Erik Ten Hag ရဲ့ ပထမဆုံး ယူနိုက်တက် အင်တာဗျူး
မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး Erik Ten Hag ရဲ့ ပြောကြားချက်
Erik Ten Hag [ အဲရစ် တန်ဟက် ] ကို မန်ချက်စတာ ယူနိုက်တက်နည်းပြအဖြစ် ခန့်အပ်ကြောင်း ပြီးခဲ့တဲ့လက အတည်ပြုပြီးနောက် ပထမဆုံးအကြိမ် မီဒီယာတွေကို တွေ့ဆုံ ရှင်းလင်းခဲ့တာ ဖြစ်ပါတယ်။
နည်းပြ အဲရစ် တန်ဟက်ဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်တုန်းက ဟော်လန်လိဂ်မှာ အေဂျက်အသင်းနဲ့ အမှတ်ပေး ချန်ပီယံဖလား ရယူပြီးကတည်းက အိုးလ်ထရက်ဖို့ဒ်မှာ သူ့ရဲ့ တာဝန်တွေကို အာရုံစိုက်နေခဲ့ပါတယ်။ တနင်္ဂနွေနေ့က ယူနိုက်တက်အသင်းရဲ့ ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ ပရီးမီးယားလိဂ်ရာသီ နောက်ဆုံးပွဲစဥ်ကို လာရောက် ကြည့်ရှုခဲ့ပါတယ်။
1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့
Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။
ဆိုတော့ မန်ချက်စတာ ယူနိုက်တက် မန်နေဂျာအဖြစ် သူ့ရဲ့ ပထမဆုံး မီဒီယာနဲ့ တွေ့ဆုံမှုမှာ တန်ဟက် ဘာပြောခဲ့သလဲ?
ခရစ္စတီယာနို ရော်နယ်ဒိုက သူ့ရဲ့ အစီအစဉ်တွေနဲ့ ကိုက်ညီပါတယ်။
သရဲနီ အသင်းရဲ့ ဂိုးသွင်းဘုရင်ဟာ နောက်နှစ်နည်းပြ တန်ဟက်ရဲ့ လက်အောက်မှာ အများကြီး ကစားနိုင်မလား ဆိုတဲ့ ကိစ္စ နဲ့ ပတ်သက်ပြီး ငြင်းခုံ မှုတွေ အများအပြား ရှိခဲ့ပေမယ့် ပေါ်တူဂီသားက အသင်းကို ဘယ်လောက်ထိ ဦးဆောင်ခဲ့လဲဆိုတာနဲ့ ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း ပြောကြားခဲ့ပါတယ်။
တိုက်စစ်မှူး ရော်နယ်ဒိုဟာ သူ့ရဲ့ လက်ရှိအသင်းနဲ့ အောင်မြင်မှု မရရှိမှုအပေါ် ဝေဖန်ခံခဲ့ရပေမယ့် Ten Hag ကတော့ တိုက်စစ်မှူးကို လေးစားမှုရှိပြီး သူနဲ့အတူ လက်တွဲခွင့်ရတာ နှစ်သက်နေကြောင်း သိရပါတယ်။ အိုးထရက်ဖို့ဒ်မှာ ရော်နယ်ဒိုရဲ့ အနာဂတ်အကြောင်း မေးတဲ့အခါ နည်းပြ Ten Hag က အခုလို ပြောပါတယ်။
“ ရော်နယ်ဒိုလား? ဒါပေါ့ ဂိုးတွေသွင်းဖို့ လိုအပ်တယ်လေ။ ပထမဆုံးသူ့ကို အသင်းအတွက် နေရာချသွားမှာ။ “
ဟယ်ရီမက်ဂွိုင်းယားရဲ့ အသင်းခေါင်းဆောင် အာမခံချက်
ကလပ်အသင်းခေါင်းဆောင်ဟာ ပြီးခဲ့တဲ့ ရာသီမှာတုန်းက အကောင်းဆုံးပုံစံ မရရှိခဲ့တဲ့အတွက် ဝေဖန်ခံခဲ့ရပြီး နည်းပြဟောင်း ရာ့ဖ်ရန့်ဂနစ်ရဲ့ ယာယီနည်းပြသက်တမ်းအတွင်း တခါတလေ အသင်းကနေ ချန်လှပ်ခံခဲ့ရပါတယ်။ ပရိတ်သတ် တော်တော်များများက အင်္ဂလန် လက်ရွေးစင် ကစားသမားကို သူ့ရဲ့ အသင်းခေါင်းဆောင်ရာထူးကနေ ထုတ်ပယ်ဖို့ တောင်းဆိုခဲ့ကြပြီး ဒီအကြောင်းအရာကတော့ နည်းပြသစ် တန်ဟက်ရဲ့ ရာထူးသက်တမ်းနောက်ပိုင်းမှာ ပြုလုပ်မယ့် ဆုံးဖြတ်ချက် ဖြစ်ပါလိမ့်မယ်။
ဒါနဲ့ ပတ်သက်ပြီး တန်ဟက်က
” နောက်ရာသီက ခြားနားတဲ့ရာသီတစ်ခုဖြစ်မှာပါ။ ပြီးတော့ နောက်ခံလူက ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေ ရှိပြီး ထူးချွန်တဲ့ကစားသမားတစ်ယောက်ပါ။ သူက မန်ချက်စတာယူနိုက်တက်အသင်းကို ပံ့ပိုးကူညီမှုတွေနဲ့ အများကြီးအောင်မြင်ခဲ့ပါတယ်။ သူနဲ့လက်တွဲဖို့ ကျွန်တော်မျှော်လင့်နေပါတယ်။ ” လို့ လက်စတာကစားသမားဟောင်းအပေါ် မှတ်ချက်ပြု ပြောကြားခဲ့ပါတယ်။
ဒွန်နီ ဗန်ဒီဘစ်ခ်နဲ့ ပြန်လက်တွဲရမှာ စိတ်လှုပ်ရှားနေပါတယ်။
ဗန်ဒီဘီခ်က မန်ချက်စတာယူနိုက်တက်မှာ မေ့လျော့ခံ ကစားသမားတစ်ဦးဖြစ်ပြီး အခုရာသီ ဒုတိယနှစ်ဝက်ကို အဲဗာတန်အသင်းမှာ အငှားကစားသမားဘဝနဲ့ ကုန်ဆုံးခဲ့ရပါတယ်။ အေဂျက်နည်းပြဟောင်း တန်ဟက်က ဗန်ဒီဘီခ်ရဲ့ မန်ချက်စတာ ယူနိုက်တက်ကစားသမားဘဝကို ပြန်လည်အသက်သွင်းနိုင်ပြီး အေဂျက်စ်မှာတုန်းက ကစားခဲ့တဲ့အတိုင်း တဖန်ပြန်လည် လက်တွဲပြီး အောင်မြင်မှုတွေကို ပျော်ပျော်ရွှင်ရွှင် ရယူနိုင်မယ်လို့ ယုံကြည်နေပါတယ်။
ကွင်းလယ်ကစားသမားနဲ့ ပတ်သက်ပြီး
“ အဲဒီတုန်းက ကျွန်တော်တို့ Ajax [ အေဂျက်အသင်း ] မှာ အရမ်းကောင်းတဲ့ ကစားသမားတွေရှိခဲ့ပြီး သူနဲ့ ကျွန်တော်က ကောင်းမွန်တဲ့ ဆက်ဆံရေးတွေ ရှိခဲ့ပါတယ်။ ဟုတ်ပါတယ်။ သူ့ကို ကျွန်တော်တို့ အသင်းနဲ့အတူ ကွင်းထဲမှာ ပြန်တွေ့ဖို့ မျှော်လင့်နေပါတယ်။ ” လို့ တန်ဟက်က ဆက်လက်ပြောကြားခဲ့ပါတယ်။
ယူနိုက်တက်အသင်းအပေါ် တန်ဟက်ရဲ့ အာရုံစူးစိုက်မှု
နယ်သာလန်သား နည်းပြရောက်လာခဲ့ပြီးနောက် ရန့်ဂနစ်နဲ့ တန်ဟက်တို့ ဘယ်လောက်ထိ နီးနီးကပ်ကပ် အလုပ်လုပ်ကြမယ်ဆိုတာကို လူအများက ပြောဆိုနေကြပေမယ့် နည်းပြက သူ့မှာ အသင်းနဲ့ပတ်သက်ပြီး ကိုယ်ပိုင် စိတ်ကူးစိတ်သန်းတွေ ရှိတယ်လို့ ရှင်းရှင်းလင်းလင်း ပြောကြားခဲ့ပါတယ်။ အဲရစ်တန်ဟက်က သူဟာ အတိုင်ပင်ခံအဖြစ် အကြံပေးဖို့ ကလပ်က ထွက်ခွာမယ်လို့ ပြောကြားခဲ့ပေမယ့် သူ့ရဲ့ အာရုံစိုက်မှုဟာ သူ့ကိုယ်သူ နဲ့ သူဦးဆောင်နေတဲ့ အသင်းကိုသာ အာရုံစိုက်နေခြင်း ဖြစ်ပါတယ်။
“ ကျွန်တော့်ရဲ့ အာရုံစူးစိုက်မှုက ကလပ်ထဲမှာပဲ ရှိတယ်။ ဒါက ကျွန်တော့်ရဲ့ ခွဲခြမ်းစိတ်ဖြာမှု တစ်စိတ်တစ်ပိုင်းပါ။ ကိုယ့်ကိုယ်ကိုယ် ခွဲခြမ်းစိတ်ဖြာပြီး စောင့်ကြည့်တယ်၊ လူတော်တော်များများနဲ့ စကားပြောတယ်။ ဒါပေမယ့် နောက်ဆုံးမှာတော့ ကိုယ့်အသင်းပုံစံကို ကိုယ်တိုင်ပဲ ဖွဲ့စည်းတည်ဆောက်သွားမှာပါ။ ” လို့ ပြောသွားခဲ့ပါတယ်။
အသင်းရဲ့ အပြောင်းအရွှေ့ အစီအစဥ်
မန်နေဂျာအများစုရဲ့ ပထမဆုံး သတင်းစာရှင်းလင်းပွဲတွေ ဖြစ်တဲ့အတွက် နည်းပြ တန်ဟက်ဟာ နွေရာသီအပြောင်းအရွှေ့ဈေးကွက်မှာ မျှော်လင့်ရမယ့် အရာတွေနဲ့ ပတ်သက်ပြီး များများစားစား ထုတ်ပြောခဲ့ခြင်း မရှိသေးပါ။ အသက် ၅၂ နှစ်အရွယ် နည်းပြက သူ့အနေနဲ့ ဆုံးဖြတ်ချက်တွေ မချခင် အရင်ဆုံး အသင်းကို စိစစ်ပြီး ကစားသမားတွေရဲ့ မှတ်တမ်းဟောင်းတွေကိုပါ ထည့်သွင်းစဥ်းစားမယ်လို့ ပြောကြားသွားခဲ့ပါတယ်။
“ ကျွန်တော်က ခွဲခြမ်းစိတ်ဖြာမှု လုပ်နေတုန်းပါပဲ၊ ကျွန်တော် ဒီကစားသမားတွေနဲ့ လက်တွဲဖို့ မျှော်လင့်နေပါတယ်။ အရင်တစ်ရာသီကျော်က ဒီအသင်းဟာ ပရီးမီးယားလိဂ်မှာ ဒုတိယဖြစ်တာကြောင့် ကြီးမားတဲ့ အလားအလာရှိပါတယ်။ “ လို့ အဲရစ် တန်ဟက်က ထပ်ဆောင်း ပြောကြားခဲ့ပါတယ်။
စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က
အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။