင်းကြောင်း နဲ့ စိတ်ဝင်စားဖွယ်ရာ အချက်အလက်များ ကို အတူတူ လေ့လာကြည့်ကြပါစို့။

ပထမဆုံးသော FIFA Club World Championship ကို ၂၀၀၀ ပြည့်နှစ် ဇန်နဝါရီလမှာ ဘရာဇီးလ်နိုင်ငံ၌ စတင်ကျင်းပခဲ့ပြီး အသင်း ၈ သင်း ပါဝင်ခဲ့ပါတယ်။

အဲ့အချိန်တုန်းက Corinthians အသင်းက ဗိုလ်စွဲခဲ့ပါတယ်။

FIFA club world cup winners 2000 - Corinthians (Brazil)
FIFA club world cup winners 2000 - Corinthians (Brazil)

ဒီပြိုင်ပွဲမှာ Manchester United အသင်း ပါဝင်ခဲ့ခြင်းကတော့ အင်္ဂလန်မှာ အငြင်းပွားဖွယ်ရာများ ဖြစ်ပေါ်စေခဲ့ပြီး ပရိသတ်များရဲ့ ဝေဖန်မှု ကို ခံခဲ့ရပါတယ်။ အကြောင်းကတော့ သူတို့ဟာ FA Cup ကို စွန့်လွှတ်ခဲ့ရတာကြောင့်ပဲ ဖြစ်ပါတယ်။

ပြန်လည်စတင်ခြင်းနဲ့ ထူးခြားသောမှတ်တိုင်များ

FIFA ရဲ့ စျေးကွက်ရှာဖွေရေး မိတ်ဖက်ဖြစ်တဲ့ ISL (International Sport and Leisure) ပြိုလဲမှုကြောင့် ၂၀၀၁ ခုနှစ်မှ ၂၀၀၄ ခုနှစ်အထိ

လေးနှစ်ကြာ ပြိုင်ပွဲကို ရပ်နားခဲ့ရပါတယ်။ ဒါပေမဲ့ ၂၀၀၅ ခုနှစ်မှာတော့ ဂျပန်နိုင်ငံ မှာ ပြိုင်ပွဲကို နှစ်စဉ်ကျင်းပသည့် ပုံစံအတိုင်း

အသင်း ၆ သင်းဖြင့် ပြန်လည်စတင်ခဲ့ပါတယ်။

အာဖရိကနဲ့ အာရှရဲ့ အောင်မြင်မှုများ

ဒီပြိုင်ပွဲသမိုင်းမှာ ထူးခြားတဲ့ မှတ်တိုင်တွေလည်း ရှိခဲ့ပါတယ်။ ၂၀၁၀ ပြည့်နှစ်မှာ ကွန်ဂိုနိုင်ငံမှ TP Mazembe အသင်းဟာ ဗိုလ်လုပွဲသို့ ရောက်ရှိလာသည့် ပထမဆုံး အာဖရိကအသင်း ဖြစ်လာခဲ့ပါတယ်။ ဒါ့အပြင် ၂၀၁၆ ခုနှစ်မှာ ဂျပန်နိုင်ငံမှ Kashima Antlers အသင်းဟာလည်း ပထမဆုံး အာရှကလပ်အသင်းအဖြစ် ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့ပါတယ်။

ပြောင်းလဲလာတဲ့ ပြိုင်ပွဲပုံစံနဲ့ လွှမ်းမိုးမှုများ

၂၀၂၁ ခုနှစ်မှာ တရုတ်နိုင်ငံ၌ အသင်း ၂၁ သင်းပါဝင်မည့် ပုံစံသစ်ဖြင့် ကျင်းပရန် စီစဉ်ခဲ့ပေမယ့် တရုတ်နိုင်ငံရဲ့ COVID-19 မူဝါဒများ ကြောင့်

ရွှေ့ဆိုင်းခဲ့ရပါတယ်။ အခုတော့ FIFA ဟာ ၂၀၂၅ ခုနှစ်အတွက် သိသိသာသာ ချဲ့ထွင်ထားတဲ့ ၃၂ သင်းပါဝင်သည့် ပြိုင်ပွဲပုံစံသစ် ကို မိတ်ဆက်ခဲ့ပါတယ်။

World Cup (ကမ္ဘာ့ဖလား) အရွယ်အစား၊ ဖွဲ့စည်းပုံနှင့် ဆင်တူတဲ့အတွက် ကလပ်ဘောလုံးလောက မှာ ခေတ်သစ် တစ်ရပ်ကို ဖွင့်လှစ်လိုက်တာပဲ ဖြစ်ပါတယ်။

FIFA club world cup winners 2022 - Real Madrid (Spain)
FIFA club world cup winners 2022 - Real Madrid (Spain)

ဗိုလ်စွဲမှုစံချိန်များနဲ့ ကွန်ဖက်ဒရေးရှင်းများရဲ့ လွှမ်းမိုးမှု

ကလပ်ကမ္ဘာ့ဖလားရဲ့ သမိုင်းတစ်လျှောက် ဗိုလ်စွဲမှုစံချိန်တွေအရ Real Madrid အသင်းဟာ ဗိုလ်စွဲမှု အများဆုံးဖြစ်ပြီး ၅ ကြိမ် (၂၀၁၄၊ ၂၀၁၆-၁၈၊ ၂၀၂၂) ရရှိထားပါတယ်။ Barcelona အသင်းကတော့ ၃ ကြိမ် (၂၀၀၉၊ ၂၀၁၁၊ ၂၀၁၅) ဖြင့် ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။

ကွန်ဖက်ဒရေးရှင်းအလိုက် ဗိုလ်စွဲမှုတွေကို ကြည့်မယ်ဆိုရင် UEFA (ဥရောပ) ကလပ်အသင်းတွေက ၁၆ ကြိမ်ဖြင့် ဗိုလ်စွဲမှုမှာ လွှမ်းမိုးထားတာကို တွေ့ရပါတယ်။

CONMEBOL (တောင်အမေရိက) ကလပ်အသင်းများကတော့ ၄ ကြိမ် ရရှိထားပြီး ကျန်ကွန်ဖက်ဒရေးရှင်းတွေက အသင်းတွေကတော့ ဗိုလ်စွဲဖူးခြင်း မရှိသေးပါဘူး။ ဒီအချက်အလက်တွေက ကမ္ဘာ့ကလပ်ဘောလုံးလောကရဲ့ အင်အားချိန်ခွင်လျှာကို ထင်ဟပ်ပြသနေပါတယ်။

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနပ်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

We are always ready to help you!

write to our team myanmar_info@1xbet-team.com

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနပ်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

1xbet ရဲ့ ကတ်စတန်မာများ အားလုံးပဲ ကံကောင်းကြပါစေ ခင်ဗျ။

မှတ်ချက်။ အသက် (၁၈) နှစ် ပြည့်ပြီးသူများသာ ကစားခွင့် ရနိုင်ပါသည်။

စိတ်ဝင်စားစရာ ပရိုမိုးရှင်း အစီအစဥ်တွေကို နေ့စဥ်မလွတ်တမ်း သိရှိနိုင်အောင် ညာဘက်အောက်က

အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။

Leave A Comment